ဧရာဝတီသတင်းဌာန ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော်ကို ထောင် ၃ နှစ်ချ

ဖမ်းဆီးခံထားရတဲ့ ဧရာဝတီသတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက်ဟောင်း ဇော်ဇော် (ဒိုင်ယာနာ) ကို ဩဂုတ် ၂၄ ရက်က အိုးဘိုထောင်တွင်း တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ထောင်ဒဏ် ၃ နှစ်ကျခံဖို့ အမိန့်ချခဲ့တယ်လို့ တရားရေးအသိုင်းအဝိုင်းက သိရပါတယ်။

ဧရာဝတီသတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက်ဟောင်း ဇော်ဇော် (ဒိုင်ယာနာ) ဟာ ဧပြီ ၁၀ ရက်က နေအိမ်မှာ ဖမ်းဆီးခံလိုက်ရပြီး ပုဒ်မ ၅၀၅ – က နဲ့ တရားစွဲဆိုခံထားရတာပါ။

“ဒီနေ့ ဧရာဝတီသတင်းထောက်ဟောင်း ဇော်ဇော်ကို အမိန့်ချတယ်။ ထောင်ဒဏ် ၃ နှစ် ချတယ်လို့ ကြားတယ်” တရားရေးအသိုင်းအဝိုင်းမှ အ မည်မဖော်လိုသူတဦးက ပြောပါတယ်။

ဧရာဝတီသတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက်ဟောင်း ဇော်ဇော် (ဒိုင်ယာနာ) ကို နန်းတွင်းစစ်ကြောရေးမှာ တလကျော်ကြာ စစ်ဆေးပြီး အိုးဘိုအကျဉ်းထောင်ကိုပို့ခဲ့ကာ မေလ ၆ ရက်နေ့က တရားရုံးစွဲတင် စစ်ဆေးတာလို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s