Bago Weekly သတင်းထောက်၏ ဇနီးဖြစ်သူကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်

Bago Weekly ဂျာနယ်သတင်းထောက်ရဲ့ ဇနီးဖြစ်သူ မဝေဝေလွင်ကို သြဂုတ် ၁၉ ရက်နေ့ နေ့လယ်ပိုင်းက သာယာဝတီအကျဥ်းထောင်အထူးတရားရုံးကနေ အကြမ်းဖက်တိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ တရားလွှတ်တော်ရှေနေတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဖမ်းပြီး ကိုးလလောက်ကြာမှ အခုအမိန့်ချတာပေါ့။ အမိန့်ချတာများတယ်၊ သူ့ယောကျ်ား ကိုငြိမ်းချမ်းဝေကိုလည်း ထောင်ဒဏ် ၁၄ ချထားတာ စိတ်ထဲမကောင်းဘူး။”

ထောင်ဒဏ် ၁၀ နှစ် အမိန့်ချခံရတဲ့ မဝေဝေလွင်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၇ ရက်နေ့က လက်ပံတန်းမြို့နယ် တရားရုံးကို ခင်ပွန်းဖြစ်သူရဲ့ ရုံး ချိန်းလာရာမှ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။

“အဲ့တုန်းက ကိုငြိမ်းချမ်းဝေ ရုံးချိန်းမှာ စရဖတွေနဲ့ စစ်တပ်နဲ့ဖမ်းသွားတာ၊ မိသားစုနဲ့လည်း အဆက်အသွယ်မရဘူး၊ သာယာဝတီထောင်ကိုပို့မှ သိတာ” လို့ ပြောပါတယ်။

ခင်ပွန်းဖြစ်သူ  Bago Weekly ဂျာနယ်သတင်းထောက် ကိုငြိမ်းချမ်းဝေကိုလည်း ၂၀၂၁ ခုနှစ်   မတ် ၁၉ ရက်က စစ်ကောင်စီတပ်တွေက ဖမ်း ဆီးခဲ့ပြီး ပြီးခဲ့တဲ့လပိုင်းက သာယာဝတီအကျဥ်းထောင်ရှိ အထူးတရားရုံးမှာပဲ ပုဒ်မ  ၁၂၄ (ဂ) ပုဒ်မ – ၅၀၅ (က) နဲ့ ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ သတင်းရယူရင်း ဖမ်းဆီးခံရတဲ့ သတင်းထောက် ၁၁၂ ဦးရှိပြီလို့ Myanmar Press Freedom in-Depth ရဲ့ ထုတ်ပြန်ချက်အရ သိပါတယ်။  DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s