စစ်ကောင်စီက စေလွှတ်လိုက်သော ထောက် လှမ်းရေးတစ်ဦး မြိုင်-ပခုက္ကူလမ်းပိုင်းတွင် ဖမ်းဆီးရမိပြီး ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး၊ စာရွက်စာတမ်းများတွင် ခလရ ၃၂ မှ ဗိုလ်ဆန်းဝင်းအောင်ဖော်ပြထား

မကွေးတိုင်းတွင် စစ်ကောင်စီက စေလွှတ်လိုက်သော စစ်ထောက်လှမ်း ရေးတစ်ဦးကို ကို မြိုင်-ပခုက္ကူလမ်းပိုင်းတွင် ဖမ်းဆီးရမိပြီး ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ယနေ့ တွင် စစ်ကောင်စီက စေလွှတ်လိုက်သော စစ်ထောက်လှမ်းရေးတစ်ဦးကို ဩဂုတ်လ ၂၀ ရက် ညနေ ၅ နာရီခန့်အချိန်တွင် မြိုင်-ပခုက္ကူလမ်းပိုင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းစစ်ထောက်လှမ်းရေးထံမှ သိမ်းဆည်းရမိသောပစ္စည်းများမှာ စာရွက်စာတမ်းများ၊ Gopro Hero 9 ကင်မရာ (၁)လုံးနှင့် စပ်ဆက်ပစ္စည်းများ၊ 4k video camera (၁)လုံး၊ BOYA M1 မိုက်ကရိုဖုန်း (၁)ခု၊ DJI OM4 (၁)ခု၊ Spy camera glass (၁)ခု၊ Tripod (၁)ခု၊ Gopro Hero 9/10 waterproof (၁)ခု၊ အားသွင်းကြိုးမျိုးစုံ၊ ပိုက်ဆံအိတ် (၁)အိတ်၊ ဖုန်း (၁)လုံး နှင့် ကင်မရာစပ်ဆက်ပစ္စည်းများ သိမ်း ဆည်းရမိခဲ့ကြောင်း သိရှိရသည်။

စာရွက်စာတမ်းများတွင် ကြာအင်းဆိပ်ကြီး၊ အမှတ် ၃၂ ခြေလျင်တပ်ရင်းမှ ဗိုလ်ဆန်းဝင်းအောင်ဆိုသော စာရွက် စာတမ်းများကို ဖမ်းဆီးရိကြောင်း သိရှိရသည်။

ယင်းစစ်ထောက်လှမ်းရေးသည် ပြည်သူ့ကာကွယ်ရေးရဲဘော်များကို ပြန်လည်ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ အသေဖမ်းဆီးမိကြောင်း သတင်းထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s