ကိုစည်သူကိုကိုနှင့် ဇနီး မနှင်းဝေလှိုင်ကို မှား ယွင်းပစ်ခတ်လိုက်၍ ကွယ်လွန်မှု ပြည်သူများနှင့် နစ်နာသူ မိသားစုကို မြို့ပြ ပျောက်ကျားအဖွဲ့က ဝန်ချတောင်း ပန်၊ နောင်တစ်ချိန် အ ပြစ်အတွက် ခံယူမည်ဟု အတိအလင်း အသိ ပေး

မန္တလေးမြို့ လမ်း ၃၀ နှင့် ၅၇ လမ်းထောင့်တွင် ယမန်နေ့ နံနက်ပိုင်း ကိုစည်သူကိုကိုနှင့် ဇနီး မနှင်းဝေလှိုင်ကို မှား ယွင်းပစ်ခတ်မှုကြောင့် ကွယ် လွန်သွားရမှုအပေါ် Tiger Force Mandalay အဖွဲ့က ပြည်သူများနှင့် နစ်နာသူ မိသားစုကို ဝန်ချတောင်းပန်လိုက်သည်။

Tiger Force Mandalay အဖွဲ့မှ တာဝန်ခံ ဗိုလ်လရောင်က တောင်းပန်စာကို ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ယင်းစာတွင် CID ရဲမှူးစိုးကိုကို လျှို့ ဝှက်တာဝန်ထမ်းဆောင်နေကြောင်း ဖရဲသီး သတင်းပေးချက်အရ စုံစမ်းထောက် လှမ်းခဲ့ရာ အချက်အလက်များ ကိုက်ညီသဖြင့် မစ်ရှင်ဆောင် ရွက်ခဲ့ကြောင်း၊ သို့ရာတွင် မြေပြင် ထောက်လှမ်းရေး၏ အားနည်းချက်အမှားကြောင့် လူမှားပစ်ခဲ့မိ၍ စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားသည်။

လက်ရှိ CID ရဲမှူး စိုးကိုကိုမှာလည်း ပျောက်ဆုံးနေပြီး မိသားစုနှင့် အဆက် အသွယ်ပြတ်တောက်နေသည်ဟု သိရှိရကြောင်း၊ ထို့ကြောင့် အ သေး စိတ်အချက် အလက်များ ဆက်လက် စိစစ်လျက်ရှိကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

မြို့ပြပျောက်ကျားတပ်ဖွဲ့အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အ၀ရှိပြီး အားနည်းချက် အမှားများကြောင့် မရည်ရွယ်ဘဲ မှားယွင်းပစ်ခတ်လိုက်၍ ကွယ်လွန်ခဲ့သူ ၂ ဦးအတွက် မိဘပြည်သူများနှင့် နစ်နာသူမိသားစုကို ဝန်ချ တောင်းပန်ပါကြောင်း၊ နောင်တစ်ချိန်တွင် အပြစ် အတွက် ခံယူသွားမည်ဖြစ် ကြောင်း တာဝန်ခံ ဗိုလ်လရောင်က ကြေညာချက် ထုတ်ပြန်ပြောဆိုထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s