Monthly Archives: Aug 2022

မန္တလေးတွင် လက်နက်ဖမ်းမိသည့် ပုံဟောင်းများဖြင့် ဖြန့်ဝေနေသည့်သတင်းတု

န္တလေးကွင်းဆက်အရဟုဆိုကာ ဖမ်းဆီးရမိသည့်လက်နက်ပုံများ ဖေ့စ်ဘုတ်တွင်ပျံ့နှံ့ လျက်ရှိနေသည်။ ထိုပုံများမှာ ပုံဟောင်းများဖြစ်နေသည်။

“Min Than Htake” အမည်ရှိ ဖေ့စ်ဘုတ်အကောင့်မှ “မန္တလေးကွင်းဆက်အရ ထပ်စစ် ထပ်ရ Credit” ဟု ရေးသားကာ ဓာတ်ပုံ ငါးပုံပါဝင်သည့်ပို့စ်အား Patriotic Heros အမည်ရှိ ဖေ့စ်ဘုတ်ဂရုတွင် ဩဂုတ်လ ၂၂ ရက်နေ့ကဖြန့်ဝေခဲ့သည်။ ယင်းပို့စ့်ကို ကြိုက်နှစ်သက်သူ ၄၈၀ နှင့် ပြန်လည်မျှဝေသူ ၁၀၀ အထိရှိခဲ့သည်။ ထို့ပြင် ဖေ့စ်ဘုတ်အကောင့်များမှလည်း ယင်းပို့စ်ကိုပြန်လည်ကူးယူကာဖော်ပြမှုများရှိခဲ့သည်။ ထိုဖော်ပြမှု တွင် မည်သည့်အချိန်ကဖြစ်ပျက်ခဲ့သည်ကို တိတိကျကျဖော်ပြထားခြင်းလည်း မရှိပေ။

ထိုပုံသည် ဩဂုတ်လ ၁၇ ရက်နေ့က မန္တလေးမှ ကျောက်မျက်လုပ်ငန်းရှင်ဦးကျော်သူရအား PDF ကို ထောက်ပံ့ကြောင်းစွပ်စွဲချက်ဖြင့် စစ်ကောင်စီမှဖမ်းဆီးခဲ့ပြီးနောက်ပိုင်း မန္တလေးကွင်းဆက်အရဟုဆိုကာ ပျံ့နှံ့နေခြင်းဖြစ်သည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများမှ ၎င်းပို့စ်မှ ဓာတ်ပုံများအားစစ်ဆေးခဲ့ရာ ၂၀၂၁ ခုနှစ် ဇွန်လ အတွင်းက ဖြစ်ပျက်ခဲ့သည့်ဖြစ်စဉ်အဟောင်းမှပုံများသာဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

စစ်ကောင်စီ၏ဝါဒဖြန့်မီဒီယာတစ်ခုဖြစ်သည့် မြဝတီသတင်းစာမှ ၂၀၂၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ထုတ် သတင်းစာ၌ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ထွန်းတောက်နိုင်ကိုဖမ်းဆီးရမိပြီး ၎င်းနှင့်အတူ လက်နက်များဖမ်းဆီးရမိခဲ့ကြောင်းသတင်းတွင် ပါဝင်သည့်ဓာတ်ပုံများဖြစ်နေသည်ကို တွေ့ရသည်။

ထို့ပြင် Voice Of Myanmar သတင်းဌာနမှလည်း ယင်းသတင်းနှင့်ပတ်သက်၍ ဇွန်လ ၂၄ ရက် ၂၀၂၁ ခုနှစ် တွင် ပုံနှင့်တကွ သတင်းဖော်ပြခဲ့သည်။ ယခုလင့်တွင် https://bit.ly/3TjSSyb ဝင်ရောက်ဖတ်ရှုနိုင်သည်။

ထိုအချိန်က စစ်ကောင်စီက ဖမ်းဆီးရမိခဲ့သည့်လက်နက်များမှာ KIA၏ လက်နက်များဖြစ်ကြောင်း စွပ်စွဲခဲ့ ပြီး အဆိုပါစွပ်စွဲချက်နဲ့ပတ်သက်၍ KIA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ၎င်း တို့နှင့်မသက်ဆိုင်ကြောင်း ဧရာဝတီမြန်မာပိုင်းအစီအစဉ်ကိုဖြေကြားထားသည်။ ဧရာဝတီ မြန်မာပိုင်းအစီ အစဉ်၏ ပုံနှင့်တကွ သတင်းတင်ဆက်မှုကို ယခုလင့်တွင် https://bit.ly/3TiEeaF ဝင်ရောက်ဖတ်ရှုနိုင် သည်။

ထို့ကြောင့် Min Than Htake ဖြန့်ဝေထားသည့်ပို့စ်တွင်ပါဝင်သည့်ပုံများမှာ ၂၀၂၁ ခုနှစ် ဇွန်လက စစ်ကောင်စီမှ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်အတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အခြေ စိုက်ရုံးကို ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း သပိတ်ကျင်းမြို့နယ်တွင် ဖမ်းဆီးရမိသည့် လက်နက်ပုံများ သာဖြစ်သည်။

ဖြစ်စဉ်အဟောင်းမှ ပုံများကို ယခုဖြစ်ပျက်နေသည့်အကြောင်းအရာများ၏ နောက်ဆက်တွဲ ဖမ်းဆီးရမိ သည့် လက်နက်ပုံများအဖြစ် ပုံဖော်ဖြန့်ဝေနေသည့် သတင်းတုသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ – https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima

ကုလသမဂ္ဂICJ တရားရုံးတွင် မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော ဂမ်ဘီယာနိုင်ငံဘက်မှ ဂျာမနီက နောက်ထပ်တိုး တရားလိုအဖြစ် ပူးပေါင်းပါဝင်၊ ဗြိတိန်၊ ကနေဒါ၊ နယ်သာလန် စုစုပေါင်း ၄ နိုင်ငံက ဂမ်ဘီယာနှင့်အတူ တရားလိုနိုင်ငံများဖြစ်လာ

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားသော ဂမ်ဘီယာနိုင်ငံဘက်မှ ဂျာမနီနိုင်ငံက တရားလိုနိုင်ငံအဖြစ် နောက်တိုးပါဝင်မည်ဖြစ်ကြောင်း ယနေ့ တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။

လက်ရှိတွင် ဗြိတိန်၊ ကနေဒါ၊နယ်သာ လန် ၊ ဂျာမနီစုစုပေါင်း ၄ နိုင်ငံက တရားလိုနိုင်ငံများအဖြစ် ဂမ်ဘီယာနိုင်ငံ ဘက်မှ ပါဝင်လာခြင်းဖြစ် သည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC တရားရုံးသို့ စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေသာ မြန်မာစစ်တပ်မှ မင်းအောင် လှိုင်နှင့်စစ်ခေါင်းဆောင်များကို ပို့ဆောင်ရေး အမေရိကန်နိုင်ငံက ထောက်ခံမည်ဖြစ်ကြောင်း ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အကြံပြုချက်ကိုလည်း အမေရိကန်ထောက်ခံသွား မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က “နိုင်ငံကြီး ၄ နိုင်ငံက ဂမ်ဘီ ယာနဲ့ ပူးပေါင်းလိုက်တဲ့အတွက် နောက်ထပ်နိုင်ငံတွေလည်း ပူးပေါင်းလာဖို့ အလားအလာအများကြီးရှိတယ်။ ICJ အမှုက ပိုပြီးခိုင်မာလာမယ်” ဟု ပြောဆိုသည်။ khit thit

ရန်ကုန်မြို့ ၈ မိုင်တရားရုံးကို မြို့ပြပြောက် ကျားတပ်ဖွဲ့က လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ၈ မိုင်မှာ တည်ရှိတဲ့ တရားရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့ တခုဖြစ်တဲ့ Generation Y Guerilla – GYG အဖွဲ့က လက်လုပ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီဖောက်ခွဲမှုကိုတော့ ဩဂုတ် ၂၆ ရက် ဒီကနေ့မနက် ၁၁ နာရီ ၃၆ မိနစ်က ပြုလုပ်ခဲ့တာဖြစ်ပြီး အကြမ်းဖက် စစ်​ကောင်စီရဲ့ အလိုကျ ဆောင် ရွက်နေတာမို့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဖောက်ခွဲမှု ပြုလုပ်ချိန်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအနားမှာ ဖောက်ခွဲဖို့ အခွင့်အရေးရခဲ့ပေမယ့် ပြည်သူတချို့ ရှိနေတာကြောင့်မို့ အရပ်ဝတ် စစ်ကောင်စီ အဖွဲ့ဝင်တွေနားမှာသာ ဖောက်ခွဲနိုင်ခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း၊ GYG အဖွဲ့ကတော့ ထိခိုက်ဒဏ်ရာရသူမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကေင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနားမှာ မနေကြဘဲ ဝေးဝေးနေပေးကြဖို့ GYG  အဖွဲ့က တောင်းဆိုထားပါတယ်။

လတ်တလောမှာတော့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေအနေနဲ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီနဲ့ သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရား၊ သူတို့ရဲ့ ဒေါက်တိုင်တွေနဲ့ သူတို့ကို ငွေကြေးအရ ထောက်ပံ့ပေးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အများပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်း ခြောက်ဒုက္ခပေးနေတဲ့ အဖွဲ့အစည်းမှန်သမျှကို ပစ်မှတ်ထားပြီး အထူး တိုက်ခိုက် ချေမှုန်းမယ်လို့လည်း ထုတ်ပြန်ထားကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ လူမျက်နှာတွေကို မှတ်မိနိုင်တဲ့ တရုတ်နိုင်ငံလုပ် ထောက်လှမ်းရေး ကင်မရာတွေကို မြို့ကြီးတွေမှာ ထပ်မံတိုးချဲ့ တပ်ဆင်နေတယ်လို့ အတွင်းကျကျသိတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းက ထုတ်ဖော်ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရား အကြမ်းဖက်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁ နှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်း မာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည် နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ခုခံတော်လှန်စစ်ပွဲ ဆင်နွှဲနေကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအပြင် မြို့ပြပျောက်ကျားရဲဘော်တွေ အတွက်လည်း ရန်ပုံငွေလိုအပ်ချက်တွေ မြင့်မားနေတာမို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်သူတရပ်လုံးက စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်နိုင်ဖို့ အဘက်ဘက်က ရန်ပုံငွေရှာဖွေ ထောက်ပံ့မှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ DVB

ဆောမြို့တွင် သက်ကြီးရွယ်အိုများနှင့်မိန်းက လေးငယ် ပစ်သတ်ခံခဲ့ရသည့် ဖြစ်စဉ်အား YD F ဗဟို မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဟုဆို

မကွေးတိုင်း၊ ဆောမြို့၊ ဇေယျရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ နေအိမ်တစ်ခုတွင် ပြီးခဲ့သည့် ဩဂုတ်လ၂၁ ရက်နေ့ ညပိုင်းက အသက် ၆၀ ဝန်းကျင် အမျိုးသားသုံးဦးအပြင် အမျိုး သမီးနှစ်ဦးနှင့် အသက် ၁၃ နှစ်အရွယ်မိန်းကလေးငယ် တစ်ဦးတို့ သေနတ်ဒဏ်ရာများနှင့် သေဆုံးခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပျူစောထီးအဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရာတွင် ပြန်လည် ခုခံမှုများပြုလုပ်ခြင်းကြောင့် ယခုကဲ့သို့ ထိခိုက်သေဆုံးမှုများဖြစ်ပွားခဲ့သည်ဟု ယောကာကွယ်ရေးတပ်(YDF)က ဩဂုတ်လ၂၂ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

ယောကာကွယ်ရေးတပ်(YDF) ၏ ပစ်ခတ်မှုကြောင့် အိမ်ပိုင်ရှင် အပါအဝင် ၎င်း၏ညီ၊ ဇနီး၊ ချွေးမ၊ မြေးနှင့် လာရောက်လည်ပတ်သည့် သူငယ်ချင်းတို့ သေဆုံးခဲ့ပြီး ဦးခေါင်းပွင့်ထွက် ဒဏ်ရာများ တွေ့ရှိခဲ့ရသည်ဟု သေဆုံးသူများ၏ မိသာစုဝင်တစ်ဦးက ဆိုသည်။

ယင်းဖြစ်စဉ်အပေါ် တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူလူထုက ဝေဖန် ထောက်ပြမှုများ ရှိနေ၍ အဓိကတာဝန်ရှိသူများ ဖြစ်သည့် YDF-SAW မှ အဖွဲ့ဝင်များကိုစုံစမ်း စစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း YDF ဗဟို ၏ ပြောရေးဆို ခွင့်ရှိသူ ကိုမင်းမင်းထံက သိရသည်။

“ကျွန်တော်တို့ အောက်ခြေတပ်ရင်းနဲ့ ရဲဘော်တွေ တစ်ခုခုအမှားအယွင်းလုပ်ခဲ့သလား ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ ပြန်လည်လုပ်ဆောင်နေပါပြီ” ဟု ကိုမင်းမင်းက မဇ္ဈိမကို ပြောသည်။

YDF သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်တွင်ရှိသည့် တပ်ဖွဲ့တစ်ခုဖြစ်ပြီး လတ်တလောတွင် တပ်ရင်း ၁၅ ရင်းဖြင့် ဖွဲ့စည်း ထားကြောင်း YDF ထံကသိရှိရသည်။

၎င်းတို့အနက် တစ်ခုအပါအဝင်ဖြစ်သည့် YDF-Sawကို အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။

” အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တို့စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့စီစဉ် ဆောင်ရွက်နေပါပြီ။ YDFကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကျနော်တို့ ပြောကြားထားတာရှိပါတယ်။ စုံစမ်းစစ်ဆေးတာကနေ ရရှိလာတဲ့အပေါ်မူတည်ပြီးတော့ လိုအပ် တာတွေ ဆက်လက်ပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန-NUG ၏ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က မဇ္ဈိမ ကိုပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ၂၁ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်တွင် ကလေးငယ် တစ်ဦးအပါအဝင် မိသားစုများ အသတ်ခံခဲ့ရသလို နေအိမ်မှ ကားနှစ်စီး၊ ဆိုင်ကယ်နှစ်စီး ၊ငွေသားများ၊ လက်ဝတ်ရတနာအချို့နှင့် အိမ်ရှေ့တွင်ဖွင့်ထားသည့် ဆိုင်အတွင်းမှ ပစ္စည်းအချို့ကို ယူဆောင်သွားခဲ့သည် ဟု အသတ်ခံရသူများ၏ မိသားစုဝင်တစ်ဦး ဖြစ်သူ ကိုအောင်အောင်လင်းက ဆိုသည်။

“ပါသွားတဲ့ပစ္စည်းတွေက အခုထိတော့ ဘာမှကိုပြန်မရသေးဘူး” ဟုကိုအောင်လင်းလင်း ကပြောသည်။

YDFဗဟိုဘက်မှ ကားနှစ်စီး၊ဖုန်းတစ်လုံး ၊ငွေသားသုံးသိန်းနှင့် ဆွဲကြိုးသုံးကုံးပါသည် ဟု အတည်ပြုထားပြီး မိသားစုဝင်များ ရထိုက်သည်ဟု ထင်ပါက ပြန်လည် ပေးအပ်သွား မည်ဟု ဆိုထားသည်။

“NUG အစိုးရ MOD(ministry of defense)ကို အကူအညီတောင်းပြီးတော့မှ သူ့ မိသားစုဝင်တွေ ရသင့်ရထိုက်တယ်ဆိုရင် ပြန်လည်ပြီးတော့ ပေးအပ်သွားပါမယ်” ဟု YDF ပြောရေးဆိုခွင့်ရှိသူကဆိုသည်။

မဇ္ဈိမသတင်းဌာန၏ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဦးခင်မောင်လင်းသည် ဒလန် ဖြစ်ကြောင်းခိုင်မာသည့် သတင်းအချက်အလက်များကို အခိုင်မာရရှိခဲ့ကြောင်း ပြီးခဲ့သည့် ဩဂုတ်လ၂၄ရက်နေ့တွင် YDF-Sawက ဖြေကြားထားသည်။

YDF-Sawက ထိုသို့ ဖြေကြားထားသော်လည်း သွားရောက်ရှင်းလင်းမည့်ကိစ္စကို ဗဟိုမှ မသိရှိကြောင်း နှင့် ဒလန်ပျူစောထီးများဆိုလျင်လည်း သေဒဏ်ဖြင့် အရေးယူရန် ညွှန်ကြားထား ခြင်းမရှိကြောင်း YDFထံက သိရသည်။

“အဲ့ဒီသတင်းက ဗဟိုအထိတော့ မရောက်ဘူး။ ရုံးအဆင့်ထိပဲ ရောက်လာတာ။ သူတို့ ချက်ချင်းပဲ ဆုံးဖြတ်ချပြီး မြန်မြန်ပြုလုပ်သွားတာဆိုတော့လေ။ ဒါပေမဲ့ ဒီလအတွင်း ပြုလုပ်ခဲ့တဲ့ (၆) ကြိမ်မြောက် ဗဟိုအစည်းအဝေးမှာ ဆုံးဖြတ်ချက်ချထားတာ ရှိတယ်။ ဘာလဲဆိုရင် ဒလန်တို့ ပျူစောထီးတို့ သတ်တဲ့ရှင်းတဲ့ ကိစ္စမျိုးမပြုလုပ်ဖို့ ၊ ဒလန် ဘာညာ စွပ်စွဲခံရသူတွေကို ရဲဘော်တွေက ဖမ်းဆီးပြီးတော့မှ တရားရုံးကို အပ်ပေးဖို့ ညွှန်ကြားထားတာရှိတယ်။ အဲဒီညွှန်ကြားစာက တပ်ရင်း တပ်ဖွဲ့အသီးသီးကို မရောက်တာလည်း ပါတာပေါ့” ဟုကိုမင်းမင်းကပြောသည်။

လက်ရှိအချိန်တွင်ဖြစ်စဉ်တစ်ခုလုံးအတွက် ဆောတပ်ရင်းမှ တာဝန်ရှိသူများကို ဗဟိုက ဂျီနီဗာကွန်ဗန်းရှင်းနှင့် MOD လမ်းညွှန်ချက်များနှင့်အ ညီ စစ်ဆေးနေပြီး ပြစ်မှု ကျူးလွန်ခြင်းများရှိပါက ဥပဒေအတိုင်းအရေးယူသွား မည်ဖြစ်ပြီး မိသားစုကို ကျေနပ်သည် အထိတောင်းပန်သွားမည် ဖြစ်ကြောင်း သိရသည်။ mizzima

မုံရွာ၊ လယ်ဇင်စံပြကျေးရွာသား ၂ ဦးကို စစ် တပ်က မီးရှို့သတ်ဖြတ်ပြီး ၁ ဦးကို ဖမ်းဆီး နှိပ် စက် သတ်ဖြတ်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် လယ်ဇင်စံပြကျေးရွာကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် ကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာသား ၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာနေပြည်သူ ဦးအောင်ချစ်ကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ပြီး ဒေသခံ ပြည်သူ ၂ ဦးကို မီးရှို့ သတ်ဖြတ် ခဲ့ခြင်းဖြစ်ကာ မီးရှို့သတ်ဖြတ်ခံရသူ ၂ ဦးသည် မည်သူ မည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” ဒီနေ့ နံနက် ၅ နာရီ ၄၅ မိနစ်လောက်က စစ်ခွေး စစ်ကြောင်း ရွာကို ဝင်လာပြီး ရွာသား ၂ ဦးကို မီးရှို့သတ်ထားတယ်။ နောက် ၁ ဦးကို ဖမ်းဆီး စစ်​ဆေးပြီ ဓားနဲ့မွှန်းသတ်လိုက်တယ်။ စစ်ခွေးတွေ ဖမ်းဆီး စစ်ဆေးခဲ့တဲ့သူက ဦးအောင်ချစ်တဲ့ ကျန်တဲ့ မီးရှို့ သတ်ဖြတ် ခံရတဲ့ ၂ ဦးကတော့ ရုပ်ပျက်သွားတဲ့ အတွက် အမည်တွေ မသိရသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

လယ်ဇင်စံပြကျေးရွာကို အကြမ်းဖက် စစ်တပ်က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ဝင်ရောက် စီးနင်းခဲ့ပြီး ကိုဇေယျာလင်း၊ ကိုသိန်း၊ ကိုထွန်းဦးနှင့် ကိုဘုန်းတို့ ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ khit thit

“အမေ့လက်ဆောင် အမေ့ယပ်တောင်” အစီ အစဉ်မှ ကန်ဒေါ်လာ ၃ သိန်း ၄ သောင်းကျော်ရရှိ

အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒုက္ခရောက်ခဲ့ကြတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ ​ဒေသတွေက မီးဘေးသင့်ပြည်သူတွေအတွက် အိုးအိမ်တွေ ပြန်လည်ထူထောင်တည်ဆောက်ပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က “အမေ့လက်ဆောင် အမေ့ယပ်တောင်” အစီအစဉ်ကနေ အမေရိကန်ဒေါ်လာ ၃ သိန်း ၄ သောင်းကျော် ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီအစီအစဉ်ကိုတော့ NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနနဲ့ OFP, Global Fundraiser Group (GFG)တို့က ပူးပေါင်းဆောင်ရွက်တာဖြစ်ကာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်ကနေ လက်မှတ်တွေ စတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

“ဒီအစီအစဉ်လေးဟာ ပြည်သူမှ ပြည်သူသို့ ဖေးမလက်တွဲကူခဲ့တဲ့ အင်မတန် မွန်မြတ်တဲ့ အစီအစဉ်လေး ဖြစ်တာမို့ ပြည်တွင်း ပြည်ပမှ လက် မှတ်ဝယ်ယူပေးခဲ့သူများအားလုံးဟာ အခက်အခဲကြုံလာချိန်မှာ အချင်း ချင်း ဖေးမကူညီရမယ် ဆိုတဲ့ အမေ့စကားကို  တညီတညာတည်း လိုက် နာကျင့်သုံးခဲ့ကြောင်း သက်သေပြနိုင်ခဲ့ပြီးပါပြီ။ လက်မှတ် စရောင်းခဲ့တဲ့ (၈) ရက်နေ့ကစလို့ အစီအစဉ်ပိတ်သိမ်းတဲ့အချိန်အထိ စုစုပေါင်း လက်မှတ်စောင်ရေ (34245) တိတိ ရောင်းချနိုင်ခဲ့ပါတယ်။ လက်မှတ်ရောင်းချငွေ အမေရိကန်ဒေါ်လာ ​သုံးသိန်းလေးသောင်းနှစ်ထောင့် လေးရာငါးဆယ်ကို (USD 342450) ကို MOHDM သို့ လွှဲပြောင်းပေးအပ်နေပြီ ဖြစ်ပါတယ်။ မီးရှို့ခံဒေသမှ ပြည်သူများ အတွက်  ချစ်ခြင်းအားဖြင့် မိုးပေးသော အမိုး၊ မေတ္တာများဖြင့် ကာပေးခဲ့သော အကာအရံများဟာ လက်ရှိ ကျွန်တော်တို့အားလုံး ကြုံတွေ့နေကြရတဲ့ ပြည် တွင်းစစ်အတွင်းက ချစ်ခြင်းမေတ္တာ ပြယုဂ်များ ဖြစ်လာတော့မှာ အသေအချာပါ။ အခက်အခဲများကြားက နိုင်သမျှဝန်ကို ထမ်းခဲ့ကြတဲ့ ပြည်သူတစ်ဦး တစ်ယောက်ချင်းကို ကျွန်တော်တို့ အမေ့လက်ဆောင် အမေ့ယပ်တောင် အဖွဲ့ သားများအားလုံးက လေးစားစွာ ကျေးဇူးတင်ရှိကြောင်း ကျေးဇူးစကားဆိုအပ်ပါတယ်။”

လတ်တလော မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၁ နှစ်ခွဲကျော်ထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်တော်လှန်သူတွေကို ပစ်ခတ်သတ်ဖြတ်နှိမ်နင်းတာ၊ ဖမ်းဆီးနှိပ်စက်တာတွေအပြင် လေကြောင်းက ဗုံးကြဲ၊ စစ်ကြောင်းထိုးတိုက်ခိုက်တာတွေအပြင် ရွာလုံးကျွတ် မီး ရှို့ဖျက်ဆီးတာတွေကိုပါ ကျူးလွန်နေတာ ဖြစ်ပါ တယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ ဒသမ ၂ သန်းကျော် ရှိလာခဲ့ပြီဖြစ်ကာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာတော့ ပြည်တွင်းနေရပ် စွန့်ခွာသူဦးရေ အများဆုံးစံချိန်တင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၈၆၆, ၀၀၀ ယောက်နဲ့ အဲဒီမတိုင်မီ ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ် စွန့်ခွာသူ ၃၄၆,၀၀၀ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းယူပြီးကတည်းက လူ ၄၁,၉၀၀ ဦးဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

“အမေမှာကြားခဲ့တဲ့ ဆုံးမစကားဖြစ်တဲ့ အခက်အခဲတွေ ကြုံရတဲ့ အချိန်မှာ အချင်းချင်း စောင့်ရှောက်ကြပါ၊ ကူညီကြပါ ဆိုတဲ့ စကားလေးကို လိုက်နာသောအားဖြင့် ဒီအစီအစဉ်လေးကနေတဆင့် ပြည်သူမှသည် ပြည်သူဆီသို့ စာနာမှုများ စီးဆင်းကြမယ်။ ပြည်သူမှသည် ပြည်သူဆီသို့ ချစ်ခြင်းမေတ္တာများ စီးဆင်းကြမယ်။ ပြည်သူမှသည် ပြည်သူဆီသို့ အရိပ်မိုးဖို့ ကာကွယ်ဖို့ ဝိုင်းဝန်းကူညီကြရပါမယ်။”

လတ်တလောမှာတော့ အမေ့လက်ဆောင် အမေ့ယပ်တောင် အစီအစဉ်မှာ အားလုံးတတပ်တအား ပါဝင်နိုင်ဖို့ နှိုးဆော်ထားပြီး ယပ်တောင်လေး ရဲ့ ကံထူးရှင်ကိုတော့ ဩဂုတ် ၂၆ ရက်ဒီကနေ့မှာ ကြေညာဖို့ အစီအစဉ်ရှိနေပါတယ်။ DVB

ရွှေဈေး ၂၉သိန်းဝန်းကျင်သို့ ရောက်ရှိနေပြီး စံချိန်တင်မြင့်တက်နေ

ယနေ့ ဩဂုတ်လ ၂၆ရက်တွင် ရွှေတစ်ကျပ်သားလျှင် ၂၉သိန်းဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြပြီး ဈေးပြန်တက်နေကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ယနေ့ ဩဂုတ်လ ၂၆ရက် တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ထားသည့် ရည်ညွှန်းရွှေဈေးနှုန်းမှာ ၂,၀၅၂,၀၀၀/- ( ကျပ်သိန်း နှစ်ဆယ့် ငါးသောင်း နှစ်ထောင်ကျပ်ဖြင့်) နေ့လယ် ၂နာရီခွဲတွင် ဈေးပိတ်ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ဩဂုတ်လ ၂၆ရက် ရွှေစျေးက ၂,၈၅၅,၀၀၀/- အထိဈေးတက်နေတယ်၊ လောလောဆယ်အရောင်းအဝယ် နားထားတယ်။ ရွှေဈေးအပါအ ဝင် ဒေါ်လာ၊ စက်သုံးဆီ စတာတွေဟာ ရက်ပိုင်းလောက် အကျဘက်မှာရှိပြီးရင် မကြာဘူး ဈေးပြန်တက်နေတယ်” ဟု လသာမြို့နယ်မှ ရွှေအရောင်းအဝယ် ပြုလုပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ပြည်တွင်းရှိ နာမည်ရ ရွှေဆိုင်အချို့မှာလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၈၅၅,၀၀၀/- ဝန်းကျင်ဖြင့် ရောင်းဈေး၊ ဝယ်ဈေး တစ်သောင်းကျပ်ဝန်းကျင်ခွာကာ အရောင်းအဝယ်ပြုလုပ်ကြောင်း မဇ္ဈိမအနေဖြင့် စုံစမ်းသိရှိရသည်။

ဩဂုတ်လ ၁၃ရက်တွင် ရွှေတစ်ကျပ်သားလျှင် ၂၈သိန်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ရာမှာ ဩဂုတ်လ ၁၄ရက်မှ စတင်ကာ ဩဂုတ်လ ၁၆ရက်ထိ သုံးရက်တိုင် ရွှေတစ်ကျပ်သားလျှင် ၂၆သိန်း သုံးသောင်းဝန်းကျင်အရောင်းအဝယ်ပြုကာ ဈေးကျခဲ့ခြင်းဖြစ်သည်။

ရွှေဈေးမှာ ထိုကဲ့သို့ ကျရိပ်ပြပြီးနောက် ဩဂုတ်လ ၁၇ရက်မှစတင်ကာ ဈေးတက်လာခဲ့ခြင်း ဖြစ်သည်။ mizzima

AD လိုင်စင်ရဘဏ်များ ဝယ်ယူထားသည့် နိုင် ငံခြားသုံးငွေစာရင်း ယနေ့ နောက်ဆုံးပေးပို့ရန် ဗဟိုဘဏ် ညွှန်ကြား

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်း (AD) လိုင်စင်ရဘဏ်တွေအနေနဲ့ မိမိတို့ ဝယ်ယူထားတဲ့ နိုင်ငံခြားသုံးငွေတွေနဲ့ စပ် လျဉ်းပြီး ဒီကနေ့ နောက်ဆုံးထားပေးပို့ကြဖို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ညွှန်ကြားထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့ ဩဂုတ် ၁၆ ရက် ထုတ်ပြန်ခဲ့တဲ့ ရည်ညွှန်းချက်ပါ စာတွေအရ နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားတဲ့လုပ်ငန်း (AD) လိုင်စင်ရဘဏ်တွေအနေနဲ့ ပို့ကုန်တင်ပို့သူတွေဆီက ပို့ကုန်ရငွေရဲ့ ၃၅ ရာခိုင်နှုန်း အနက်မှဖြစ်စေ၊ ကင်းလွတ်ခွင့်ရရှိတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့ထံမှ ဖြစ်စေ နိုင်ငံခြားငွေတွေကို ဝယ်ယူခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် AD လုပ်ငန်းလိုင်စင်ရဘဏ်တွေအနေနဲ့ မိမိတို့ဝယ်ယူထားရှိတဲ့ အဆိုပါ နိုင်ငံခြားငွေတွေထဲက စက်သုံးဆီနဲ့ စားသုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေထံ ရောင်းချပေးခဲ့တဲ့ စာရင်းအား နိုင်ငံတော်ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနကို စာရင်းပြုစုပေးပို့ သွားရမှာပါ။

စာရင်းပြုစုပေးပို့ရမှာလည်း သြဂုတ် ၁၇ မှ ၂၆ ရက်အထိ စာရင်းအား ဒီနေ့ညနေ ၅ နာရီ နောက်ဆုံးထားပြီး ပေးပို့ရမယ်လို့ ဗဟိုဘဏ်က သတိပေးထားပါတယ်။ ဒါပေမဲ့ လာမယ့် သြဂုတ် ၂၉ ရက်နေ့မှ စပြီး ညနေ ၅ နာရီ နောက်ဆုံးထားကာ နေ့စဉ် မပျက်မကွက် ပေးပို့သွားရမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာအား နည်းလမ်းပေါင်းစုံနဲ့ လိုက်လံထိန်းချုပ်နေပေမယ့် နိုင်ငံခြားငွေကြေးနဲ့ တင်သွင်းနေရတဲ့ စက်သုံးဆီ နဲ့ စားသုံးဆီ ဈေးတွေက ဈေးကွက်မှာတော့ အကျမရှိ အတက်ပဲ ရှိနေတာပါ။

သုတေသီတဦးက “ဈေးကွက်စီးပွားရေးလို့ ကြေညာထားရင် ဈေးကွက်ယန္တရားနဲ့ အလုပ်လုပ်ရမှာပေါ့။ ဒီနေရာမှာ အစိုးရရဲ့ ထိန်းကျောင်းမှုက အနည်းဆုံးပဲ ရှိရမှာလေ။ တကယ်လို့ အခက်အခဲ အကျပ်အတည်းတွေ ပေါ်လာတယ်ဆိုရင်တော့ အစိုးရက ဝင်ရောက်ထိန်းကျောင်းပေးရမယ်ဆိုတာ စီးပွားရေး သီအိုရီမှာ ပြောထားပြီးသားပါ။ အစိုးရက ဝင်ထိန်းတယ်ဆိုရာမှာ မှန်မှန်ကန်ကန်နဲ့ ဝင်ထိန်းနိုင်တယ်ဆိုရင်တော့ ဈေးကွက်က မှန်မှန်ကန်ကန်နဲ့ လမ်းကြောင်းပေါ် ပြန်ရောက်သွားမှာပဲလေ။ အခုဟာက မှန်မှန်ကန်ကန်နဲ့ ဝင်ရောက်ထိန်းကျောင်းမှု မရှိဘူး။ မှားယွင်းတဲ့ ဝင်ရောက်စွက်ဖက်မှုသာ ဖြစ်နေတယ်။ ဆိုတော့ လိုတာထပ်ပိုပြီး ဝင်ရောက်စွက်ဖက်တော့ ဈေးကွက်ကို ပျက်ပြားစေတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံး ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ အဆိုအရ ဈေးနှုန်းသတ်မှတ်ရာမှာ စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းများအပေါ် နေ့စဉ်စောင့်နေပြီး သယ်ယူပို့ဆောင်ခစရိတ် အပါအဝင် ဘဏ်စရိတ်နဲ့ အခွန်အခများအား ထည့်သွင်း တွက်ချက်ပြီးနောက် ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ် ဖောက်ကားရမယ့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို တပတ်မှာ တကြိမ် ထုတ်ပြန်ပေးနေတာ ရှိပါတယ်။

ထုတ်ပြန်ချက်အရ ရန်ကုန်အထိုင်ဈေးအတွက် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ ၁ ပိဿာကို  ၄၈၆၀ ကျပ်နှုန်းနဲ့ တွက်ချက်ပေးထားပေမဲ့ အဆိုပါနှုန်းက ပြီးခဲ့တဲ့ ရက်သတ္တပတ် ဈေးနှုန်းနဲ့ယှဉ်ရင် ၁ ပိဿာကို  ၇၂၀ ကျပ် မြှင့်တက်သွားပါတယ်။

ဈေးကွက်မှာတော့ စားသုံးဆီ ၁ ပိဿာဈေးနှုန်းက ရည်ညွှန်းဈေးနှုန်းထက် ၂ ဆ ကျော်ရှိနေတာပါ။ ဒါကြောင့်ပဲ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းရဲ့ ကြီးကြပ်မှုနဲ့ ဆီလုပ်ငန်းရှင်တွေက ရန်ကုန် မြို့နယ်တွေမှာ ရွေ့လျားစနစ်နဲ့ စားသုံးဆီအား ကိုတာစနစ် လိုက်လံရောင်းချပေးနေပါတယ်။

ကိုယ်တိုင်ဝယ်ယူခဲ့တဲ့ စားသုံးသူတဦးက “ဆီအသင်းက လိုက်ရောင်းပေးတဲ့ ဈေးက အပြင်ဈေးထက် သက်သာတော့ အခြေခံလူတန်းစားတွေအဖို့ ဆီဖိုးကနေ ဆန်ဖိုးလေး ပြန်ရတာပေါ့နော်။ ဒါပေမဲ့ သူတို့ လိုက်ရောင်းပေးတယ်ဆိုတာက အချိန်သတ်မှတ်ချက် မရှိဘူး။ အခါအား လျော်စွာ လိုက်ရောင်းတာဆိုတော့ နောက်တကြိမ် ဘယ်တော့ ပြန်လာရောင်းမလဲဆိုတာ ရောင်းပေးတဲ့သူတွေကိုယ်တိုင်က မသိကြဘူး။ ဒီတော့ ဆီလာရောင်းပြီဆိုရင် အနီးပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့လူတွေ အချင်းချင်းက လှမ်းအကြောင်းကြားပေးတာဖြစ်လို့ လူတွေများပြီး တန်းစီနေကြတာ။ ၈၈ တုန်းကလိုပေါ့။ ဆီတိုး၊ ဆန်တိုး ခေတ်ဆီ ပြန်သွားနေကြရပြီ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စားသုံးဆီ လိုအပ်ချက်က တနှစ်ကို တန်ချိန် ၁၃ သိန်းလောက် ရှိတဲ့အနက် ပြည်တွင်းထုတ်လုပ်မှုက တန်ချိန် ၄ သိန်းခန့်သာ ရှိတာကြောင့် လိုအပ်တဲ့ တန်ချိန် ၈ သိန်းကနေ ၁၀ သိန်းဝန်းကျင်အား ပြည်ပကနေ နှစ်စဉ် တင်သွင်းနေရပါတယ်။ ဒီပမာဏက တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရှိနေတာပါ။

အလားတူ စက်သုံးဆီလိုအပ်ချက်အတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ကို ပြည်ပကနေ တင်သွင်းနေေပါတယ်။ ဒါကြောင့်ပဲ စစ်ကောင်စီခေါင်းဆောင်က ပြည်ပကနေ တင်သွင်းနေရတဲ့ ရေနံနှင့်ရေနံထွက်ကုန်ပစ္စည်းတွေကို လျှော့ချမယ်လို့ ပြောဆိုပြီးတဲ့နောက် စက်သုံးဆီဈေးနှုန်းက တစတစနဲ့ မြှင့်တက်လို့ လာပါတယ်။ ဒီကနေ့  (သြဂုတ် ၂၆ ရက်) အတွက် ရန်ကုန်စက်သုံးဆီ ဈေးကွက်မှာ ၁ လီတာကို အောက်တိန်း (၉၂) ၂၄၉၅ ကျပ်၊ အောက်တိန်း (၉၅) ၂၅၇၀ ကျပ် နဲ့ ဒီဇယ်(ရိုးရိုး) ၃၂၂၅ ကျပ်၊ ဒီဇယ်(ပရီမီယံ) ၃၃၀၅ ကျပ် အထိ ရှိလာပါတယ်။

နိုင်ငံခြားငွေကြေးဈေးကွက်အတွက် ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နိုင်ငံခြားငွေ ရည်ညွှန်းလဲလှယ်နှုန်းကတော့ အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၂၁၀၀ ကျပ် ရှိပေမဲ့ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပေါက်ဈေးက အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၃၀၀၀ နဲ့ ၃၁၀၀ ကျပ် အကြားမှာ ရှိနေပါတယ်။ DVB

မိုးဗြဲအခြေစိုက် ခမရ ၄၂၂ ကင်းပုန်းများနှင့် စစ်ကြောင်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့ ၃ ကြိမ်တိုက်ခိုက်၍ စစ်သား အနည်းဆုံး ၂ ဦး ဒဏ်ရာရ၊ ပုလဲ၊ ဝမ်းတွင်းနှင့် မြင်းမူတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ မိုင်းခွဲပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲမြို့ အခြေစိုက် ခမရ ၄၂၂ ၏ ကင်းပုန်း ၂ ခုနှင့် စစ်ကြောင်းကို မိုးဗြဲ PDF တပ်ရင်း ၁၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ နှင့် မြို့ပြတော်လှန်ရေးတပ်ဦး URF တို့က ယမန်နေ့ ဩဂုတ်လ ၂၅ ရက်တွင် ၃ ကြိမ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အနည်းဆုံး ၂ ဦး ထိခိုက်ဒဏ်ရာရကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန်သည်။

ယမန်နေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်တွင် မိုးဗြဲ အခြေစိုက် ခမရ ၄၂၂ ၏ ကင်းပုန်း ၂ ခုကို မိုးဗြဲ PDF တပ်ရင်း ၁ က စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား အနည်းဆုံး ၂ ဦး ထိခိုက်ဒဏ်ရာရကြောင်း၊ အပြန်အလှန် ပစ်ခတ်မှု ၁ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မွန်းလွဲ ၃ နာရီတွင် စစ်ကောင်စီ စစ်ကြောင်းကို မိုးဗြဲ PDF တပ်ရင်း ၁၊ KNDF တပ်ရင်း ၃၊ URF တို့က ဖြတ်တောက်တိုက်ခိုက်ရာ ၁ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့လယ်ခေါင်တွင် အရက်သေစာ သောက်စားပြီး မူးရူးကခုန်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဩဂုတ်လ ၂၅ ရက် ယမန်ည ၁၀ နာရီ ၂၅ မိနစ်တွင် အနီးကပ် ပစ်ခတ်ရာ စစ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း Southern YSO PDF က သတင်းထုတ်ပြန်သည်။

အနီးကပ် ပစ်ခတ်ရာတွင် စစ်သား ၃ ဦးသေဆုံးပြီး အီနာဂါ ဗုံးသီး ၄ လုံးဖြင့် ပစ်ခတ်ရာ အများအပြား ဒဏ်ရာရကြောင်း၊ Southern YSO PDF နှင့် ဒေသခံ ဒေါင်းနတ်သမီး အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးကို ယနေ့ ဩဂုတ်လ ၂၆ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် အမည်စိစစ်ဆဲ အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ အနီးရှိ အထက်တန်းကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများက သေနတ်ပစ်ဖောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဗုံးကျဲခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုကို သီးခြားအတည်မပြုနိုင်သေးဘဲ ထွေအုပ်ရုံးအတွင်းသို့ လူနာတင်ယာဉ်တစ်စီး ဝင်ရောက်သွားခဲ့ကြောင်း သတင်းရရှိသည်။

အလားတူ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ လျှော်ပင်ကျေးရွာအနီးတွင် ယနေ့နံနက် ၉ နာရီဝန်းကျင်၌ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်သား ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။ khit thit

« Older Entries