Monthly Archives: Aug 2022

ပေါက်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၃ ဦးသေ၊ ၇ ဦးခန့် ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းမှာ သြဂုတ် ၂၂ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ ၇ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG အနောက်ပိုင်းတိုင်း တပ်ရင်း(၇၀၈ )၊ တပ်မဟာ-၇ ကနေ သိရပါတယ်။

တပ်ရင်း ၇၀၈၊ တပ်မဟာ ၇ တာဝန်ခံ ကိုတေဇက “စစ်(…)တွေဟာ ရွှေဘုံသာရွာနဲ့ တခြားရွာတွေက ပျူ(…)တွေပေါင်းပြီး အင်အား ၁၀၀ လောက်ပါတဲ့စစ်ကြောင်းက သြဂုတ်လ ၂၂ ရက်နေ့ နေ့လယ် ၁နာရီလောက်က ဂွေးဂုဏ်ရွာနားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်(…)တွေဘက်က ၃ ယောက်သေဆုံးက ၇ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်”လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲကို  တပ်ရင်း ၇၀၈၊ တပ်မဟာ ၇ ၊ PRF၊ PKU-GZ၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၊ MUGDF နဲ့ ပေါက်မြောက်ပိုင်း ဗိုလ်မီးခဲအဖွဲ့တို့ ပူးပေါင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ ရဲဘော် ၃ ယောက် ကျည်ဆန်ရှပ်မှန်လို့ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာ စသိန်း၊ ညောင်ရင်း၊ ဂွေးဂုဏ်၊ ဝက်ပုတ်နဲ့ ဂွေးပင်အင်းရွာတွေကို ၃ ရက်လောက်မီးပတ်ရှို့ပြီး အထိုင်ချဖို့ကြိုးစားနေလို့ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီတပ် အင်အား  ၅၀ လောက်ကတော့ ချောင်းကူးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးတဲ့ အရေအတွက်ကို  သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။

ပေါက်မြို့နယ်မြောင်ပိုင်းက ကျေးရွာ ၃ ရွာကို သြဂုတ် ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာလည်း စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့လို့ အိမ်ခြေ ၈၀ လောက်မီးလောင်ကျွမ်းခဲ့ပါတယ်။

ဒါ့အပြင် စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရင်း နာမကျန်းဖြစ်နေတဲ့ အသက် ၇၀ အရွယ် အဘွားအိုတယောက်သေဆုံးကာ ပြည်သူတွေပိုင်ဆိုင်တဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေအားလုံးကို စစ်တပ်က ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

မန္တလေးတွင် ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရပြီး သေဆုံး သူ ၂ ဦးမှာ ဟိုတယ်ဝန်ထမ်း ကိုစည်သူကိုကိုနှင့်မနှင်းဝေလှိုင် လင်မယားဖြစ်ပြီး CID ရဲမှူး စိုးကိုကို လင်မယား မဟုတ်ကြောင်း မန္တလေးဒေသခံများပြောဆို

မန္တလေးတွင် ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရပြီး သေဆုံး သူ ၂ ဦးမှာ ဟိုတယ်ဝန်ထမ်း ကိုစည်သူကိုကို လင်မယားဖြစ်ပြီး CID ရဲမှူး စိုးကိုကို မဟုတ်ကြောင်း မန္တလေးဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုကြသည်။

“သေသွားတာက CID ရဲမှူး စိုးကိုကိုမဟုတ်ဘူး။ အပစ်ခတ်ခံရပြီး ဆုံးတာက ကိုစည်သူကိုကို ။ ဘေထုတ်အထည် brand တွေရောင်းတာပါ။ နောက်ပြီး အမျိုးသမီး မနှင်းဝေလှိုင်က မြနန်းရုံ ဟိုတယ် ဝန်ထမ်းပါ။ CID ရဲမှူး စိုးကိုကို မဟုတ်ပါဘူး။ ကိုစည်နဲ့မနှင်းပါ သေဆုံးသူတွေက ” ဟု သေဆုံးသူများနှင့်ရင်းနှီးသည့် မိတ်ဆွေက ပြောသည်။

မန္တလေး UG များက CID ရဲမှူး စိုးကိုကို ဟု ဆိုနေကြသော်လည်း ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းသည့် ဒေသခံ ၃ ဦးထက်မနည်းက သေဆုံးသူ ၂ ဦးသည် ဟိုတယ်ဝန်ထမ်း ကိုစည်သူကိုကိုနှင့် မနှင်းဝေလှိုင် လင်မယားဖြစ်သည်ကို အတည်ပြုကြပြီး လူမှားယွင်း ပစ်ခတ်မိခြင်းဖြစ်နိုင်သည်ဟုဆိုကြသည်။

(မူလက သေဆုံးသူ ၂ ဦးသည် CID ရဲမှူး စိုးကိုကို ဖြစ်သည်ဆိုသော တော်လှန် ရေးအဖွဲ့တချို့ ပြောဆိုချက်ကို ကိုးကားဖော်ပြထားသော သ တင်းကို ဖြုတ်ချထားပါသည်။ သတင်းမှားယွင်းဖော်ပြမှုအတွက် အနူးအညွတ်တောင်းပန် ပါကြောင်း အသိပေးအပ်ပါသည်။) khit thit

မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် အုပ် ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ယမန်နေ့ညက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝ်ိုင်းဘုရားလမ်းပေါ်ရှိ အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အထူးတာဝန်လုပ်ငန်းအဖွဲ့ (Special Task Agency of Burman – SAT)က လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“သြဂုတ်လ ၂၂ ရက်နေ့၊ ည ၇ နာရီအချိန်မှာ တိုက်ခိုက်လ်ိုက်တာပါ။ ရဲဘော်တွေက Safe (လုံခြုံ ) ဖြစ်ပါတယ်။ အရင်ကတော့ စစ်ကောင်စီတပ်ကကောင်တွေ အုပ်ချုပ်ရေးမှူးရုံးက ဘန်ကာနောက်မှာ တပ်စွဲထားတာမျိုးရှိတယ်။ ကျွန်တော်တို့ သွားပစ်တဲ့အချိန်မှာတော့ ဒီကောင်တွေ မရှိတော့ဘူး။ အဲ့တော့ ကျွန်တော်တို့ ရုံးထဲကို ပစ်ထည့်လိုက်တယ်။ ရုံးထဲကို ပစ်ထည့်တဲ့အချိန်မှာ ခေါင်မိုးပေါ်ကို သွားကျတယ်” ဟု STA အဖွဲ့ တာဝန်ရှိသူက ပြောသည်။

အထူးတာဝန်လုပ်ငန်းအဖွဲ့ မှ ပြောက်ကျားရဲဘော်များသည် အုပ်ချုပ်ရေးမှူးရုံးတွင် စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တ်ိုက်ခိုက်ရန်သွားရောက်ခဲ့သော်လည်း ၎င်းတို့ရှိမနေသည့်အတွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့သာ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် လက်ပစ်ဗုံးသည် အုပ်ချုပ်ရေးမှူးရုံး၏ ခေါင်မိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အထိအခိုက်မရှိခဲ့ကြောင်း STA အဖွဲ့တာ ဝန်ရှိသူက ဆိုသည်။

မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းပေါ်ရှိ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည် ယခင်ကလည်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့၏ တိုက်ခိုက်မှုကို ခံခဲ့ရဖူးကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်ခံရပြီးနောက် အုပ်ချုပ်ရေးမှူးရုံးကို အကာအရံများ ချထားခြင်းအပြင် စစ်ကောင်စီတပ်က ဘန်ကာများဆောက်လုပ်ကာ လုံခြုံ ရေးစောင့်ကြပ်မှုများ ပြုလုပ်ပေးနေခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က လုံခြုံရေးအင်အားများစွာဖြင့် ထိန်းချုပ်န်ိုင်ရန် ကြိုးစားနေသည့် ရန်ကုန်မြို့တွင် ယခုလအတွင်း အုပ်ချုပ်ရေးမှူးရုံးများအား ဖောက်ခွဲတိုက်ခိုက်မှု၊ စစ်ကောင်စီတပ် ထောက်တိုင်နှင့် သတင်းပေးဒလန်ရှင်းလင်းမှုများကို ရန်ကုန်မြို့ပြ မြေအောက်တော်လှန်ရေးအဖွဲ့များက ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

ယမန်နေ့ သြဂုတ်လ ၂၂ ရက်၊ ညနေပိုင်းတွင်လည်း အစည်းအဝေးတက်ပြီးပြန်လာသည့် တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့၏ ပစ်ခတ်ရှင်းလင်းအရေးယူမှုတွင် ဇီးဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်ညွန့်အပါအဝင် ရာအိမ်မှူးနှစ်ဦး၊ ဆယ်အိမ်မှူးတစ်ဦး နှင့် စစ်ကောင်စီလက်ပါးစေနှစ်ဦး စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့ပြီး ဆယ်အိမ်မှူးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး) က သတင်းထုတ်ပြန်ထားသည်။ mizzima

EAO များ လက်နက် ဆက်ကိုင်လိုပါက တပ် မတော်နှင့် နယ်ခြားစောင့်တပ်ထဲ ဝင်ခွင့်ပြုမည်ဟု စစ်ခေါင်းဆောင်ပြော

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်နက်ဆက်လက်ကိုင်ဆောင်လိုပါက တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တွေမှာ ဝင်ရောက်တာဝန် ထမ်းဆောင်ရွက်ခွင့်ပေးသွားမယ်လို့  အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။ 

ဩဂုတ် ၂၂ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီခန့် ဝန်ကြီးတွေနဲ့  ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေ တက်ရောက်တဲ့ အစည်း အဝေးမှာ  စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။

အခုအခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနေပြီး အဆိုပါအဖွဲ့တွေနဲ့ သဘောတူညီချက်တွေရရှိပြီး လက် မှတ်ရေးထိုးနိုင်တဲ့အထိ အကြိမ်ကြိမ်ထပ်မံဆွေးနွေးဆောင်ရွက်သွားမှာဖြစ်ကြောင်း  နောင်တစ်ချိန် လွှတ်တော်တွေ ပြန်လည်ကျင်းပချိန်မှာ ငြိမ်းချမ်းရေးညီလာခံပြန်ကျင်းပမှာဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။

တိုင်းရင်းသားအခွင့်အရေး၊ ဒေသအခွင့်အရေးတွေရရှိဖို့ နိုင်ငံရေးစင်မြင့်လွှတ်တော်မှာ ဆွေးနွေးဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်လိုပါကလည်း ဥပဒေနဲ့ ညီညွတ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ရေး နိုင်ငံတော်က ကူညီဆောင်ရွက် ပေးမှာဖြစ် ကြောင်း၊ လက်နက်ဆက်လက်ကိုင်ဆောင် လိုပါကလည်း တပ်မတော်မှာ ဝင်ရောက်တာဝန်ထမ်းဆောင်ခြင်း၊ နယ်ခြားစောင့်တပ်တွေမှာ ဝင်ရောက်တာဝန် ထမ်းဆောင်ခြင်းများ ဆောင်ရွက်ခွင့်ပေးမယ်၊ ဒါပေမဲ့ ပြည်သူတွေ ထိခိုက်နစ်နာမှုတွေဖြစ်အောင် ဆောင်ရွက်ခဲ့တာရှိပါက နစ် နာတွေက တောင်းဆိုပါက ဥပဒေနဲ့ အညီဖြေရှင်း ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပြည်သူတွေအပေါ် ထိခိုက်နစ်နာအောင် လုပ်ခဲ့ရင်အရေးယူဖို့ စစ်ခေါင်းဆောင်ကပြောနေပေမဲ့ စစ်ကောင်စီတပ်တွေ ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေ၊ အဓမ္မပြုကျင့်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ အပေါ်မှာတော့ အရေးယူဖို့ စစ်ခေါင်းဆောင်က တစုံတရာပြောဆိုခဲ့တာ မရှိပါဘူး။

စစ်ကိုင်းတိုင်း အစွန်အဖျားပိုင်းဟာ သွားလာရေးကန့်သတ်ချက်ရှိနေလို့ PDF နဲ့ EAO တွေစိတ်ဝင်စားပြီး လက်နက်၊ ခဲယမ်းတွေ ပိုမိုစုဆောင်းလာတာကိုတွေ့ရကြောင်း၊ EAO တွေအနေနဲ့ သူတို့ နယ်မြေပြင်ပမှာ တိုက်ပွဲတွေဖြစ်ပွားတာကို ပိုမိုလိုလား ပုံဖော်နေတာ တွေ့ရလို့ လုံခြုံရေးအသိ၊ သတိနဲ့ ဆောင်ရွက်ရန်လိုကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ခေါင်းဆောင်ဟာ လတ်တလောမှာ တိုက်ပွဲတွေ ဖြစ်ပွားတာမရှိတဲ့  EAO အဖွဲ့တချို့ရဲ့ ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုတွေလည်းပြုလုပ်နေပါတယ်။ DVB

စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကန့်ဘလူ၊ ညောင်ကုန်းရွာ ပြာကျ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ညောင်ကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် ရွာလုံး ကျွတ် မီးရှို့ဖျက် ဆီး ခဲ့သဖြင့် ပြာကျသွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညောင်ကုန်းရွာကို ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို စိတ်ကြိုက်မွှေနှောက်ပြီးမှ ညနေ ၄ နာရီခန့်တွင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

” စစ်တပ်က ဘာတိုက်ပွဲမှမရှိဘဲ ရွာကို သေနတ်တွေ ပစ်ဖောက်ပြီး ဓားပြ ဆန်ဆန်ကို ဝင်စီးတာ သူတို့ဝင်လာပြီ ဆိုတာနဲ့ တစ်ရွာလုံးက အ သက်လုပြီးပြေးရတာ ပြည်သူတွေ ထိခိုက်သူရှိမရှိလည်း မသိရသေးဘူး။ ဖမ်းဆီး၊ ပိတ်မိသူတွေရှိမရှိလည်း အတည်မပြုနိုင်သေးဘူး။ ရွာလုံးကျွတ်ကို ရှို့နေတာ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က လက်ရှိချိန်ထိ ကျေးရွာပေါင်း ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေရပ် မပြန်နိုင်သော စစ်ဘေးရှောင် ပြည်သူ အများအပြားရှိနေကာ အရေအတွက် အတည်မပြုနိုင်အောင် နေ့စဥ် လူဦးရေ များပြားလာနေကြောင်း သိရသည်။ khit thit

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ စီးနင်းလာသည့်မော်တော်ယာဉ်ကို မြို့ပြပြောက် ကျားတပ်ဖွဲ့ ပစ်ခတ်၊ ၆ ဦးသေဆုံး ၁ ဦး ဒဏ် ရာပြင်းထန်

ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များစီးနင်းလာသည့် မော်တော် ယာဉ် ပစ်ခတ်ခံရပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ခြောက်ဦးသေဆုံးခဲ့သည်။

သြဂုတ်လ ၂၂ ရက်နေ့၊ ညနေပိုင်းက တွံတေးမြို့ပေါ်တွင် အစည်းအဝေးတက်ပြီးပြန်လာသည့် ဇီးဖြူကုန်း ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင်၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ စီးနင်းလာသည့်မော်တော်ယာဉ်ကို ဇီးဖြူကုန်းကျေးရွာအနီးရှိ မြကန်သာ၊ သဝန်းတောလမ်းဆုံတွင် ပြောက် ကျားတပ်ဖွဲ့က စောင့်ဆိုင်းပစ် ခတ်ခဲ့ခြင်း ဖြစ်သည်။

“သူတို့ကို စာထုတ်သတိပေးထားခဲ့တဲ့ကြားကနေ ဆိုးရွားစွာ ကျေးရွာနေပြည်သူတွေ ဖမ်းဆီးခံရအောင် လုပ်နေလို့ အရေးယူရတာပါ။ အရေး ယူခဲ့တဲ့သူတွေဟာ ဇီးဖြူကုန်းကျေးရွာမှာ စစ်ကောင်စီက ဆက်လက် ခန့်ထားတဲ့အုပ်စုထဲက တစိတ်တပိုင်း ဖြစ်ပါတယ်။ ဆက်လက်ဆိုးရွားနေတဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ ထောက်တိုင်တွေ ကျန်ပါသေးတယ်။

အခုလို အရေးယူမှုက ကျန်တဲ့သူတွေရဲ့ လုပ်ရပ်တွေကို ရပ်တန့်စေဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ မလွဲမရှောင်သာ အရေးယူရပါလိမ့်မယ်” ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး)မှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ပြောက်ကျားတပ်ဖွဲ့၏ပစ်ခတ်မှုအတွင်း မော်တော်ယာဉ်ပေါ်တွင်လိုက်ပါလာသည့် တွံတေးမြို့ ဇီးဖြူကုန်း ကျေးရွာအုပ်ချုပ်ရေးမှူး ခင်ညွှန့်၊ ရာအိမ်မှူး အေးမြင့်၊ ရာအိမ်မှူး သန်းထွေး(ခ)ဗေဒါ၊ ဆယ်အိမ်မှူး ဝင်းဇော်(ခ)မိုးထိ၊ အကြမ်းဖက်စစ်ကောင်စီထောက်တိုင် ဘိုဘိုနှင့် မော် တော်ယာဉ်မောင်းနှင်သူ အပါ အဝင် ခြောက်ဦးသေဆုံးခဲ့ပြီး ဆယ်အိမ်မှူးဆန်းလွင်(ခ)ဂျပန်ကော့မှာ ပြင်းထန် ဒါဏ်ရာရရှိခဲ့ကြောင်း ပြောက် ကျားတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်လည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါလာ သည့် မော်တော်ယာဉ်ပစ်ခတ်ခံရမှုအတွင်း ယာဉ်မောင်းဖြစ်သူနှင့် လမ်းဘေးတွင်ရှိနေသည့် သုံးဘီးအငှား ယာဉ်မောင်းတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ထုတ်ပြန်မှုများရှိခဲ့သည်။

“ သုံးဘီးသမားနာမည်က ဘိုဘိုပါ။ သူကိုယ်တိုင်ကလည်း ဇီးဖြူကုန်းမှာတပ်စွဲထားတဲ့ စစ်ခွေးတွေကို ကျွေးမွေးနေတဲ့ကောင်ပါ။ ကားသမားကတော့ အုပ်ကြီးခင်ညွန့်ကိုယ်တိုင်ခေါ်ယူလာတဲ့ လက်ပါးစေပါ။ မြေပြင်အန္တရာယ်နဲ့ လှုပ်ရှားဆောင်ရွက်ရတဲ့အခါမှာ ပြည်သူတွေကိုမထိခိုက်အောင် ကြိုးစားဆောင်ရွက် ရပါတယ်။ အခုလည်း အပြစ်မဲ့ပြည်သူတွေကို မထိခိုက်အောင်ဆောင်ရွက်နိုင်ခဲ့ကြပါတယ်” ဟု ပြောက် ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က တွံတေးမြို့အဝင်အထွက်နေရာများတွင် လုံခြုံရေး အင်အားအများအပြားဖြင့် ပိတ်ဆို့စစ်ဆေးခြင်းများပြုလုပ်ခဲ့သည့်အပြင် တွံတေးမြို့အတွင်းကိုလည်း အိမ်စီးကားများဖြင့် လှည့်လည်စစ်ဆေးခြင်းများ ရှိခဲ့သည်။

သို့သော် ပစ်ခတ်ရှင်းလင်းမှုကိုလုပ်ဆောင်ခဲ့သည့် မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး)မှ ရဲဘော်များ အထိ အခိုက် တစ်စုံတစ်ရာမရှိဘဲ အောင် မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြောက်ကျားတပ်ဖွဲ့၏ ရှင်းလင်းခြင်းခံလိုက်ရသည့် ဇီးဖြူကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် စစ်တပ်အာဏာမသိမ်းခင်အချိန်က တည်း က ဇီးဖြူကုန်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေကြသူများ ဖြစ်ပြီး ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမာခံထောက်ခံကြသူများ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့သည် စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တွံတေး ခလရ တပ်ရင်း(၇၀)မှ တပ်စိတ်အားခေါ်ယူ၍ ကျေးရွာနေပြည်သူလူထုအား လက်နက်နှင့် အင်အားပြခြိမ်းခြောက်စေခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

ထို့ပြင် ဒီမိုကရေစီလိုလားသူများအား သတင်းပေးကာ ဖမ်းဆီးစေခြင်း၊ နေအိမ်များကို ချိပ်ပိတ်စေခြင်း များအပြင် ကျေးရွာနေုပြည်သူများအား ဖိနှိပ်မှုမျိုးစုံကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ လုပ်ဆောင်နေမှုများကို ရပ်တန့်ရန် ပြောက်ကျားတပ်ဖွဲ့က သတိပေးစာများပေးပို့ခဲ့သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် ၎င်းတို့အဖွဲ့ထဲမှသတင်းပေးသူတစ်ဦး၏အကူအညီဖြင့် ယခုကဲ့သို့ရှင်းလင်း အရေးယူလိုက်ခြင်းဖြစ်ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး)က သတင်းထုတ်ပြန်ထားသည်။

“ ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီနဲ့ထောက်တိုင်တွေကို ဆက်လက်အရေးယူ ဆောင်ရွက်သွားမှာပါ။ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ထောက်တိုင်တွေနဲ့ နီးကပ်စွာဆက်ဆံတာမျိုး မပြုလုပ်ကြဖို့ မေတ္တာရပ်ခံလ်ိုပါတယ်” ဟု ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

တွံတေးမြို့နယ်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ရန်နှင့် သတင်းပေးဒလန်များ၏ လုပ်ရပ် များကိုရပ်တန့်ရန် သတိပေးမှုများပြု လုပ်ထားခဲ့ပြီးနောက် လိုက်နာခြင်းမရှိသူများကို မြို့ပြပြောက်ကျား တပ်ဖွဲ့(တွံတေး)က တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်း ဖြစ် သည်။

စစ်ကောင်စီတပ်သည် တွံတေးမြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများရှိ စစ်အာဏာသိမ်းဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူများနှင့် မြေအောက်တော် လှန်ရေးရဲဘော်များကို ပိုက်စိပ်တိုက် လိုက်လံရှာဖွေမှုများ ပြုလုပ်နေ ပြီး ဖမ်းဆီးခံရမှုများလည်းရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ထို့အပြင် တွံတေးမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ထားခြင်းအပြင် စစ်ကောင်စီတပ်က လုံခြုံ ရေးအင်အားများစွာဖြင့် စစ်ဆေးမှုများလုပ်ဆောင်ကာ ပြည်သူများအား ဖိနှိပ်လျက်ရှိသည်။

ထိုသို့ တွံတေးမြို့ကို စစ်ကောင်စီတပ်က လုံခြုံရေးအင်အားများစွာဖြင့် တင်းကျပ်ထားသော်လည်း မြို့ပြ ပြောက်ကျားတပ်ဖွဲ့(တွံတေး)က ဇီးဖြုကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို ပစ်ခတ်ရှင်းလင်းအရေး ယူမှုလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ mizzima

ယင်းမာပင်မြို့နယ် ဝင်းကုန်းကျေးရွာ အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄ ဦး သေ ဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဝင်းကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သြဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သားလေးဦးသေဆုံးပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘက်မှ ရဲဘော်တစ်ဦး ကျည်ထိမှန်ကျဆုံးခဲ့ကြောင်း ယင်းမာပင် ခရိုင်တပ်ရင်း(၁) သတင်းနှင့် ပြန်ကြား ရေးတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ စစ်ကောင်စီတပ်သားတွေ ဝင်းကုန်းကျေးရွာကအထွက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်။ တိုက်ပွဲ ကြာချိန်ကတော့ တစ်နာရီကျော်ကြာရှိပါတယ်။ လက်နက်ကြီးငယ်တွေသုံးပြီး အပြန်အလှန်တိုက်ခိုက်ခဲ့ တာဖြစ်တယ်။ စစ်ကောင်စီတပ်ဘက်ကတော့ မျက်မြင်တွေ့ရှိရတဲ့ အလောင်းလေးလောင်းအထိ တွေ့ ထားရပါတယ်။ ကျနော်တို့ဘက်ကတော့ ရဲဘော်တစ်ဦးကျည်ထိမှန်၍ ကျဆုံးခဲ့တယ်” ဟု ယင်းမာပင် ခရိုင်တပ်ရင်း(၁) သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကဆိုသည်။

ယင်းတိုက်ပွဲတွင် ယင်းမာပင် ခရိုင်တပ်ရင်း(၁)၊ Alpha Special Force နှင့် ကနီ-ယင်းမာပင်မဟာမိတ် များပူးပေါင်း၍တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်က ဝင်းကုန်းကျေးရွာရှိ စစ်ရှောင်ပြည်သူ ကိုချစ်ဝင်းအား သေနတ်ဖြင့်ပစ်သတ်ခဲ့ ကြောင်း သိရပါသည်။ စစ်ကောင်စီတပ်၏ နယ်မြေရှင်းလင်းမှုမျာကြောင့် ဝင်းကုန်း ၊ ကြက်၊ သလောက်၊ ပေါက်အင်းမြိုင်နှင့် သစ်ရာပင်ကျေးရွာများမှ လူဦးရေထောင်နှင့်ချီ၍ စစ်ရှောင်နေရကြောင်း သိရသည်။ mizzima

အောင်သောင်းသား နေအောင်နှင့် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်မိုးအောင် ပိုင် United Amara Bank ကို Euromoney ကအကောင်းဆုံးဘဏ်ဆု ပေးအပ်မှုပြန်ရုပ်သိမ်းရန် တောင်းဆို

ယူကေအခြေစိုက် ဘဏ်နဲ့ဘဏ္ဍာရေးဆိုင်ရာ မီဒီယာကော်ပိုရေးရှင်းကြီး တစ်ခုဖြစ်တဲ့ Euromoney က အကြမ်းဖက်စစ်တပ်နဲ့ဆက်နွယ်တဲ့ United Amara Bank (UAB) ကို မြန်မာနိုင်ငံရဲ့ “အကောင်းဆုံးဘဏ်” အဖြစ် ရွေးချယ်ခဲ့တယ်လို့ Justice for Myanamr အဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

UAB ဘဏ်ဟာ ခရိုနီးစီးပွားရေးလုပ်ငန်းစုကြီး IGE Group of Companies နဲ့ ပတ်သက်ဆက်နွယ်မှုရှိနေတာပါ။ IGE ကုမ္ပဏီကို သဘောထား တင်းမာသူအဖြစ် နံမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ စစ်ခေါင်းဆောင် အောင်သောင်းရဲ့ သား နေအောင်က ပိုင်ဆိုင်ပါတယ်။ သူဟာ ကာကွယ်ရေးဦးစီးချုပ် (ရေ) မိုးအောင်ရဲ့ အစ်ကိုဖြစ်သူလည်း ဖြစ်ပါတယ်။

အဲ့ဒီလုပ်ငန်းစုကြီးရဲ့ အဓိကကုမ္ပဏီတစ်ခုဖြစ်တဲ့ International Group of Entrepreneur Co. Ltd. ကို အီးယူက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားပါတယ်။

အီးယူရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုပြဌာန်းချက်မှာ “ IGE ဟာ ၂၀၁၇ ခုနှစ်တုန်းက လုပ်ခဲ့တဲ့ ရခိုင်ပြည်နယ် “နယ်မြေရှင်းလင်းစစ်ဆင်ရေး” တွေမှာ မြန်မာစစ်တပ် ကို ဘဏ္ဍာရေးအကူအညီတွေပေးပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ IGE ဟာ မြန်မာစစ်တပ်ကို သွယ်ဝိုက်ပြီး ငွေကြေးအကူအညီတွေ ပေးအပ်ခဲ့ပြီး၊ အဲဒီကတဆင့် မြန်မာစစ်တပ်ဆီက အကျိုးအမြတ်တွေ ပြန်ရနေတယ်“ လို့ ဖော်ပြခဲ့ပါတယ်။

Wikileaks က ဖော်ထုတ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် အမေရိကန်ပြည်ထောင်စုသံရုံး ကြေးနန်းမှာ နေအောင်နဲ့ သူရဲ့ နောက်ညီတစ်ဦးဖြစ်တဲ့ ပြည်အောင်တို့ကို “ခရိုနီလက်သစ်” တွေအဖြစ် သုံးနှုန်းဖော်ပြခဲ့ပြီး၊ သူတို့မိသားစုဝင်တွေနဲ့ အစိုးရကြားမှာ ရှိတဲ့ နီးကပ်ရင်းနှီးတဲ့ ဆက်ဆံရေးတွေကို ဖော်ပြခဲ့ပါတယ်။

မြန်မာကုမ္ပဏီမှတ်ပုံတင်ဌာနရဲ့ အချက်အလက်တွေအရ နေအောင်နဲ့ ဇနီးဖြစ်သူ ခင်မိုးညွန့်တို့က ၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့အထိ UAB Bank Limited ရဲ့ အဓိကပိုင်ဆိုင်သူတွေ ဖြစ်ကြပါတယ်။ အဲဒီနောက်မှာတော့ သူတို့ရဲ့ ရှယ်ယာတွေကို ဟန်ပြကုမ္ပဏီနှစ်ခုဖြစ်တဲ့ မျိုးအောင်ပိုင်ဆိုင်တဲ့ Future Growth Investment Co. Ltd. နဲ့ အေးအေးဆွေပိုင်ဆိုင်တဲ့ Capital Link Investment Co. Ltd. တွေဆီ လွှဲပြောင်းခဲ့တာ ဖြစ်ပါတယ်။

နာမည်ခံရှယ်ယာရှင်ဖြစ်တဲ့ မျိုးအောင်က စစ်တပ်ရဲ့ ဗိုလ်မှူးကြီးတစ်ဦးဖြစ်တဲ့ နေအောင်ရဲ့ ဝမ်းကွဲ ညီအစ်ကိုတစ်ဦး ဖြစ်နိုင်ချေရှိပါတယ်။ ဗိုလ်မှူးကြီးမျိုးအောင် ဟာ ၂၀၁၆ ခုနှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖမ်းဆီးထားတဲ့ ကျေးရွာသား ၅ ဦးကို သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့အတွက် စစ်ခုံရုံးတင် စစ်ဆေးခြင်းခံခဲ့ရပါတယ်။

ကော်ပိုရိတ်မှတ်တမ်းတွေအရ ဘဏ်ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ နေအောင်ဟာ ဒဏ်ခတ်ပိတ်ဆို့ မှုတွေကို‌ ရှောင်ရှားဖို့ IGE ကုမ္ပဏီကို အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပြီးနောက် ၄ ရက် အကြာ၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ UAB ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ကနေ နုတ်ထွက်ခဲ့ပါတယ်။

ဒါပေမဲ့လည်း UAB ဘဏ်ဟာ နှစ်ဘက်စလုံးမှာ ဆက်လက်ပါဝင်ဆဲဖြစ်နေတဲ့ ဒါရိုက်တာတွေကနေတဆင့် IGE Group နဲ့ ဆက်နွယ်နေဆဲဖြစ်တယ်။ အထင်ရှားဆုံးက IGE Group ရဲ့ စီအီးအို သန်းဝင်းဆွေက ဘဏ်ပိုင်ဆိုင်မှု ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ပြီးနောက်ပိုင်း UAB ဘဏ်ရဲ့ ဒါရိုက်တာတစ်ဦးအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။

နောက်ထပ် UAB ဒါရိုက်တာတစ်ဦးဖြစ်သူ သန့်ဇင်ဟာ UAB ရဲ့ အခြေခံအဆောက်အဦးကုမ္ပဏီခွဲ Future Creator Group Construction ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့မှာ ဆက်လက်ရှိနေပြီး၊ ၂၀၂၂ ခုနှစ် အစောပိုင်းအထိ IGE Land ရဲ့ ဒါရိုက်တာတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် Euromoney ရဲ့ လက်ခွဲထုတ်ဝေရေး မဂ္ဂဇင်းတခုဖြစ်တဲ့ Asiamoney ကလည်း မြန်မာနိုင်ငံရှိ UAB ကို “အကောင်းဆုံးပြည်တွင်းဘဏ်” ၊ “သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီမံအုပ်ချုပ်မှု (ESG) အတွက် အကောင်းဆုံးဘဏ်” ၊ “အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) အတွက် အကောင်းဆုံးဘဏ်” ဆုတွေကို ပေးအပ်ခဲ့ပါသေးတယ်။

Asiamoney ဟာ KBZ group of companies ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ခရိုနီဘဏ် KBZ ကိုလည်း CSR ဆုတစ်ခု ပေးအပ်ခဲ့ပါတယ်။ KBZ ဘဏ်ဟာ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးဦးပိုင် လိမိတက်နဲ့ ဆက်နွယ်နေပြီး၊ KBZ ရဲ့ ပရဟိတအဖွဲ့အစည်း Brighter Future Foundation က စစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ကူညီပံ့ပိုးတဲ့အနေနဲ့ မြန်မာစစ်တပ်ကို အလှူငွေအ မြောက်အမြား ပေးအပ်ခဲ့တာပါ။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဖုံးကွယ်ဖို့ ကြိုးစားနေပေမယ့် မြန်မာစစ်တပ်နဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေကနေ ဧရာမကြွယ်ဝချမ်းသာမှုတွေ တည်ဆောက်ထားပြီး၊ စစ်တပ်ရဲ့ စနစ်တကျ အမြစ်တွယ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေကနေ အကျိုးအမြတ်တွေရပြီး၊ စစ်ရာဇဝတ်ကောင်တွေကို ကြွယ်ဝချမ်းသာအောင် လုပ်ဆောင်ပေးနေတဲ့ စီးပွားရေးအင်ပါယာတစ်ခု ဖြစ်တဲ့ နေအောင်ရဲ့ IGE group နဲ့ UAB ဘဏ်တို့ ပတ်သက်နေကြတာ ရှင်းရှင်းလင်းလင်း ပေါ်လွင်နေပါတယ်။

“အီးယူဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ကုမ္ပဏီတစ်ခုနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေတဲ့ ဘဏ်တစ်ခုကို Euromoney က သူတို့ရဲ့ “မြန်မာနိုင်ငံ အ ကောင်းဆုံးဘဏ်ဆု” ကို UAB ဘဏ်ကို ပေးအပ်ခဲ့တာဟာ ဘဏ်ရဲ့ ဂုဏ်သိက္ခာပုံရိပ်ဆိုးကို ကာကွယ်ဖျောက်ဖျက်ဖို့ ခဝါချလျှော်ဖွတ် ပေး လိုက်တာဖြစ်ပါတယ်။ ခုလို ဂုဏ်သိက္ခာပုံရိပ်ဆိုးကို ကာကွယ်လျှော်ဖွတ်ပေးတဲ့ လုပ်ရပ်ကို လက်မခံနိုင်ပါဘူး”

“စစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေကို IGE၊ KBZ နဲ့ အခြားသောခရိုနီကုမ္ပဏီတွေက ငွေကြေးထောက်ပံ့နေတာကြောင့် စစ်ကောင်စီအနေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ကျူးလွန်နေနိုင်ခြင်းလည်း ဖြစ်ပါတယ်”

“Euromoney နဲ့ Asiamoney တို့အနေနဲ့ တာဝန်သိသိ အရေးယူဆောင်ရွက်ရမှာဖြစ်ပြီး၊ UAB နဲ့ KBZ ဘဏ်တွေကို ပေးအပ်ထားတဲ့ ဆုတံ ဆိပ် တွေကို ချက်ချင်းပြန်လည်ရုပ်သိမ်းပေးရပါမယ်” လို့ ပြောကြား ခဲ့ပါတယ်။khit thit

ချင်းပြည်နယ်အတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ခွဲတမ်း ၁၀ ဘီလီယံ ရရှိထားသော် လည်း ချေးယူ မည့်သူ မရှိသေး

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ မှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေအတွက်ဟုဆိုကာ ချင်းပြည်နယ်မှ ခွဲတမ်း ၁၀ ဘီလီယံရရှိထားသော်လည်း လက်တလောချေးယူမည့်သူမရှိသေးဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့က နေပြည်တော် တွင် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များကို ဆင့်ခေါ်ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ရာတွင် ကယား၊ ချင်း၊ ရခိုင်ပြည်နယ်တို့တွင် မြစိမ်းရောင်စီမံကိန်းများ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန်အတွက် ၁၀ ဘီလီယံ ပေးအပ်ခဲ့သည်။

“ ထွေအုပ်ရုံးတွေမှာ ဘာသာရေးဆရာတော်တွေ၊ မြို့မိမြို့ဖတွေနဲ့ လုပ်ငန်းရှင်တွေ ခေါ်ပြီးတော့ ချပြ တယ်ပေါ့။ စစ်ကောင်စီကနေပြီးတော့ စီးပွားရေးကုစားဖို့အတွက် ချင်းပြည်နယ်အတွက် ၁၀ ဘီလီယံ ရ ထားတယ်။ ဒါကို မြို့နယ်အလိုက်ခွဲပေးမယ်၊ ဘယ်သူတွေချေးချင်လဲပေါ့။ ဘာတွေလုပ်ချင်လဲဆိုပြီးတော့ ပြောတယ်။ ဒါပေမယ့် ဘယ်သူမှ မချေးရဲကြဘူး။ လူငယ်တွေ (CDF တွေ)က တင်ဒါလုပ်ငန်းတွေတောင် တား မြစ်ထားကြတာလေ။ ကြောက်ကြတာပေါ့။ တစ်ချို့ကလည်း ချေးချင်ကြတယ်” ဟု အဆိုပါအစည်း ဝေးကို တက်ရောက်ခဲ့သည့် ဟားခါးဒေ သခံတစ်ဦးကပြောသည်။

မြစိမ်းရောင်စီမံကိန်းဆိုသည်မှာ ကျေးလက်ဒေသများတွင် နွမ်းပါးသူများ အလုပ် လုပ်ကိုင်နိုင်ရန်အတွက် ကျေးလက်နေပြည်သူများ၏ အ သက် မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစု ဝင်ငွေတိုးပွားစေရန်ရည်ရွယ်ပြီး ကျေးရွာပေါင်း ၁၁,၆၄၃ ရွာတွင် အ ရင်း မပျောက်လည်ပတ်ရန်ပုံငွေအဖြစ် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သန်း ၃၀ မတည်ပေးပြီး၊ တိုးပွားလာသောငွေများအား ကျေးရွာရန်ပုံငွေ အဖြစ်ထားရှိ၍ ကျေးရွာပြည်သူများထံ ပြန်လည်ထုတ်ချေးခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်ခြင်း၊ နှစ်အလိုက်ကျေးရွာများကို ထပ်တိုးဆောင်ရွက်ခြင်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူအကောင်အထည် ဖော်သည့်လုပ်ငန်းဖြစ်သည်။

လက်ရှိတွင် ချင်းပြည်နယ်အတွင်း မည်သည့်တင်ဒါလုပ်ငန်းများမှ လုပ်ကိုင်နိင်ခြင်းမရှိဘဲ ရပ်နားထားရ ပြီး အချို့တင်ဒါအောင်ထားသည့်ကုမ္ပဏီများလည်း လုပ်ငန်းမလုပ်နိုင်သည့်အတွက် ငွေပြန်အပ်ကြသည် ဟု သိရသည်။ mizzima

« Older Entries Recent Entries »