သစ္စာဦးခရီးသည်တင် ကားပေါ်မှ လက်နက်များတွေ့သည်ဟုဆိုကာ ကားဂိတ်ဝန်ထမ်းများကိုစစ်ကောင်စီဖမ်းဆီး

သစ္စာဦးခရီးသည်တင်ကား (Express)ပေါ်တွင်M-4သေနတ်အပါအဝင် လက်နက်များတွေ့ရှိခဲ့သည်ဟုဆိုကာ စစ်ကောင်စီက ကားယာဥ်မောင်း၊ယာဉ်နောက်လိုက်(စပယ်ယာ)နှင့် ကားဂိတ်စာရေးမ နှစ်ဦးကိုပါ ဖမ်းဆီးထားကြောင်း သိရသည်။

ယမန်နေ့ သြဂုတ်လ ၁၉ရက်နေ့က ရန်ကုန်-ရေဦး ပြေးဆွဲနေသည့် သစ္စာဦးခရီးသည်တင်ယာဥ်ကို မုံရွာမြို့နယ်၊ရေအိုးစင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့က တားမြစ်စစ်ဆးခဲ့ရာ M-4သေနတ်တစ်လက်၊ပစ္စတို လေးလက်၊၉-မမ ကျည်ဆန် အတောင့် ၅၀၀ ကျော်၊ဒရုန်းတစ်စီးတို့ကို ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့သည်။

ယာဉ်မောင်းအချို့၏ ပြောကြားချက်အရ ယမန်နေ့ သြဂုတ်လ ၁၉ရက်နေ့က စစ်ကောင်စီသည် ရန်ကုန်-ရေဦးပြေးဆွဲနေသည့် ခရီးသည်တင်ကား ငါးစီးကို တားဆီး၍ မုံရွာ နမခစစ်တိုင်း ဘောလုံးကွင်းအတွင်းတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ညနေ ၆နာရီခန့်တွင် ကျန်ကားလေးစီးကို ပြန်လွှတ်ခဲ့ပြီး သစ္စာဦးမော်တော်ယာဉ်မောင်းသူ နှင့် ယာဉ်နောက်လိုက်(စပယ်ယာ)တို့ကို ဖမ်းဆီးထားကြောင်း သိရသည်။

ထို့အပြင် သစ္စာဦးရန်ကုန်ဂိတ်မှ စာရေးမ အမျိုးသမီးနှစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း နီးစပ်သူများထံက သိရသည်။

စစ်ကောင်စီက လတ်တလောတွင် စစ်ကိုင်းတိုင်းအတွင်း ခရီးသည်တင်ကားများ အပါအဝင် အိမ်စီးကားများကိုပါ အတင်းအကျပ်စစ်ဆေးမှုများ ပြုလုပ်နေပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်ကိုင်းတံတားထိပ်တွင် အာကာသယာဥ်ပေါ်မှ လက်နက်များမိသည်ဟု စစ်ကောင်စီဘက်က ကြေညာထားသည်။

အဆိုပါဖြစ်စဥ်တွင် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူတချို့ သေဆုံးသည့်ဖြစ်ရပ် ဖြစ်ပွါးခဲ့သေးသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s