ဆိပ်ဖြူမြို့နယ် အခြေစိုက် က.ပ.စ ၂၁ ပေါက် ကွဲမှုဖြစ်ပြီး အဆောက်အအုံ ၂ ခု မီးလောင်

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ကာကွယ်ရေးနှင့် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံ က.ပ.စ ၂၁ မှာ သြဂုတ် ၁၄ ရက် ညနေပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားပြီး အဆောက်အအုံ ၂ ခု မီးလောင်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ က ပြောပါတယ်။

“က.ပ.စ ၂၁ မှာ သြဂုတ် ၁၄ ရက် ညနေ ၄ နာရီလောက်မှာ ပေါက်ကွဲသံ တချက်ကြားလိုက်ပြီး မီးခိုးလုံးတွေ တက်လာတယ်။ အဲဒီနားမှာက လေ ကြောင်းရန်ကာကွယ်ရေးတပ်တွေရော၊ စစ်ကောင်စီတပ်တွေရော အများကြီးရှိတော့ စစ်ကားတွေ အများကြီး ရောက်လာတယ်။ အဲဒီနယ်​မြေက ကျနော်တို့ ဆိပ်ဖြူဘာမထီးပြောက်ကျားတပ်ဖွဲ့ စိုးမိုးနယ်မြေဖြစ်ပေမဲ့ ကျနော်တို့ဘက်က တိုက်ခိုက်တာတော့ မဟုတ်ဘူး။ သူတို့ဘက်ကတော့ ပေါ့ဆမီးကြောင့် မီးလောင်တယ်လို့ပဲ သတင်းထွက်လာတယ်။ ဒါပေမယ့်လည်း သူတို့တပ်တွင်းထဲမှာတော့ အတွင်းလူက လုပ်တယ်ဆိုပြီး စုံခုံဖွဲ့ပြီး စစ်ဆေးနေတယ်လို့တော့ ကြားတယ်” လို့ ဆိပ်ဖြူ ဘာမထီပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ခွဲမှူး ကိုပိုင်က ဒီဗွီဘီကိုပြောပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် အဆောက်အအုံ ၂ လုံး မီးလောင်ကျွမ်းတယ်လို့ သိရပြီး ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ အတွင်းလူကို ဆက်သွယ်ချိတ်ဆက်နေပေမဲ့ အဆက်သွယ်မရသေးဘူးလို့ ဆိုပါတယ်။

ကန်ဇွန်းမကျေးရွာ ဒေသခံ တယောက်က “ပေါက်ကွဲသံ တချက်အကျယ်ကြီး ကြားလိုက်ရပြီး ကပစ ၂၁ စက်ရုံဘက်ကနေ မီးခိုးလုံးတွေ မီး တောက်တွေ တက်လာတာ တွေ့ရတယ်။ ညနေ ၄ နာရီလောက်ကနေ မိုးချုပ်တဲ့အထိ လောင်ခဲ့တာ။ ညမိုးချုပ်တဲ့ အချိန်မှာတော့ လက် နက်ကြီးပစ်သံ ၇ ချက်လောက် ကြားရတယ်” လို့ ပြောပါတယ်။

အဲဒီ က.ပ.စ ၂၁ ဟာ လေယာဥ်နဲ့ပစ်ရတဲ့ ဗုံးတွေ၊လက်နက်တွေနဲ့ကျည်ဆန်တွေ ထုတ်လုပ်တဲ့ စက်ရုံ တခုလို့ သိရပြီး မီးလောင်ဆုံးရှုံးခဲ့တဲ့ အခြေနေတွေကိုတော့ ဒီဗွီဘီက သီးခြားအတည် မပြုနိုင်သေးဘဲ ဆက်လက်စုံစမ်းနေပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s