ရွှေနွယ်သွေး သပိတ် စစ်ကြောင်း စစ်အာဏာ ရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ




khit thit
khit thit
မန္တလေးတိုင်း မတ္တရာမြို့နယ် ညောင်ငုတ်တိုနဲ့ ကျောက်ဆည်လေးကျေးရွာကြားမှာ ဩဂုတ် ၁၇ ရက်က နယ်မြေရှင်းလင်းဖို့ လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ကား ၈ စီးပါယာဥ်တန်းကို ပဒေသာမိုင်းတွေနဲ့ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာမှာ ကား ၁ စီးထိသွားပြီး စုစုပေါင်း ၁၂ ယောက် သေဆုံးတယ်လို့ ဆိုပါတယ်။
ကျောက်ဆည်လေးကျေးရွာဘက်မှာ အင်တာနက်လိုင်းတွေ အဆင်မပြေတာကြောင့် နောက်ကျပြီးမှ အခုလို ထုတ်ပြန်ရတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်ကလည်း မတ္တရာမြို့နယ် တောင်ကန်ကျေးရွာနဲ့ မြှောင်းဦးရွာချင်းဆက် တံတားမှာ ပဒေသာ ၄ လုံး တွဲမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်က ၄ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ DVB
နေပြည်တော်အတွင်းရှိ ရုံးဌာနအားလုံးတွင် လုံခြုံမှု ရှိစေရေးနှင့် ရုံးအတွင်းတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှု မရှိစေရေး အတွက် လက်ကိုင်မိုင်းရှာစက်များ ဝယ်ယူ ထားရှိရမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီက ရုံးဌာနများသို့ အသိပေးစာတွင် ဖော်ပြထားသည်။
နေပြည်တော်ရှိ ရုံးဌာနများအားလုံးတွင် လက်ကိုင်မိုင်းရှာစက် ထားရှိမည်ဖြစ်၍ လိုအပ်သည့်အရေအတွက်ကို နေပြည်တော်ကောင်စီထံ အ ကြောင်းကြား ဝယ်ယူ ရမည် ဖြစ်ကြောင်း၊ ရုံးဝင်ပေါက် နေရာများတွင် လက်နက်/ဖောက်ခွဲရေးပစ္စည်းများ သိုဝှက် သယ်ဆောင်နိုင်ခြင်းမရှိစေရေး လက်ကိုင် မိုင်းရှာစက်များ ထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။ khit thit
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက်၊ သုမာလာ (၈) လမ်းတွင် ယနေ့ သြဂုတ်လ ၂၀ ရက် နံနက် ၁၁ နာရီခန့်က ရာအိမ်မှူး ဦးသောင်းဒန်အား နားထင်ကို သေနတ်ဖြင့် တေ့ပစ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ရာအိမ်မှူး ဦးသောင်းဒန်သည် ဇနီးဖြစ်သူနှင့်အတူ စက်ဘီးစီး၍ ဈေးမှပြန်လာစဉ် လမ်းတွင် အမည်မသိ လူအချို့မှ အနားကပ်၍ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။
“သူက ရာအိမ်မှူးဆိုတော့ ရပ်ကွက်ထဲမှာတော့ ရုပ်တည်နဲ့ ဟောက်စားပုံစံမျိုးပေါ့။ အခုကာလမှာတော့ သူက ဓမ္မာရုံလူကြီးလိုလို Covid ကာ ကွယ်ဆေး ဆေးထိုးတဲ့ နေရာမှာ volunteer လိုမျိုးတွေလုပ်တာတော့ရှိတယ်” ဟု ဒေသခံများကပြောသည်။
ပစ်ခတ်ခံရသည့် ရာအိမ်မှူး ဦးသောင်းဒန် သေဆုံးခြင်း ရှိ၊မရှိကိုမူ ဒေသခံများအနေဖြင့် အတိအကျမသိရှိရသော်လည်း နားထင်နားတွင် အပစ်ခံရခြင်းကြောင့် အလွန် စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေပြီး ၎င်း၏ဇနီးဖြစ်သူမှာ ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ စစ်ကောင်စီတပ် ရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပတ်ဝန်းကျင်ရှိ ပြည် သူအချို့ထံမှ ဖုန်းနံပါတ်တောင်း ယူခြင်းများရှိကြောင်း သိရသည်။ mizzima
khit thit
စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန်အတွက် ” မိုင်း၁၀၀” ပရောဂျက် စတင်နေပြီး ပြည်သူများ ပါဝင်လှူဒါန်းပေးကြရန် BLACK HERO GUERRILLA FORCE –BHGF ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားသည်။
မြန်မာန်ိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်းအတွင်းတွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် အ ပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခ်ိုက်နိုင်ရန်အတွက် ” မိုင်း၁၀၀” ပရောဂျက်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“မိုင်းဆိုတာ ခွေး(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေ အရမ်းကြောက်တဲ့ အရာပါ။ အခုပရောဂျက်မှာ မိုင်း ၁၀၀ ပြည့်တာနဲ့ ခွေး(စစ်ကောင်စီတပ်ဖွဲ့ဝင်)ယာဉ်တန်းတွေကို အရင်စတိုက်မှာ ဖြစ်ပါတယ်။ ယာဉ်တန်းလာရာလမ်းတွေမှာ ထောင်ပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်” ဟု BHGF ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။
” မိုင်း၁၀၀ “ပရောဂျက်ကို ကာကွယ်ရေးတပ်ဖွဲ့ သုံးဖွဲ့ပူးပေါင်းကာ လုပ်ဆောင်နေခြင်း ဖြစ်ပြီး ပရောဂျက်ကာလကို သြဂုတ်လ ၁၈ ရက်နေ့မှ စတင်ကာ စက်တင်ဘာလ ၁၈ ရက်နေ့အထိ သတ်မှတ်ထားသည်။
မြေပြင်အခြေအနေတွင် စလစ်မိုင်းတစ်လုံးလျှင် ငွေကျပ် ၁၀၀,၀၀၀ (တစ်သိန်း) ကျပ် ကျသင့်သော်လည်း ပြည်သူများအနေဖြင့် မိုင်းတစ်ရာ Project တွင် ၅၀၀ကျပ်၊၁၀၀၀ကျပ်မှစ၍ ပါဝင်လှုဒါန်းနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။
“ပြည်သူတွေအနေနဲ့ ရှေ့ထွက်မတိုက်နိုင်ရင်တောင် နောက်ကနေ ထောက်ပံ့ပိုးပေးဖို့ ပြောချင်ပါတယ်။ ကျွန်တော်တို့က ရှေ့ကနေ အသက်တွေ၊ ဘ၀တွေ၊ မိသားစုတွေကို စွန့်လွှတ်ပြီး တိုက်ပွဲဝင်နေမှာပါ။ ဒီတော်လှန်ရေး မပြီးသေးသရွေ့ ကျွန်တော်တို့ ဘယ်တော့မှ နောက်ဆုတ်သွားမှာမဟုတ်ပါဘူး” ဟု BHGF တာဝန်ရှိသူက ဆက်ပြောသည်။
” မိုင်း ၁၀၀ ” Project တွင် ပါဝင်လှူဒါန်းလိုပါက https://www.facebook.com/Black-Hero-Guerrilla-Force-BHGF-101776379211922/ နှင့် https://www.facebook.com/TGYR-109646328519429/ တွင် ဆက်သွယ်လှူဒါန်းန်ိုင်ကြောင်း သိရသည်။
ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တော်လှန်ရေးရဲဘော်များ စုပေါင်းကာ Black Hero Guerrilla Force ကို ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ခုခံတိုက်ခိုက်မှုများအတွင်း ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားလျက်ရှိသည်။ mizzima
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းဖို့ ကြိုးစားတဲ့အချိန်ကစပြီး သားဖြစ်သူ အောင်ပြည့်စုံကို စီးပွားရေးလုပ်ပိုင်ခွင့်တွေ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ လက်နက်စက်ရုံ အဆောက်အဦးတင်ဒါ၊ ဆိပ်ကမ်းJetty လုပ်ငန်းတည်ဆောက်ခွင့်တွေ အလုံးအရင်းနဲ့ ချပေးခဲ့ပါတယ်။
အဲဒီလို ချပေးတဲ့အတွက် အောင်ပြည့်စုံဟာ ပရောဂျက်ပေါင်းများစွာနဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေကို ထိပ်ဆုံးက လုပ်ခွင့်ရတာမို့ သူ့အတွက် စီးပွားရေးလုပ်ငန်းတွေ နာမည်ခံ ဦးစီးလုပ်ကိုင်မယ့်သူတွေကို ခန့်ထားလာရပါတယ်။ အဲဒီလူတွေထဲမှာမှ မောင်မောင်နိုင်ဟာ အောင်ပြည့်စုံရဲ့ အယုံကြည်ရဆုံးလူဖြစ်လာတာပါ။
၂၀၁၁ ခုနှစ် မင်းအောင်လှိုင် တပ်ချုပ်ရာထူးရရှိတဲ့အချိန်မှာ အောင်ပြည့်စုံဟာ စီးပွားရေးလုပ်ငန်းလေးတွေ စတင်လုပ်ကိုင်လာပါတယ်။ ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ် အချိန်တွေဟာ မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံအတွက် မြေစမ်းခရမ်းပျိုး စီးပွားရေးလောက ရောက်လာချိန်ဖြစ်လာပါတယ်။ Yangon Glary ပန်းချီပြခန်း ၊ စားသောက်ဆိုင် ဆိုတဲ့ အသေးအမွှား စီးပွားရေးလုပ်ငန်းတွေနဲ့ ဝင်လာခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီနောက် ဆောက်လုပ်ရေး ကုမ္ပဏီအဖြစ် Sky One ကုမ္ပဏီကို စတင်ထူထောင်ပါတယ်။
အဲဒီအချိန်မှာ မောင်မောင်နိုင်ဟာ Sky One ကုမ္ပဏီဒါရိုက်တာ (MD )အဖြစ် စတင်ပါဝင်လာခဲ့ပါတယ်။ အခုဆိုရင်တော့ မြန်မာစစ်သူကြီး၊ Yetagon Energy Trading စတဲ့ မင်းအောင်လှိုင်ရဲ့ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အရေးကြီးဆုံးနဲ့ တာဝန်ခံ အဖြစ် ပါဝင်နေပြီလည်းဖြစ်ပါတယ်။
အောင်ပြည့်စုံနဲ့ မောင်မောင်နိုင် စတင်လက်တွဲချိန်မှာ မောင်မောင်နိုင်ဟာ Lucky Man ဘက်ထရီနဲ့ ကားတာယာ လုပ်ငန်းကို လုပ်ကိုင်အောင်မြင်နေခဲ့ပြီဖြစ်ပြီး အခုလက်ရှိမှာလည်း ဆက်လက်လုပ်ကိုင်နေပါတယ်။ မောင်မောင်နိုင် ဘယ်လိုလူစားလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။
၁၉၇၄ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ မောင်မောင်နိုင်ဟာ မြန်မာနိုင်ငံသား တရုတ်နွယ်ဖွား စစ်စစ်ဖြစ်ပါတယ်။ လမ်းမတော်မြို့နယ် မှတ်ပုံတင်ကို ကိုင်ဆောင်သူ ရန်ကုန်သား တရုတ်စီးပွားရေးသမားလည်း ဖြစ်ပါတယ်။ အမျိုးသမီးကလည်း တရုတ်စစ်ဖြစ်ပြီး တရုတ်နှစ်သစ်ကူးပွဲတွေ၊ ရိုးရာ ကန်တော့ပွဲတွေကို စိတ်နှစ်ပြီး ယုံယုံကြည်ကြည် လုပ်ကိုင်တတ်တဲ့ မြန်မာပြည်သား တရုတ်လူမျိုးလည်းဖြစ်ပါတယ်။
သူဟာ သူရဲ့ ညီအစ်ကိုတွေဖြစ်တဲ့ မောင်မောင်အောင်၊ မောင်မောင်လတ်၊ မောင်မောင်ဦးတို့နဲ့ Lucky Man ကားတာယာနဲ့ ဘက်ထရီလုပ်ငန်းကို အချိန်အတော်ကြာကတည်းက လုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အောင်ပြည့်စုံနဲ့ သူ စတင် လက်တွဲချိန်မှာလည်း Sky One ကုမ္ပဏီနဲ့ Lucky Man နှစ်ခုစလုံးကိုမောင်မောင်နိုင်က ဦးစီးကြီးကြပ်ခဲ့တာပါ။
Sky One ကုမ္ပဏီရုံးက ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အောင်ချမ်းသာ ၂ လမ်းနဲ့ ပုလဲလမ်းအကြားမှာရှိပြီး Lucky Man ရုံးချုပ်ကတော့ ကမာရွတ်မြို့နယ်၊ ရတနာမြိုင်လမ်းမှာ တည်ရှိပါတယ်။
Sky One ဆောက်လုပ်ရေးကုမ္ပဏီ စတင်ထူထောင်ချိန် ၂၀၁၃ ခုနှစ်၊ ၂၀၁၄၊ ၂၀၁၅ ခုနှစ်တွေမှာ မောင်မောင်နိုင်ဟာ Sky One နဲ့ သူ့အိမ်ဖြစ်တဲ့ Lucky Man ရုံးအကြားမှာ သွားလိုက် ပြန်လိုက်နဲ့ အလုပ်နှစ်ခုလုံးကို ဦးစီးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အောင်ပြည့်စုံ လုပ်ငန်းတွေက ကြီးမားလာတာမို့ Lucky Man ကို သူ့ညီအစ်ကို ဖြစ်သူတွေကပဲ ဦးစီးလုပ်ကိုင်ပါတော့တယ်။ သူကတော့ အောင်ပြည့်စုံ လုပ်ငန်းတွေ အားလုံးကို တာဝန်ခံလာရတာဖြစ်ပါတယ်။
မောင်မောင်နိုင်မှာ သားသမီးတွေရှိပြီး အမျိုးသမီးဖြစ်သူကလည်း တရုတ်လူမျိုး အေးဆေးသူဖြစ်ပါတယ်။ ငွေအတွက်ပဲ ကြည့်တတ်လွန်းတဲ့ မောင်မောင်နိုင်ဟာ မိသားစုထက် အောင်ပြည့်စုံရဲ့ အလုပ်တွေကို ဦးစားပေးသူပါ။
စစ်တပ်နဲ့ပတ်သက်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှန်သမျှကို အောင်ပြည့်စုံကပဲ ရတာမို့ မောင်မောင်နိုင်က လူယုံ ကျွန်ယုံဘ၀နဲ့ အသုံးတော်ခံနေပါတယ်။ သူ့အတွက်လည်း ရရှိတဲ့ စီးပွားရေး အကျိုးအမြတ်က အလွန်ကို များပြားလွန်း လှပါတယ်။ သာမန် ကားတာယာ၊ ဘက်ထရီလုပ်ငန်းရှင် မောင်မောင်နိုင်က အခုအချိန်မှာ ထိပ်တန်း ခရိုနီစာရင်းဝင်ဖို့ တာစူနေပါပြီ။
၂၀၁၅ ခုနှစ် မောင်မောင်နိုင်နဲ့အတူ အလုပ်လုပ်ဖူးတဲ့ သူတစ်ဦးကတော့ မောင်မောင်နိုင်ဟာ အောင်ပြည့်စုံအတွက် အချိန်ပြည့် ရုံးမှာ ရှိနေတတ်သူလို့ ဆိုပါတယ်။
“ဦးမောင်မောင်နိုင်က Sky One မှာ ရှိတဲ့အချိန်က ပိုများတယ်။ ရုံးချိန် ကျော် ည ၆ နာရီကျော်ကနေ ၇ နာရီလောက်မှ အမြဲတမ်း အိမ်ပြန်တတ်တယ်။ ရုံးဝန်ထမ်းတွေ ဆင်းပြီးရင်တောင်မှ မဆင်းဘူး။ ကျန်ခဲ့တာများတယ်။ အဲဒီအချိန်ကတော့ ရန်ကုန်မှာ သူအနေများတယ်။ Sky က လုပ်ခွင့်ရတဲ့ စစ်တပ်အဆောက်အဦးတွေ တိုးချဲ့ ပြင်ဆင်တာတွေအတွက် ပြင်ဦးလွင်ဘက်ကို သွားတယ်။ ပုံမှန်က ရန်ကုန်မှာရှိတာ များတယ်။ ရုံးနဲ့ အိမ်နဲ့ပဲ။ စီးပွားရေးထဲပဲ ခေါင်းနှစ်ထားတဲ့သူမျိုး။ သူက တရုတ်လူမျိုး၊ တရုတ်စစ်ပဲ။ လမ်းမတော်တရုတ်ပေါ့။ အမျိုးသမီးကလည်း တရုတ်ပဲ။ တရုတ်အန်ပေါင်း ပေးတာတွေ။ တရုတ်နှစ်ကူးတာတွေ အရမ်းလုပ်တဲ့ တရုတ်တော်တော်စစ်တဲ့လူတွေ။ မြန်မာပြည်ဖွားတရုတ်။ အဲဒီအချိန်တုန်းက သူ့မှာ သား တစ်ယောက် သမီးတစ်ယောက်ရှိတယ်။ အခုတော့ ထပ်မွေးရင်တော့မသိဘူး။ အခုကတော့ ကလေးတွေက ၈ နှစ်နဲ့ ၁၁ နှစ်လောက်ရှိမယ်။ အကျင့်စရိုက်ကတော့ ငွေအရမ်းမက်တယ်။ မိန်းမနဲ့ သားသမီးကိုတောင် အချိန်မပေးနိုင်ဘူး။ Sky One မှာပဲ အချိန်ကုန်တာ။ အရမ်း ငွေကို စိစစ်တယ်။ ပြီးရင် ရုံးမှာ ရှိပြီးတော့ အလုပ်အမြဲတမ်း လုပ်နေတတ်တယ်။ စကားအပြောအဆိုက ပြတ်ပြတ်သားသား ဘောက်ဆက် ဘောက်ဆက် ပြောတယ်။ လိုချင်တာကို ရအောင် ခိုင်းတတ်တယ်။ သူက ဒါကိုလိုချင်ရင် ဖြစ်အောင်လုပ်ပေးရတယ်။ မဟုတ်ရင် အလုပ်မဆင်းရတော့ဘူး။ သူက ငွေစာရင်း Report သိရဖို့ ငွေ စာရင်းချုပ်ဖို့ လကုန်ရက်တိုင်း သူကိုယ်တိုင် ရုံးမှာ ရှိနေတာ” လို့ Sky One မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
မောင်မောင်နိုင်ဟာ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံနဲ့ ဆက်ဆံရေးကို အရမ်းကိုလျှို့ဝှက်လွန်းတယ်လို့ ဆိုပါတယ်။ သူတို့ ဘယ်လိုချိတ်ဆက်ပြီး ဘယ်လိုဆက်ဆံရေးရှိလဲဆိုတာ ဝန်ထမ်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြောပြတာမရှိပါဘူး။ ဒါပေမယ့် အောင်ပြည့်စုံဟာ မောင်မောင်နိုင်ဆိုရင် စိတ်ချယုံကြည်တဲ့အတွက် တချို့ကိစ္စတွေမှာ မောင်မောင်နိုင်က ဆုံးဖြတ်တယ်လို့ ဆိုပါတယ်။
“မောင်မောင်နိုင်ကို အောင်ပြည့်စုံက ယုံကြည်တယ်။ သူ့အကျိုးစီးပွားပျက်အောင် မလုပ်ဘူးဆိုတာ ယုံတော့ တချို့ ကိစ္စတွေမှာ မောင်မောင်နိုင်ကပဲ ဦးဆောင်ပြီး လုပ်ကိုင်ပေးတာ” လို့ စီးပွားရေးသတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။
ငွေအတွက် အသက်ရှင်ပြီး ငွေရဖို့ ဆိုရင် ဘာမဆိုလုပ်မယ့် မောင်မောင်နိုင်ဟာ လက်ရှိမှာတော့ အောင်ပြည့်စုံရဲ့ စိတ်အချရဆုံးနဲ့ မင်းအောင် လှိုင်ရဲ့ ယုံကြည်မှုကို အရဆုံး စီးပွားရေးတာဝန်ခံ ဖြစ်လာခဲ့ပါပြီ။
မင်းအောင်လှိုင်သား အောင်ပြည့်စုံ ထူထောင်ထားတဲ့ ကုမ္ပဏီတွေအားလုံးမှာ မောင်မောင်နိုင်က ဦးစီးလုပ်ကိုင်သူ အဖြစ် ပါဝင်နေပါတယ်။
ရုရှားစက်သုံးဆီတင်သွင်းရေးကော်မတီ အဖွဲ့ဝင် Yetagon Energy Trading အမှုဆောင်အရာရှိချုပ်၊ မြန်မာစစ်သူကြီး ဆောက်လုပ်ရေး ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ၊ Sky One မန်နေဂျင်းဒါရိုက်တာ စတဲ့ ထူးဆန်းလှတဲ့ အမည်ပေါင်းများစွာ ပေးထားတဲ့ ကုမ္ပဏီ လုပ်ငန်းတွေရဲ့ ခေါင်းဆောင်နေရာမှာ မောင်မောင်နိုင် ရှိနေတာလည်းဖြစ်ပါတယ်။
စကားဘောက်ဆတ်ဆတ်ပြောတတ်တဲ့ မောင်မောင်နိုင်ဟာ အောင်ပြည့်စုံရှေ့မှာတော့ ခြေသုတ်ပုဆိုး မြွေဆွယ်ကျိုး သလို နှိမ့်ချပြီး “သခင်အားရ ကျွန်ပါး၀ ” စိတ်နဲ့ နိုင်ငံ့စီးပွားနဲ့ ပြည်သူလူထု ဘဏ္ဍာတွေကို လုပ်ပိုင်ခွင့် မျိုးစုံနဲ့ ခိုးယူနေတဲ့ သမိုင်းတရားခံတစ်ဦးဆိုရင်လည်း မမှားနိုင်ပါဘူး။ khit thit
ချင်းပြည်နယ် ဟားခါးမြို့မှ ထန်တလန်မြို့ဘက်အထွက်ရှိ သင်္ချိုင်းကုန်းအနီးတွင် တပ်စွဲထားသော စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်သား ငါးဦးသေ ဆုံးသွားကြောင်းသိရသည်။
“မြို့အစွန် သင်္ချိုင်းကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ချဉ်းကပ်သွားပစ်ခဲ့တာပါ၊ အဲဒီနေရာက သီးမြစ်တံတား ဆောက်ဘို့ ကနဦးတပ်စွဲထားတဲ့အဖွဲ့ပါ” ဟု ချင်းအအမျိုးသားတပ်မတော် (CAN) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမ ကိုပြောသည်။
ဩဂုတ်လ ၁၉ရက် မနက် ၈နာရီ ၃၀မိနစ်ခန့်တွင် ဟားခါး – ထန်တလန်အကြားရှိ သီးမြစ်တံတားအား ပြန်လည်ပြုပြင်ရန် ဆောက်လုပ်ရေးပစ္စည်းများနှင့် လုံခြုံရေး ယူထားသော စစ်ကောင်စီတပ်အား အနီးကပ်သွားရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။
ဇွန်လ ၃၀ရက်နေ့က ယခုလတ်တလော ရာထူးမှ ဖြုတ်ချခြင်းခံရသည် ချင်းပြည်နယ် ဝန်ကြီးချုပ်ဟုဆိုသော ငွန်ဆန်းအောင် ဦးစီးပြီး ထန်တလန်မြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲပြုလုပ်ခဲ့ပြီးနောက် အဆိုပါ တံတားအား စစ်ကောင်စီတပ်မှ ပြုပြင်ရန်ကြိုးစားလာခြင်း ဖြစ်သည်။
၎င်းနောက် ဇူလိုင်လ ၈ရက်နေ့မှ စတင်ပြီး ဖလမ်းမြို့မှ ဟားခါးမြို့သို့ စစ်ကား ၂၇စီး အင်အား ၂၀၀ခန့်ဖြင့် ဆောက်လုပ်ရေးပစ္စည်းများ သယ် ဆောင်လာရာ လမ်းတစ်လျှောက် CNA အပါအဝင် ဒေသခံ ကာကွယ်ရေးတပ်များအကြား အနည်းဆုံး တိုက်ပွဲ ရှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၆၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၉ရက်နေ့ မှ စတင်ပြီး တံတားပြင်ဆင်ဆောက်လုပ်ရန်အတွက် ဟားခါးမြို့ မှ စတင်ထွက်ခွာလာပြီး ယခုတိုက်ပွဲဖြစ်ပွားသော သ င်္ချိုင်းကုန်းနီးတွင် ဇွန်လ ၃၀ရက် မှ စတင်၍ စစ်ကောင်စီနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများအရသိရသည်။
မဇ္စျိမ မှ ထုတ်ပြန်ခဲ့သော တိုက်ပွဲသတင်းများအရ ဟားခါးမြို့တွင်းနှင့် ထန်တလန်မြို့ အကြား တိုက်ပွဲ ခြောက်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀ သေဆုံးခဲ့ကြောင်း သိရသည်။
ဇွန်လ ၃၀ရက်နေ့ ဟားခါး မြို့အထွက် သင်္ချိုင်ကုန်းအနီးတွင် ငါးဦး ၊ ဩဂုတ်လ ၆ရက်နေ့တွင် ဟားခါးမြို့မှ ဂန့်ဂေါ်မြို့သို့ထွက်သော လေးမိုင်ဂိတ် ၊ ခလရ (၂၆၆)ဗျူဟာ မှ ဆင်းလာသော မြို့တွင်းတိုက်ပွဲ နှင့် သီးမြစ်ချောင်းအောက်ဖက်သို့ စစ်ကြောင်းထိုးလာသော တပ်များအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၂ဦးသေဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူအတည်ပြုချက်ဖြင့်ဖော်ပြခဲ့သည်။
တစ်ဖန် ဩဂုတ်လ ၉ရက်နေ့ သီးမြစ်ချောင်းအောက်ဖက်၌ ရာသီဥတုဆိုးရွာမှုအောက်တွင် စနိုက်ပါသမားလက်ချက်ဖြင့် သုံးဦး ၊ ဩဂုတ်လ ၁၂ရက်နေ့တွင် သီးမြစ်ချောင်း အောက်ပိုင်းတိုက်ပွဲအတွင်း ၁၀ဦး ၊ ဩဂုတ်လ ၁၆ရက်နေ့တွင် အဆိုပါနေရာတွင် ဆက်လက်ဖြစ်ပွားရာ ၁၅ဦးနှင့် ၁၈ရက်နေ့တွင် ဟားခါးမြို့အထွက်သင်္ချိုင်ကုန်း၌ ငါးဦး စုစုပေါင်း ၅၀ ဦးသေဆုံးခဲ့ပြီဖြစ်သည်။
ယင်းတိုက်ပွဲများကို CNA အပါအဝင် CDF – Zophei , CDF – Hakha , CDF – Thantlang , CDF – Lautu နှင့် CJDC မှ ရဲဘော်များ ပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ ရဲဘော် ခြောက်ဦး မပြင်းထန်သော ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း ဆလိုင်းထက်နီ ထံမှ သိရသည်။
အောက်တိုဘာ ၂၁ရက်၊ ၂၀၂၁ နေ့က ဟားခါး – ထန်တလန်အကြားရှိ သီးမြစ်တံတားအား စစ်ရေးဗျူဟာအရ ချင်းကာကွယ်ရေးတပ်များမှ ဖောက် ခွဲဖျက်ဆီးခဲ့ပြီး ယင်းတံတားအား ပြန်လည်အသုံးပြုနိုင်ပါက စစ်ကောင်စီတပ်အနေဖြင့် ထန်တလန် မြို့သို့ မြေပြင်မှ စစ်ကူနှင့် ရိက္ခာထောက်ပို့များပို့ပေးနိုင်မည့်အပြင် ထန်တလန်မြို့နယ်အား စိုးမိုးနိုင်မည့်အခြေသို့ရောက်ရှိသွားပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ များအား တိုက် ခိုက်ရန် အခွင့်လမ်းကောင်းများ ဖြစ်ပေါ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်သောကြောင့် ထန်တလန်ပြန်လည်တည်ဆောက်ရေးခေါင်းစဉ်အောက်မှ သီးမြစ်တံတားပြန်လည်တည်ဆောက်ရေးနှင့် နယ်မြေစိုးမိုးရေး အတွက်လုပ်ဆောင်ကာ ချင်းကာကွယ်ရေးတပ်ဖွဲ့ များအား ချေမှုန်းရန် ဆောင်ရွက်နေသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ပိုမိုပြင်းထန်ဖွယ်ရှိကြောင်းဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရှိရသည်။ mizzima
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေသလို ရွှေဘို – ရေဦးသွား ကားလမ်းကိုလည်း ဩဂုတ် ၂၀ ရက် မနက် ၇ နာရီကစပြီး စစ်တပ်က ဂိတ်နှစ်ခုချ ပိတ်လိုက်တာကြောင့် ခရီးသည်တင်ယာဉ်နဲ့ ဒေသတွင်းသွားလာတဲ့ ယာဉ်အားလုံး အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဦး-ရွှေဘိုသွားကားလမ်းပိုင်းကို ရွှေဘိုမြို့ဘက်က ဂိတ်တခု၊ ရေဦးမြို့ဘက်က ဂိတ်တခု ပြုလုပ်ကာ ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ဒီနေ့ မနက်က စပိတ်တာ။ ရွှေဘို-ညောင်ပင်သာ-ရေဦးလမ်းပိုင်းကို ပိတ်တာ။ ရွှေဘိုဘက်ကတော့ ပုရံလိပ်ချင်းတံတားကနေ ပိတ်တယ်။ ရေ ဦးဘက်ကတော့ စိုက်ပျိုးသိပ္ပံကျောင်းကနေပိတ်တယ်” ဒေသခံပြည်သူတဦးက ပြောပါတယ်။
အခုလို ကားလမ်းပိတ်လိုက်လို့ ရွှေဘိုဘက်မှာလည်း ကုန်တင်ကားတွေ၊ ခရီသည်တင်လိုင်းကား တွေနဲ့ အိမ်စီးကားတွေပါ ပိတ်မိနေကာ ရေဦးမြိုဘက်မှာလည်း အခုလို ပိတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလိုစစ်ကောင်စီက ရေဦး-ရွှေဘိုလမ်းပိုင်းကို ဘယ်အချိန်အထိ ပိတ်ထားမယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောတာမျိုး မရှိတာကြောင့် ခရီးအဝေးသွားရမဲ့ ကုန်တင်ယာဉ်ကြီးကားသမားတွေ အခက်အခဲဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းက ထီးချိုင့်မြို့နယ်မှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တောတောင်တွင်း သာမက ကျေးရွာတွေထဲဝင်ကာ တော်လှန်ရေးရဲဘော်တွေကို ဝင်ရောက်ရှာဖွေနေတာကြောင့် တချို့နေရာတွေမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားတာတွေလည်း ရှိခဲ့ပါတယ်။
ဩဂုတ် ၁၉ ရက်က ထီးချိုင့်မြို့နယ်တောင်ပိုင်း ပိန္နဲကုန်းရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့သလို မြင်းမူမြို့နယ်မှာလည်း သြဂုတ် ၁၈ ရက်က ကင်းပုန်းဝတ်စစ်တပ် နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး PDF ရဲဘော် နှစ်ယောက် ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့အသီးသီးက သိရပါတယ်။
ပိန္နဲကုန်းရွာနားမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲနဲ့ပတ်သက်လို့ ဒေသခံ ရွာသားတဦးက “တိုက်ပွဲက တောထဲမှာ ဖြစ်တာ။ နှစ်ဖက်ပစ်ကြတဲ့ အသံပဲ ကြားရတယ်။ ပထမအကြိမ်က ၁၂ နာရီကျော်က တကြိမ်ပစ်သံကြားရတယ်။ နောက်ဒုတိယအကြိမ်က ညနေပိုင်းမှာဖြစ်တာဗျ။ နှစ်ဖက်အကျဆုံးက တော့ မသိရဘူး။ ဒီနေ့လည်း စစ်တပ်ရော၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရော အခုထိ ရှိနေတုန်းပဲ။ တိုက်ပွဲဖြစ်သံတော့ မကြားရသေးဘူး။ ဒေသခံတွေကတော့ စိုးရိမ်ပူပန်စိတ်တွေ နဲ့ ရွာထဲမှာနေ နေရတယ်” လို့ ဩဂုတ် ၁၉ ရက်က ပြောပါတယ်။
ဩဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်တွေကလည်း ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာ၊ က/သီးကုန်းကျေးရွာ၊ ပေါင်းဝကျေးရွာနဲ့ ကဗြူကျေးရွာတွေက နေအိမ်တွေကို စစ်တပ်က စစ်ကြောင်းထိုးရင်း မီးရှိုဖျက်ဆီးခဲ့တယ်လို့ ရွာတွေက ထွက်ပြေးလာတဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ် မီးရှို့မှုကြောင့် မီးလောင်ဆုံးရှုံးမှုအရေအတွက် ရာဂဏန်းထိ ရှိနိုင်သလို ကပိုင်ကျေးရွာနဲ့ က/သီးကုန်းကျေးရွာတို့ဟာ ကျေးရွာချင်းဆက် ရွာတွေဖြစ်ပြီး ကပိုင်ကျေးရွာက အိမ်ခြေ ၈၀၀ ဝန်းကျင်နဲ့ သီးကုန်းကျေးရွာက အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိကာ အဲဒီကျေးရွာက အိမ်တွေဟာ သြဂုတ် ၁၈ ရက်ကလည်း မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပေါင်းဝကျေးရွာက နေအိမ်တွေကိုလည်း သြဂုတ် ၁၉ ရက်က မီးရှို့ခဲ့သလို သြဂုတ် ၂၀ ရက် မနက်ပိုင်းမှာလည်း ပေါင်းဝကျေးရွာနဲ့ ကဗြူကျေးရွာတို့က နေအိမ်တွေကို ထပ်မံမီးရှို့နေကာ မီးလောင်ဆုံးရှုံးမှုအရေအတွက် များနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရာတော်မြို့နယ် အနောက်မြောက်ဘက်က ငြိမ်းစံကျေးရွာကိုလည်း ဩဂုတ် ၁၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၉ လုံး ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီနေ့ မနက်ပိုင်းက ရဲချင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ လောက် ငြိမ်းစံကျေးရွာကို သေနတ်တွေ ပစ်ဖောက် ဝင်ရောက်လာကာ နေအိမ်တွေကို မီးရှို့သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။
“တိုက်ပွဲမရှိပါဘူး။ ရွာကို ပစ်ခတ်ပြီးဝင်လာတာ၊ လက်နက်အပြည့်စုံနဲ့ ဝင်လာပြီး အိမ်ခြေတွေပတ် မီးရှို့သွားတာပါ။ အကုန်ပစ်ပြေးရတာဆိုတော့ တချို့အိမ်ထောင်စုတွေက ဘာမှမသယ်လိုက်နိုင်ဘူး။ နောက်ပြီးတချို့ရွာတွေထဲလည်း မွှေသွားတယ်လို့ သိရတယ်။ ပြည်သူကို ဘဝပျက်အောင် အမျိုးမျိုး နှိပ်စက်နေကြတာ။”
စစ်ကောင်စီတပ်ဖွဲ့ဟာ အရာတော်မြို့အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်း ၂ ကြောင်းခွဲကာ ဝင်ရောက်ခဲ့တာဖြစ်ပြီး နောက်ထပ်စစ် ကြောင်းတစ်ခုဖြစ်တဲ့ နောင်ကြီးအိုင်ကျေးရွာ ရဲစခန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၀၀ ကျော်ကလည်း ထန်းတောကုန်း၊ အိုးဘိုကုန်း၊ အိုင်လျားနဲ့ ရွှေတွင်းကုန်း စတဲ့ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်မွှေနှောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်မီးရှို့တာခံရတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ ရှောင်တိမ်းထွက်ပြေးကြရပြီး ဘုန်းကြီး ကျောင်း၊ ဘုရားဝန်း နဲ့ နီးစပ်ရာတွေမှာ ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း ဒေသတချို့ကို အခုနှစ်မေလကစလို့ အခုလလယ်အထိ စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာနေတာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေ နေ့စဉ်လိုလို တိုက်ပွဲဖြစ်နေပြီး ရေဦး-ခင်ဦး-ရွှေဘို-ညောင်ပင်သာ ကားလမ်း တလျှောက်က ရွာတွေနားမှာလည်း နေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ထိတွေ့တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ခဲ့တယ်လို့ အဲဒီဒေသက အ ခြေ အနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ ဒေသအဖွဲ့ အစည်းတွေဆီက သိရပါတယ်။စစ်ကိုင်းတိုင်းအတွင်း စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် မေ ၃၁ ရက်အထိ စစ်ကော်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်စုစုပေါင်း ခန့်မှန်းခြေ ၁၃၈၄၀ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။ DVB
စစ်ကိုင်းတံတားထိပ်တွင် အာကာသယာဥ်လိုင်းပစ်ခတ်ခံရပြီးနောက် မန္တလေးအခြေစိုက်အဝေးပြေးယာဥ်လိုင်းများတွင် ခရီးသည်မရှိသ လောက်နီးပါး ဖြစ်နေသည့်အတွက် ပြေးဆွဲရန် အခက်အခဲများဖြစ်ပေါ်နေကြောင်း ယာဥ်ပိုင်ရှင်အချို့က မဇ္ဈိမသို့ပြောသည်။
” ခရီးသည်က သိသိသာသာကို မရှိတော့ဘူး၊ ဂိတ်မှာကားသာထိုးထားရတယ် လူကမရှိဘူး၊ ကြောက်တာပေါ့။ ဒါကြောင့် မသွားကြတော့ဘူးထင်တယ်၊ ဒီအတိုင်းဆို ရပ်ထားရမယ့်သဘောပဲ ” ဟု မန္တလေး-ဗန်းမော် ပြေးဆွဲနေသည့် ယာဥ်ပိုင်ရှင်တစ်ဦးက ပြောသည်။
ခရီးစဉ်လမ်းကြောင်း မလုံခြုံသည့်အတွက် ခရီးသည်ရှားပါးခြင်း ဖြစ်သည်ဟုလည်း ဝါရင့်ယာဥ်မောင်းတစ်ဦးက သုံးသပ်သည်။
” ကျွန်တော့်ကားကို ထီးချိုင့်နား အခု ၆ ရက်နေ့က အပစ်ခံရသေးတယ်။ ဘာမှတော့ မဖြစ်သွားဘူး၊ နောက်ဘယ် ဘက်ခြမ်း မှန်သွားတယ်၊ ဘယ်အဖွဲ့က ပစ်မှန်းမသိဘူး၊ လမ်းကြောကလည်း ဘယ်နေရာ ဘာဖြစ်မယ်မှန်းမသိဘူး၊ တဒိတ်ဒိတ်နဲ့မောင်းနေရတယ် ” ဟု မန္တလေး-ကသာ ပြေးဆွဲနေသည့် ယာဥ်မောင်းတစ်ဦးကပြောသည်။
ယာဥ်မောင်းအချို့အဆိုအရ ဒေသကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များကိုအချိန်နှင့် တစ်ပြေးညီမသိရှိရခြင်းနှင့် စစ်ကောင်စီလက် နက်ကိုင်အဖွဲ့များမှလည်း မထင်လျှင် မထင်သကဲ့သို့ ပစ်ခတ်မှုများရှိကြောင်းလည်းသိရသည်။
” အဲဒီ့အခက်အခဲက ဘာလဲဆိုတော့ Facebook မှာ အမြဲကြည့်မနေနိုင်တာဘဲ၊ ကားနားတဲ့အချိန်ကြည့် ခရီးသည်တွေ စားသောက်ပြီး ပြန်ထွက်၊ ဂိတ်ကတွေ့လို့ သိလို့ ဖုန်းဆက် လှမ်းပြောတဲ့အချိန်ကျ အဲလမ်းပိုင်းပေါ်ရောက်နေပြီ၊ အဲလိုကျတော့ ခရီးသည်နဲ့ဆိုတော့ ရပ်နေဖို့ကလည်း မဖြစ်၊ နီးစပ်ရာ မြို့ရွာအထိ မောင်းရတာပဲ၊ တစ်ခုပြောဖို့ကျန်သေးတယ်၊ စစ်တပ်ဂိတ်တွေ အမြဲဖြတ်နေတဲ့ကား ကျွန်တော်တို့ကားတွေ မျက်မှန်းတန်းမိနေတာကို မထင်ရင် မထင်သလို ပစ်တာပဲ ” ဟု မန္တလေး ရွှေကူပြေးဆွဲနေသည့် ယာဥ်မောင်း တစ်ဦးကပြောသည်။
မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာမြို့များကို မန္တလေးအခြေစိုက် အဝေးပြေးယာဥ်လိုင်းများမှ အဓိကထား ပြေးဆွဲနေခြင်းဖြစ်သည်။
လက်ရှိတွင် ရပ်နားထားသည့် ယာဥ်များရှိသကဲ့သို့ ဆက်လက်ပြေးဆွဲနေသေးသည့် ယာဥ်အချို့လည်း ရှိနေသေးကြောင်းသိရသည်။ mizzima