မြ၀တီ-ဝေါ်လေကားလမ်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ၊ လက်နက်များလည်း သိမ်းဆည်းရမိ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီ-ဝေါ်လေကားလမ်းတွင် တိုက်ပွဲများ ဆက် တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ၊ လက်နက်များလည်း သိမ်းဆည်းရမိကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ် ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂)သည် မြဝတီ-ဝေါ်လေ ကားလမ်းမ ပေါ်ရှိ ဘုရားကုန်းသို့ ယနေ့ ဩဂုတ် ၁၉ ရက်နေ့ နံနက် ၃ နာရီ ၃၅ မိနစ် အချိန် ကျူးကျော်သိမ်းပိုက်ရန် ကြိုးစားခဲ့သဖြင့် တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်မြေပြင် သတင်းအတည် ပြုချက်အရ ၎င်းတိုက်ပွဲ အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်မှ (၆) ဦး သေဆုံးပြီး၊ (၂၁) ဦး အပြင်း အထန် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား စစ်သုံ့ပန်း ၂ ဦးကို အရှင် ဖမ်းဆီး ရမိပြီး MA (1)သေနတ် တစ်လက်၊ MA (2) သေနတ် (၁)လက်၊ ကျည်ကာ စစ်ခမောက် (၂) လုံး၊ RPG ဗုံးသီး (၂)လုံး၊ RPG ပို့ယမ်း (၂)တောင့်၊ ကျည်ကာ အီကွေ့မန့် (၂) ခု၊ ၅.၅၆ ကျည် (၁၀၀၀) တောင့်၊ ကျည်ဘောက် (၇)ခု၊ ၄၀ မမ ဗုံးသီး (၆) လုံး၊ ၆၀ မမ ဗုံးသီး (၄)လုံး အား သိမ်းဆည်းရမိခဲ့ကြောင်း၊ အရှင် ဖမ်းဆီး ရမိသော စစ်ကောင်စီ တပ်သား ၂ ဦးမှာ ဒုတပ်ကြပ် ထင်ကျော် ၊နှင့် တပ်သားမင်းသူ၊ တို့ဖြစ်ကြောင်း၊ ဂျီနီဗာကွန်ဗားရှင်းနှင့် ပြည်သူ့ကာ ကွယ်ရေးတပ် မတော်မှ ချမှတ်ထားသော စစ်သုံ့ပန်း စည်းမျဉ်း ဥပဒေများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရှိရသည်။

ယနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီက တိုက်ခိုက်ရေး တပ်ရင်းများ၊ လက်ရုံးတပ်ဖွဲ့များဖြင့် အင်အားတိုးချဲ့ကာ ထပ်မံစုဖွဲ့ ပြင်ဆင်ပြီး စစ်မျက်နှာ လေးခု ထက် မနည်း ဖွင့်ကာ လက်နက်ကြီး၊ လက်နက်ငယ်များ ပုံအော ပစ်ခတ်ပြီး ကျူးကျော် ထိုးစစ် ပြန်လည် စတင်ခဲ့ကြောင်း၊ တစ်နေ့တာလုံး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ယခု သတင်းထုတ်ပြန်သည့် ညနေ (၇) နာရီ အချိန်အထိ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီမှ တိုက်လေယာဉ်များ၊ ၁၂၂ မမ ဟောက်ဝင်ဇာ အမြှောက်များ၊ ၆၀ မမ၊ ၈၁ မမ အမြှောက်များ အ ပြင် အတွဲလိုက်စနစ်သုံး ဒုံး MLRS များ အသုံးပြု၍ သည်းထန်စွာ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

လေကြောင်းတိုက်ခိုက်မှုများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ မှော်ဘီ လေတပ်စခန်းမှ Yak – 130 အမျိုးအစား လေယာဉ်ဖြင့် မြဝတီ – ဝေါ်လေ ကားလမ်းမအနီး သို့ ယမန်နေ့ည (ဩဂုတ် ၁၈) ည (၁၁)နာရီ (၅၈) မိနစ် ခန့်တွင် ဗုံး (၃) လုံးဖြင့် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းလေ ကြောင်းတိုက်ခိုက်မှုတွင် ကော်ဘရာစစ်သည်တော်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်‌ရာ မရှိခဲ့ကြောင်း၊ ထို့အတူ မှော်ဘီ လေတပ်အခြေစိုက်စ ခန်းမှ Yak (130) လေယာဉ် နှစ်စီးဖြင့် ယနေ့ (ဩဂုတ် ၁၉) နံနက် (၁၀) နာရီခန့်တွင် လည်းကောင်း၊ ယနေ့ နေ့လည် (၃)နာရီခန့်တွင် လည်း ကောင်း ရင်ဆိုင် တိုက်ပွဲဖြစ်ပွားနေသော နေရာများအား ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s