လက်ပံတောင်းတောင်ဒေသ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ် ချီတက် ဆန္ဒပြ




khit thit
khit thit
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးဇုန်ကို စစ်ကောင်စီမှ ယနေ့ဩဂုတ်လ ၁၉ရက်နေ့ နံနက် ၆နာရီမှ စတင်ပြီး ပြန်လည်ဖွင့်ပေးလိုက်ကြောင်း သိရသည်။
ပြန်လည်ဖွင့်လှစ်လိုက်သည့် ကုန်သွယ်ရေးဇုန်တွင် စစ်ဆေးမှုတင်းကျပ်နေခြင်းကြောင့် ကုန်ကားအချို့ အချိန်နှောင့်နှေးကြန့်ကြာမှုများ ရှိနေသည်။
“ဟုတ်ပါတယ် ဒီနေ့နံနက်မှာ ဇုန်ပြန်ဖွင့်ပါတယ်၊ အစစ်အဆေးနည်းနည်းကျပ်တော့ ကားကျပ်သလိုတော့ဖြစ်ပါတယ်၊ မနေ့က ပိတ်လိုက်တော့ ဒီနေ့ကားများတာလည်းပါတာပေါ့ ၊ အားလုံးကတော့ ပုံမှန်အတိုင်းပါပဲ၊ မနေ့က သူတို့(စစ်ကောင်စီ)က အားချင်းပိတ်ခိုင်းတာ ဝန်ထမ်းတွေလည်း ပြန်ခိုင်းတယ်လေ၊ ဒီနေ့တော့ ဇုန်ထဲက ကာစတန်မိသားစုတွေ မြဝတီကို ပြောင်းခိုင်းလို့ ပြောင်းသွားကြတယ်၊ အေဂျင်းအချို့တော့ မလာကျဘူး ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးမှပြောသည်။
ဩဂုတ်လ ၁၈ရက်နေ့တွင် မြဝတီမြို့နှင့် ကော့ကရိတ်အနီးတစ်ဝိုက်တို့တွင် စစ်ကောင်စီနှင့် KNLA, PDFတို့ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် နေ့လယ် ၁နာရီ၌ အဆိုပါ ကုန်သွယ်ရေးဇုန်ကို စစ်ကောင်စီမှ ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။
အလားတူ မြဝတီ-အာရှကားလမ်းကြီးလည်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ညနေ ၆နာရီမှ နံနက် ၆နာရီ အထိ သွားလာခွင့် ပိတ်ပင်ထားသည်။ ထို့အပြင် ကော့ကရိတ်မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဩဂုတ်လ ၁၈ရက်နေ့ နေ့လယ်ပိုင်းမှ စတင်ကာ မြို့အဝင်၊ အထွက်များကို စစ်ကောင်စီမှ ပိတ်ပင်လိုက်ကြောင်းသိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၈ရက်နေ့မှ စတင်ပြီး၊ မြဝတီ အာရှကားလမ်းမကြီး ကွမ်းခြံကုန်းကွေ့နှင့် မြဝတီ-ကော့ကရိတ် လမ်းဟောင်း အောက်ဗိုလ်တဲ တောင်သုံးလုံးရှိ နယ်ခြားစောင့်တပ်(BGF)စခန်းကို KNLA,PDFပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ပြီး ယနေ့အချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ mizzima
မကွေးတိုင်း မြိုင်မြို့နယ်ရှိ စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသော စီမံကိန်းရုံး မြို့အထွက် စစ်ဆေးရေးဂိတ်နှင့် မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော ဂိတ် ၂ ခုကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက သြဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Earthquake People’s Defence Force တပ်ဖွဲ့မှ သိရသည်။
အကြမ်းဖက် စစ်တပ် ဂိတ် ၂ ခုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်-မြိုင်၊ Royal Defence Force PKU၊ Middle Revolution Task Force-MRTF နှင့် Earthquake People’s Defence Force မှ မြေပြင်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဒရုန်းဖြင့် ဗုန်းကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့များသည် တပ်ပျက်ကာ မြိုင်ပင်မရဲစခန်းအထိ ထွက်ပြေးသွား သောကြောင့် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။
” ကျွန်တော်တို့ ဒီမစ်ရှင်ကို အဓိကလုပ်ရတဲ့ ရည်ရွယ်ချက်က စစ်ကောင်စီဘက်က ဒီလောက်စစ်ကြောင်းထိုးနေတဲ့ကြားက ကျွန်တော်တို့တွေဟာ မြို့ပြအထိ ဝင်ရောက်တိုက်ခိုက်နိုင်တယ်။ ပြည်သူတွေအတွက် အမြဲရှိနေတဲ့အကြောင်းကို ပြချင်တာရယ်၊ မဟာမိတ်အဖွဲ့တွေ စည်းစည်း လုံးလုံးနဲ့ တက်ညီလက်ညီတိုက်ခိုက်မယ်ဆိုရင် မြို့သိမ်းတိုက်ပွဲဆိုတာ မကြာခင်ဖြစ်လာမယ်ဆိုတဲ့အကြောင်းကို သိစေချင်တာပါ” ဟု Earthquake People’s Defence Force သတင်းပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေးရာတာဝန်ခံ ကိုပိန်ကပြောဆိုသည်။ khit thit
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဒီမိုကရေစီအရေး သပိတ်လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေတဲ့ အခြေခံပညာကျောင်းသ ားတွေက သပိတ်ကော်မတီကို စတင်ဖွဲ့စည်းလိုက်တယ်လို့ ဩဂုတ် ၁၈ ရက်နေ့က ကြေညာလိုက်ပါတယ်။
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက် လက်နက်မဲ့ လူထုသပိတ်တိုက်ပွဲကို တော်လှန်ရေးတိုက်ပွဲနည်းနာတရပ်အဖြစ် ကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
“အရင်ဦးဆောင်တဲ့သူတွေ မရှိတဲ့နောက်ပိုင်း အခြေခံပညာကျောင်းသားများသပိတ်ဟာ ခေတ္တပျောက်ကွယ်သွားပါတယ်။ အဲဒါကြောင့် အခု မြေပြင်မှာ လှုပ်ရှားနေတဲ့ ကျောင်းသားများအနေနဲ့ သပိတ်ကို ပြန်လည်အကောင်အထည်ဖော်ဖို့ ကော်မတီကို ပြန်လည်ဖွဲ့စည်းလိုက်ရတယ်” လို့ တာဝန်ရှိသူက ပြောပါတယ်။
အခုလှုပ်ရှားနေတဲ့သူတွေက အရင် လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများ သမဂ္ဂရဲ့ သပိတ်ကော်မတီမှာ ပါဝင်ဖူးတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ရဲ့ အဖွဲ့ဝင်အင် အားစုအဖြစ် ရပ်တည်ပြီး လူထုသပိတ်တိုက်ပွဲတွေမှာ ဦးဆောင်ပါဝင် တိုက်ပွဲဝင်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ DVB
စစ်ကိုင်းတံတားပေါ်တွင် သြဂုတ်လ ၁၇ရက်နေ့၌ ဖြစ်ပွားခဲ့သောဖြစ်စဥ်နှင့် ပတ်သက်၍ “အာကာသ”ယာဥ်မောင်း၏ သတင်းပေးမှုကြောင့် PDF ရဲဘော် သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ “အာကာသ”ယာဥ်မောင်းသူနှင့် သက်ဆိုင်မှုရှိသော “အာကာသ”ယာဥ်လိုင်းများအား မန္တလေး-ပျော်ဘွယ်လမ်းပိုင်းအတွင်း ဖြတ်သန်းသွားလာသည်ကိုတွေ့ရှိပါက သုတ်သင်ရှင်းလင်းသွားမည်ဟု ထုတ်ပြန်ထားသည်။
“လက်ရှိက ကျွန်တော်တို့က ယာဥ်မောင်းကတော့တည်နေရာက စုံစမ်းဆဲပါ၊သူတို့ဂိတ်တွေက မန္တလေးနဲ့ပျော်ဘွယ်မှာ ဂိတ်ရှိမယ်၊ ရန်ကုန်ရှိမယ်၊မန္တလေးကနေ ပျော်ဘွယ်ဘက်ကို အဲ့ယာဥ်လာရင် သုတ်သင်ဖို့ပါပဲ၊ မိဘပြည်သူတွေကိုလည်း အဲ့ယာဥ်ကို အသုံးမပြုဖို့ တားမြစ်ပါတယ်၊ အာကာသယာဥ်ဆိုတာနဲ့ စစ်ဆေးနေမှာမဟုတ်ပါဘူး၊ အရှင်ကျန်တဲ့သူကို ကျွန်တော်တို့အစဖော်သွားမယ်ဗျ၊ Driver ကျန်ရင်လည်း ကားပိုင် ရှင်ထိရောက်အောင် စုံစမ်းသုတ်သင်သွားမှာပါ”ဟု ဝမ်းတွင်း WPDF ခေါင်းဆောင် ဗိုလ်တောက်က ပြောသည်။
မိဘပြည်သူများအနေနှင့်လည်း “အာကာသ”ယာဥ်ဖြင့် ခရီးသွားလာခြင်းအား ရှောင်ရှားကြရန်နှင့် ယခုလုပ်ဆောင်ချက်အောင်မြင်ရန် မိဘပြည်သူများမှ ဝိုင်းဝန်းကူညီပေးကျရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။
သြဂုတ်လ ၁၇ ရက်နေ့ မနက် ၈နာရီ ၁၇မိနစ်အချိန်တွင် ရတနာပုံတံတားပေါ်တွင် စစ်ကောင်စီတပ်နှင့် ‘အာကာသ’ ယာဥ်ပေါ်လိုက်ပါလာသော PDF အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကိုးနှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာ ရရှိခဲ့သည်။ mizzima
စစ်ကောင်စီက ထုတ်တဲ့ လျှို့ဝှက်စာတွေမှာ တိုင်းနဲ့ ပြည်နယ်အလိုက် လုံခြုံ ရေးကုတ်တွေ ၊ ဝန်ကြီးဌာန ရုံးအမှတ်တွေ ထည့်သွင်းလေ့ရှိပါတယ်။ အဲဒီ စာလုံးလေးတွေက အတော်ကို သေးလွန်းပြီး သေချာကြည့်မှ မြင်ရပါတယ်။ ရုံးစည်းတံဆိပ်တွေ၊ ညွှန်ကြားစာတွေ ၊ ရုံးလက်မှတ်ထိုးသူ အရာရှိတွေက ပုံစံမျိုးစုံနဲ့ အမှတ်အသားပြုလုပ်ကြတာလည်းဖြစ်ပါတယ်။
အခုနောက်ပိုင်း နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီက ညွှန်ကြားတဲ့ စာတိုင်းမှာ ပြည်နယ်/တိုင်းအတွက် လုံခြုံရေးကုတ် နံပါတ်တွေ ထည့်သွင်းပြီးမှ ပေးပို့လေ့ရှိပါတယ်။ လျှို့ဝှက်စာတွေရော၊ မလျှို့ဝှက်တဲ့စာတွေရောမှာပါ လုံခြုံရေး ကုတ်နံပါတ်တွေ ထည့်သွင်းထားတာလည်းဖြစ်ပါတယ်။
ရုံးစာအမှတ်တွေမှာလည်း လျှို့ဝှက် နံပါတ်တွေ ထည့်သွင်း လေ့ရှိပါတယ်။ လုံခြုံရေး အဆင့်အဆန်းကိုလိုက်ပြီး အသုံးပြုတဲ့ လျှို့ဝှက်စာကုတ်တွေ၊ နံပါတ်တွေ၊ အမှတ်အသား၊ အသုံးအနှုန်းတွေ များစွာ ရှိ နေသေးပေမယ့်လည်း ရုံးစာအမှတ်နဲ့ ပြည်နယ်/တိုင်း လုံခြုံရေး ကုတ်နံပါတ်ကိုတော့ ရုံးစာနဲ့ ညွှန်ကြားစာတွေအားလုံး မှာ အများဆုံးသုံးပါတယ်။
အခုနောက်ဆုံး စစ်ကောင်စီရဲ့ အတွင်းရေးမှူး အောင်လင်းဒွေးက ရုံးစာတွေ လျှို့ဝှက်စာတွေ ပေါက်ကြားရင် ဌာနတစ်ခုလုံးကို အရေးယူမယ်၊ ဖရဲသီးတွေကို အရေးယူထောင်ချမယ်၊ မဖော်တဲ့သူတွေကို စစ်ကြောရေး ပို့မယ့်ဆိုပြီး ခြိမ်းခြောက်လာပါတယ်။
နေပြည်တော်အတွင်းမှာ ရှိနေတဲ့ ဖရဲသီးတွေဟာ အလွှာပေါင်းစုံမှာရှိနေတာပါ။ အဆုံးစွန် စစ်တပ်ရဲ့ ထိပ်တန်းအရာရှိ ကြီးတွေမှာပါ မင်းအောင်လှိုင်ကို မကျေ နပ် တဲ့သူတွေ ရှိလာနေပါတယ်။
အဓိကကတော့ မဲလိမ်မဲခိုးလို့ အာဏာထိန်း တယ်လို့ ဘယ်လိုပဲ မင်းအောင် လှိုင်က ပြောဆိုပေနေပေမယ့် အာဏာသိမ်းကာလ ၁၈ လကျော်ကြာလာတဲ့အခါ ဒါတွေဟာ မင်းအောင်လှိုင်ရဲ့ အလိမ်အညာတွေဆိုတာ စစ်တပ် ထိပ်ပိုင်း ဒုတိယတန်း ဗိုလ်ချုပ်တွေကိုယ်တိုင် သိလာကြပါပြီ။
စစ်တပ်ရဲ့ စီမံကိန်း ဆောက်လုပ်ရေး ပရောဂျက်တွေ၊ လက်နက်စက်ရုံ တည် ဆောက်တာတွေမှာ မင်းအောင်လှိုင် မိသားစု၊ ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးမိသားစုတွေကပဲ ချုပ်ကိုင်ထားပြီး လုပ်ကိုင်နေကြတာပါ။ အခုနောက်ဆုံး စက်သုံးဆီ တင်သွင်းမှု လုပ်ငန်းတွေကစလို့ စီးပွားရေးလုပ်ငန်းအားလုံးကို လက်ချိုးရေလို့ရတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ မိသားစု အသိုင်းအ၀ိုင်းကပဲ ထိန်းချုပ် လုပ် ကိုင်လာပါတယ်။
နိုင်ငံပိုင် မြေကွက်တွေ၊ စက်ရုံတွေကို အာဏာသိမ်း ၁၈ လကျော်ကြာကာလအတွင်း မင်းအောင်လှိုင်နဲ့ထိပ်ပိုင်းခေါင်းဆောင် မိသားစုတွေရဲ့ အမျိုးအဆွေနဲ့ မိတ်ဆွေ သူငယ်ချင်းတွေဆီ အလျှင်အမြန် လွှဲပြောင်းခဲ့ တာတွေလည်း အများအပြား ရှိလာပါတယ်။
နေပြည်တော်ရဲ့ ဒုတိယတန်း စစ်ခေါင်းဆောင်တွေ ကိုယ်တိုင် မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အာဏာ ထိန်းတယ်ဆိုတာဟာ အလိမ်အညာနဲ့ သူတို့ ထိပ်ပိုင်း အုပ်စုတစ်ခုတည်းရဲ့ အကျိုးစီးပွားအတွက် အာဏာသိမ်းခဲ့ တယ်ဆိုတာ မြင်လာကြပါပြီ။
ရန်ကုန်ခေတ်သစ်ကို ပေါက်ကြားခဲ့တဲ့ လျှို့ဝှက်စာတွေနဲ့ သတင်းတွေမှာ မင်းအောင်လှိုင် မိသားစုနဲ့ပတ်သက်တာတွေ အတော်များများပါလာပါတယ်။ ဒီသတင်းရင်းမြစ်တွေဟာ ဒုတိယတန်း စစ်ခေါင်းဆောင်တချို့ရဲ့ အသိုင်းအ၀ိုင်းတွေဆီက ထွက်ရှိလာတာဖြစ်ပါတယ်။
လက်ရှိမှာ မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အလိမ်အညာစကားတွေအပေါ် စစ်တပ်ရဲ့ ဒုတိယတန်း ခေါင်းဆောင်တွေ မယုံကြတော့ပါဘူး။ ဒါကြောင့်ပဲ ဘယ်လောက် ထိန်းချုပ်အရေးယူမယ်ပြောပြော လျှို့ဝှက် ချက်တွေ ပေါက်ကြားနေတာဖြစ်ပါတယ်။
အာဏာနဲ့ ကိုယ်ကျိုးစီးပွားရေးအတွက် ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်ရပ် ကို အချိန် ကြာလာတာနဲ့အမျှ ဒီလုပ်ရပ်တွေကို ရွံ့ရှာ ဖော်ထုတ်မယ့် စစ်တပ်အရာရှိကြီးတွေ ရှေ့လျှောက် ပိုမိုလို့ များပြားလာဦးမှာဖြစ်ပါတယ်။
မင်းအောင်လှိုင်နဲ့ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ဖရဲသီး နှိမ်နင်းရေးဆိုတာကလည်း ဖြစ်လာဖို့မရှိတဲ့အပြင် ဖရဲသီးတွေရဲ့ အခန်းကဏ္ဍနဲ့ အရေအတွက် ပိုလို့တောင် ကြီးထွားများပြား လာဖို့ပဲရှိနေပါတယ်။
ဓာတ်ပုံ-စစ်ကောင်စီရုံးဝန်ကြီးဌာန၏ ကုတ်နံပါတ် 18 ထည့်သွင်းထားတဲ့ စစ်ကောင်စီရုံးရဲ့ လျှို့ဝှက် အမိန့်စာတစ်ခုကို ထုတ်နုတ်တင်ပြထားသည်။ အဆိုပါညွှန်ကြားစာမှ နေပြည်တော် စစ်ကောင်စီရုံးကို ညွှန်ကြားသည့်စာ ဖြစ်သည်။ khit thit
တော်လှန်ပညာရေးကျောင်းတခုဖြစ်တဲ့ မြောင်ပညာရေးကွန်ရက်ကို ဆေးတက္ကသိုလ် မကွေးကျောင်းသားများသမဂ္ဂကနေ ငွေကျပ် ၁၀ သိန်း ၉ သောင်း ၂ ထောင်တန်ဖိုးရှိတဲ့ ပြဋ္ဌာန်းစာအုပ်တွေနဲ့ စာရေးကိရိယာတွေကို ပညာရေးပဒေသာပင်အဖြစ် လှူဒါန်းခဲ့ပါတယ်။
ဒီလှူဒါန်းမှုဟာ တော်လှန်နေရင်းသင်ယူကြမယ့် ကြားကာလပညာသင်ကြားရေးလုပ်ငန်းတွေ လည်ပတ်နိုင်စေဖို့နဲ့ မြောင်မြို့နယ်ပညာရေး တိုးတက်အောင်မြင်စေဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ပြဋ္ဌာန်းစာအုပ်တွေ၊ စာရေးကိရိယာတွေ လှူဒါန်းမှုကို မြောင်မြို့နယ်ရဲ့ ပညာရေးမှာ လိုအပ်နေတဲ့ နေရာတွေအတွက် အသုံးပြုသွားမှာဖြစ်ပြီး မြောင်ပညာရေးကွန်ရက်နဲ့ လက်တွဲပြီးတော့ ပညာရေးကဏ္ဍမှာ ပါဝင်အားဖြည့်ပေးတဲ့ ဆေးတက္ကသိုလ် မကွေးကျောင်းသားများသ မဂ္ဂကိုလည်း အထူးကျေးဇူးတင်တယ်လို့ မြောင်ပညာရေးကွန်ရက်က ထုတ်ပြန်ထားပါတယ်။
မြောင်ပညာရေးကွန်ရက်ကိုတော့ မြောင်နယ်သူနယ်သားတွေနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ် ၁ ရက်က စတင်ကာ ပညာရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ခဲ့တယ်လို့ သိရပါတယ်။
ကြားကာလပညာရေးအတွက် မြောင်ပညာရေးကွန်ရက်နဲ့ လာရောက်ချိတ်ဆက်ထားတဲ့ ကျေးရွာတွေကိုလည်း ကျောင်းတွေဖွင့်လှစ်ပြီး ပညာ သင်ကြားပေးနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကြားကာလပညာရေး လုပ်ငန်းဆောင်တာတွေကို ကွန်ရက်သဖွယ် ချိတ်ဆက်ပြီး မြောင်နယ်ပညာရေးမှာ ပါဝင်အားဖြည့်သွားမှာဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ကာ မြို့နယ်ပညာရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့ ရည် ရွယ်ချက်၊ မူဘောင်၊ လုပ်ငန်းစဥ်နဲ့ ရည်ရွယ်ချက်တွေကို တင်ပြထားတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ ကျောင်းသုံးစာအုပ်တွေနဲ့ ကျောင်းရေရှည်တည်တံ့နိုင်ဖို့အတွက် ပညာရေးလုပ်ငန်း လိုအပ်ချက်တွေ ဖြည့်စွက်ကူညီနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ DVB
khit thit
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ဘက် ကျောက်ဆည်လေးလမ်းပိုင်းတွင် သြဂုတ်လ ၁၇ ရက် ညနေ ၄နာရီ၂၅ မိနစ်အချိန်ခန့်၌ စစ်ကောင်စီယာဥ် ရှစ်စီးအား နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီမှ သြဂုတ်လ ၁၆ ရက်နေ့ ညပိုင်းမှ စတင်ကာ အင်အား၂၀၀ ခန့်ဖြင့် စစ်ကြောင်းလေးကြောင်းခွဲ၍ တောတွင်းမှချီတက်လာပြီးတောတိုက် နှစ်လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး ၁၇ ရက်နေ့ နေ့လယ် ၃ နာရီအချိန်ခန့်တွင် ညောင်ငုတ်တိုကျေးရွာနှင့် ကျောက်ဆည်လေးကျေးရွာကြား၌ စစ်ကောင်စီယာဥ် ရှစ်စီးမှ လာရောက်ခေါ်ဆောင်စဥ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကား ရှစ်စီးနဲ့လာချသွားတာ အင်အား၂၀၀ လောက်ကို၊ ပြီးတော့စစ်ကြောင်း လေးကြောင်းခွဲပြီး နေရာ လေးနေရာလောက်ကို ပတ်မွှေပြီးရှာတာပေါ့၊ သူတို့မထင်တဲ့အိမ်တွေကို မီးရှို့တယ်၊ ပြီးတော့ အထက်ကိုတက်ဖို့ ကားတွေခေါ်ပြီးလာတဲ့အချိန် မိုင်းကွင်းထဲရောက်တော့ ဆွဲလိုက်တာ”ဟု နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဥ် တစ်စီးမှာ လုံးဝပျက်စီးသွားပြီး နေရာတွင်ထားခဲ့ရကာ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီယာဥ်တန်းမှာ မိုင်းဆွဲခံရပြီးနောက် ကျောက်ဆည်လေးကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲခဲ့ပြီး ယခုချိန်ထိကျေးရွာအတွင်း ရှိနေသေးကြောင်း သိရသည်။ mizzima
ရန်ကုန်-အင်းစိန်လမ်းမကြီး၊ ခဝဲခြံမှတ်တိုင်နှင့် ကုလားကျောင်းမှတ်တိုင်အကြား အောင်သိဒ္ဓိလမ်း မီးပွိုင့်တွင် မင်းအောင်လှိုင်ပုံစံတူ တုတ်ထိုးရုပ်ကို စစ်အင်္ကျီဝတ်ပေးပြီး လမ်းလယ်တွင် ချထားခဲ့ရာ ယင်းအရုပ်အောက်တွင် ဗုံး ၂ လုံးပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။
ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် အဆိုပါ မင်းအောင်လှိုင် တုတ်ထိုး အရုပ်ကို ချသွားခြင်းဖြစ်ပြီး ပထမ အသံဗုံးတစ်လုံး ပေါက်ကွဲကြောင်း၊ သို့ရာတွင် ပထမ ပေါက်ကွဲသော ဗုံးမှာ အသံတိုးပြီး ပြင်းထန်မှုမရှိကြောင်း၊ ယင်းနောက် စစ်တပ်က လမ်းပိတ်စစ်ဆေးစဉ် နောက်ထပ် ဗုံးတစ်လုး တွေ့ရှိ၍ ဖောက်ခွဲလိုက်ကြောင်း သိရှိရသည်။
“ပထမ ဗုံးပေါက်တယ်လို့ အနားက လူတွေပြောတယ်။ ကျနော်တို့တော့ မကြားလိုက်ရဘူး။ ဒုတိယ စစ်တပ်က လမ်းပိတ်ပြီး ခွဲတဲ့အချိန်မှာတော့ တော် တော်ကျယ်တယ်။ အသံက ။ အဲဒါပြီးတော့ ဦးရေခဲလမ်း၊ အောင်သိဒ္ဓိလမ်း ဘက်တွေမှာ ပိတ်ပြီး စစ်ဆေးတာတွေ လုပ်နေတာတွေ့တယ်။ ဖုန်းတွေပါ စစ်တာ။ ဗုံးပေါက်မှုက လူထိခိုက်မှုမရှိပါဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။
မရမ်းကုန်းမြို့နယ်၊ အောင်သိဒ္ဓိလမ်း ပတ်ဝန်းကျင်တွင် နေထိုင်သော ဒုသမ္မတဟောင်း၊ ဗိုလ်ချုပ်ဟောင်း သီဟသူရ တင်အောင်မြင့်ဦး အိမ်အနီး ဩဂုတ်လ ၁၇ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွား၍ ကင်းပုန်းများချထားစဉ် ယနေ့ နံနက် ပိုင်း စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit