ပြောက်ကျားစစ်မှ တန်ပြန်ထိုးစစ်ဆင်နိုင်ရန် လိုအပ်ချက်များကို မဟာမိတ်များနှင့်အတူ ဖြည့်ဆည်းနေသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဆို

ပြောက်ကျားစစ်မှ တန်ပြန်ထိုးစစ်ဆင်နိုင်ရန် လိုအပ်ချက်များကို မဟာမိတ်များနှင့်အတူ ဖြည့်ဆည်းနေသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောကြားသည်။

” မဟာဗျူဟာခံစစ်(​ပြောက်ကျားစစ်)က​နေ ​တန်ပြန်ထိုးစစ်ဆင်နိုင်​ရေး လိုအပ်ချက်တွေ အမြန်ဆုံး ဖြည့်ဆည်းနိုင်ဖို့ NUGနဲ့ မဟာမိတ်​တွေ အတူတကွ ကြိုးစား​နေကြတယ်” ဟု ကာကွယ်ရေးဝန်ကြီးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

လေ့ကျင့်မှု စုဖွဲ့မှု ကောင်းသည့်တပ်များမှာ မြေပြင်တွင် ထိထိရောက်ရောက်လုပ်ကိုင်နိုင်သည်ကို တွေ့ရကြောင်း၊ စနစ်တကျ လေ့ကျင့်ကွပ်ကဲတပ်ဆင်ထားသည့် တပ်ရင်းတပ်ဖွဲ့ PDF များမှာ ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ပုံပေါ်လာပြီဟု NUG ဝန်ကြီးက ဆိုသည်။

“ဒီရက် အညာ​ဒေသ ကသာ၊​ ကောလင်း၊ ကန့်ဘလူနဲ့ ​တောင်ပိုင်း ​မြဝတီ၊​ကော့ကရိတ်တို့က တိုက်ပွဲတွေကို ကြည့်ရင် ဒီအချက်ကို သိနိုင်တယ်။ PDFနဲ့ မဟာမိတ်​တွေဟာ ရန်သူစစ်​ကြောင်း​တွေကို အထိနာ​အောင် ​ချေမှုန်းနိုင်ရုံသာမက အရာရှိ​တွေပါဝင်တဲ့ သုံ့ပန်း​တွေ လက်ရဖမ်းနိုင်တာ၊စစ်လက်နက်ပစ္စည်း​တွေ သိမ်းပိုက်နိုင်တာကိုပါ တွေ့လာရတယ်” ဟု ဦးရည်မွန်က ပြောသည်။

ဒေသကာကွယ်ရေးတပ်များအပြင် တော်လှန်ရေးအင်အားစုများအား ဒေသအလိုက် စုစည်းမှု၊ ကွပ်ကဲမှု ပိုအား​ကောင်း​ရန် အားစိုက်လုပ် ဆောင်နေသည်ဟု ဦးရည်မွန်ကပြောသည်။

“ကိုယ့်နယ်​​မြေထဲ ဝင်လာတဲ့ စစ်​ကောင်စီစစ်​ကြောင်း​တွေကို ဗျူဟာ​မြောက် ​ချေမှုန်းနိုင်​ဖို့အတွက်လည်း စနစ်တကျ ပြင်ဆင်လုပ်​ဆောင်​နေကြတယ်။ ရွာစဥ်လှည့် မီးတိုက်၊ လူသတ်​နေတဲ့ အကြမ်းဖက်ငနဲ​တွေ ဘယ်နှစ်လခံမလဲ ​စောင့်ကြည့်ကြတာ​ပေါ့” ဟု ဦးရည်မွန်က ရေးသားထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s