ခင်ဦးတွင် လမ်းမှားလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားသူရိန်ကို လက် နက်နှင့်အတူ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်သား သူရိန်ကို လက် နက်နှင့်အတူ ယနေ့ အရှင် ဖမ်းဆီးရမိကြောင်း Khin-U Dynamite Squadမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“သူက လမ်းမှားရင်းနဲ့ ကျွံ့လာလို့ ကျနော်တို့ ဖမ်းလိုက်တာပါ။ သူ့မှာ လက် နက်တစ်လက်လည်းပါတယ်။ အခုတော့ သက်ဆိုင်တဲ့ဆီမှာအပ် ထားပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ဩဂုတ်လ ၂၅ ရက် မွန်းလွဲ ၁ နာရီအချိန် ဒေသကာကွယ်ရေးအဖွဲ့များဖြစ်သည့် Khin-U Dynamite Squad၊ ရောင်နီပျောက်ကျား၊ Narapati Local Guerrilla Revolution Force N.L.G.R.F က ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။khit thit