NCA ထိုးပြီးပါက တိုင်းရင်းသား လက်နက်အဖွဲ့များ လက်နက် ဆက်ကိုင်လိုလျှင် စစ်တပ် နှင့်နယ်ခြားစောင့်တပ်ထဲ ဝင်နိုင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ၂၀၀၈ အခြေခံဥပဒေတွင် အခြေခံရမည်ဟု မင်းအောင်လှိုင်ပြော

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များ အနေဖြင့် NCA တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးပါက လက်နက်ဆက်ကိုင်လိုလျှင် စစ်တပ်နှင့် နယ် ခြား စောင့်တပ် ထဲဝင်နိုင်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။
သြဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအဖွဲ့အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် NCA လက်မှတ်ရေးထိုးပြီးချိန်တွင် လက်နက်ဆက်ကိုင်လိုပါက စစ်တပ်နှင့် နယ်ခြားစောင့်တပ်တို့တွင် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ကြောင်း မင်းအောင်လှိုင်က ပြော သည်။
EAO များအနေဖြင့် NCA ရေးထိုးပြီးပါက စီးပွားရေးလုပ်ငန်းလုပ်ဆောင်လိုလျှင်လည်း ကူညီပေးမည်ဖြစ်ပြီး တိုင်ရင်းသားအခွင့်အရေး၊ ဒေသအခွင့်အရေးများအတွက်လည်း လွှတ်တော်တွင်ပါဝင်ဆွေးနွေးနိုင်မည်ဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုထားသည်။
သို့ရာတွင် ပြည်သူများအားထိခိုက်နစ်နာမှုရှိအောင် လုပ်ဆောင်ခဲ့မှုများ ရှိပါက နစ်နာသူက တိုင်တန်းလာလျှင် ဥပဒေနှင့်အညီဆောင်ရွက်မည်ဖြစ်ကြောင်း၎င်းက ပြောသည်။
အကြမ်းဖက်စစ်တပ်အနေဖြင့် စစ်မှန်သည့် ဒီမိုကရေစီစနစ်ကိုကျင့်သုံးကာ ဖယ်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ထောင်ရန် ဦးတည် ဆောက်ရွက်လျက်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များကိုလည်း ၂၀၀၈နှင့် NCA အပေါ်အခြေခံပြီး လုပ်ဆောက်လျက်ရှိကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် NCA ရေထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရှိနေပြီး NCA မရေးထိုး ရသေးသည့် EAO များကိုလည်း ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းနိုင်ရန် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆို သည်။ khit thit