Monthly Archives: Aug 2022

မြောက်ဦးတွင် စစ်တပ် ပစ်ခတ်​သော လက် နက် ကြီး ထိမှန်မှု​ကြောင့် ကင်းဆိပ်ကျေးရွာမှ ၄ နှစ်အရွယ်ကလေးငယ်သေဆုံး

ယနေ့သြဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းအချိန်ခန့်တွင် မြောက်ဦး ကင်းဆိပ်ကျေးရွာသို့ လက်နက်ကြီးကျရောက်ခဲ့မှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သူ ၅ ဦးအနက်မှ ၄ နှစ်အရွယ်ကလေးငယ်မှာ သေဆုံးသွားကြောင်း လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူများက ပြောသည်။

အဆိုပါကလေးငယ်မှာ ခေါင်းအပါအဝင် ခန္ဓာကိုယ်နှင့် ခြေထောက်တို့တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ရာ ဆေးရုံမရောက်မီ လမ်းတွင်သေ ဆုံးသွားကြောင်း ကယ်ဆယ်ရေးလုပ်ကိုင်နေသူများက Western News ကို ပြောသည်။

“လမ်းမှာသေတာ။ ကလေးကချစ်စရာလေးပါ။ လက်နက်ကြီးတွေပစ်နေတုန်း အပြင်ဖက်ထွက်အလာမှာ တံတားထိပ်အရောက် အစအနတွေကျပြီး ဒဏ်ရာရသွားတာ” ဟုပြောသည်။

ကင်းဆိပ်ကျေးရွာကို ယနေ့ညပိုင်း ၄ နာရီခွဲကျော်လောက်၌ လက်နက်ကြီး ၅ လုံးထက်မနည်းကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး ၃ ဦးသေဆုံးကာ ၄ ဦး ဆေးရုံတွင် ဒဏ်ရာပြင်းထန်နေဆဲဖြစ်ကြောင်း လိုက်ပါပို့ဆောင်ခဲ့သူများကပြောသည်။

မြောက်ဦးမြို့ ကင်းဆိပ်ကျေးရွာသို့ကျရောက်သည့် လက်နက်ကြီးမှာ မြောက်ဦး ၃၇၇ တပ်ရင်းမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများဖြစ် ကြောင်း မြို့ခံများကဆိုသည်။

မြောက်ဦးတွင် ယနေ့ညပိုင်း ၄ နာရီဝန်းကျင်ကလည်း လက္ကာကျေးရွာအနီးတွင် ရက္ခိုင်တပ်တော်နှင့် စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲများပြင်း ထန်မှုရှိခဲ့သည်။ khit thit

မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ နှစ်ရက်ဆက် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ်မှာ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီတပ်ကို နှစ်ရက်ဆက် တိုက်ခိုက်ခဲ့တယ်လို့ PDF ခေါင်းဆောင်တဦးက ပြောပါတယ်။

PDF ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့ကို မင်းကင်းမြို့နယ် တောင်တွင်းဒေသ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းမှာ စုစုပေါင်း ၃ ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

သြဂုတ် ၂၇ ရက် မနက် ၇ နာရီလောက်က မင်းကင်းမြို့နယ် မိုင်တိုင်အမှတ် ၁၀၁ အနီးမှာ MKPDF တပ်ရင်း ၂၊ တပ်ခွဲ ၁ နဲ့ ကလေးဝ ဗိုလ်နှုတ် ခမ်းမွှေး PDF အဖွဲ့တို့ပူးပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့ကို ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့သလို ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အဲဒီနေ့ နေ့လယ် ၂ နာရီ‌လောက်မှာလည်း ဆုံဗလက်ကျေးရွာအနီးမှာ MKPDF တပ်ရင်း ၂၊ တပ်ခွဲ ၁ အဖွဲ့က ဒုတိယအ ကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သလို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး ထိခိုက်မှုရှိခဲ့တယ်လို့ PDF ခေါင်း ဆောင်တဦးက ပြောပါတယ်။

ဒါ့အပြင် သြဂုတ် ၂၈ ရက် မနက် ၁၀ နာရီလောက်ကလည်း ဝရဲကျေးရွာအနီးမှာ အဲဒီစစ်ကောင်စီဖွဲ့ကို MKPDF တပ်ရင်း ၂၊ တပ်ခွဲ ၁ နဲ့ တောင်တွင်းမြွေပွေး PDF အဖွဲ့တို့ ပူးပေါင်းပြီး စနိုက်ပါအပါအဝင် လက်နက်ငယ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှုရှိခဲ့ပေမယ့် အရေအတွက် အတိအကျမသိရသေးကြောင်း၊ ၂ ရက်တာတိုက်ပွဲမှာ PDF အဖွဲ့ဘက်က လက်ဦးမှုရယူတိုက်ခိုက်ခဲ့တာကြောင့် PDF ရဲဘော်တွေ ထိခိုက်မှုတစုံတရာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ဖောကား ၆ စီးနဲ့ ၁၂ ဘီးကား ၁ စီးပါဝင်ပြီး  စစ်တပ်ရိက္ခာလာပို့တာဖြစ်နိုင်တယ်လို့ လက်ရှိမှာလည်း နှစ်ဆက် စစ်ရေးတင်းမာနေတာကြောင့် တောင်တွင်းဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

PDF အဖွဲ့တွေရဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ သြဂုတ် ၂၇ ရက် နေ့လယ် ၁ နာရီလောက်က ခင်ဦးကျေးရွာအနီးမှာရှိတဲ့ ဆန်စက်၊ ဆီစက်တွဲ စက်ရုံ ၁ ခုကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

တော်လှန်ရေးအဖွဲ့ ယောင်ဆောင်၍ စစ်ကောင် စီတပ် ခြိမ်းခြောက် ငွေတောင်းနေဟု KNU တပ်မဟာ(၁) သတိပေးထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်၊ စစ်တောင်းတံတားနှင့် သံလွင်တံတားကြား ဒေသရှိ ပြည်သူများအား စစ်ကောင်စီတပ်က တော်လှန်ရေးအဖွဲ့အစည်း အယောင်ဆောင်၍ ခြိမ်းခြောက်ငွေကြေးတောင်းခံခြင်းများ ရှိနေကြောင်း မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ KNU တပ်မဟာ(၁)က ဩဂုတ်လ၂၇ရက်နေ့ ရက်စွဲဖြင့် သတိပေးစာ ထုတ်ပြန်ထားသည်။

စီးပွားရေးလုပ်ငန်းရှင်အချို့ကို PDFအမည်ခံပြီးတော့ ခြိမ်းခြောက်ငွေတောင်းနေတာတွေ ရှိလာတာပေါ့လေ။ တချို့ကျနော်တို့ဆီ အသိပေးလာတာတွေ တိုင်ကြားလာတာတွေရှိတဲ့အတွက် နောက်နောင် ဒါမျိုးတွေကို ရှောင်ရှားနိုင်ဖို့အတွက်ပေါ့လေ ။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ ဒီမှာရှိတဲ့ အခြေစိုက်တဲ့ အဖွဲ့အစည်းတွေက လုံးဝဒါမျိုးလုပ်ခွင့်မရှိသလို လုပ်တာလည်း မဟုတ်ဘူးဆိုတာကို သိစေဖို့ အဲ့အတွက် ထုတ်တာပါဗျ”ဟု မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ အတွင်းရေးမှူး စောနော်ဆူးကပြောသည်။

မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ အတွင်းရှိ လက်နက်ကိုင်အဖွဲ့များသည် တော်လှန်ရေးအကြောင်းပြကာ တော်လှန်ရေးနှင့် မသက်ဆိုင်သည့် အရာများကို လုပ်ဆောင်မည်ဆိုလျှင် ပထမအကြိမ် အသိပညာပေးခြင်း ၊ဒုတိယအကြိမ် အပြစ်ပေး ပြုလုပ်ပြီး ဆက်လက်လုပ်ဆောင်လာပါက KNUထိန်းချုပ်နယ်မြေမှ ထွက်ခွာသွားရမည်ဖြစ်ကြောင်း သိရသည်။

“ဒီကိစ္စတွေက ကျနော်တို့တော်လှန်ရေးအဖွဲ့တွေက လုပ်တာမဟုတ်ဘဲနဲ့ ဒီကိစ္စကို ကျနော်တို့အဖွဲ့တွေ လိုက်ကြည့်တဲ့အခါမှာ ရန်သူ(စစ်ကောင် စီ) ကနေပြီးတော့ PDFတွေနဲ့ ဆက်သွယ်မှုရှိလား မရှိဘူးလားဆိုပြီးတော့ လုပ်တယ်။ လုပ်ပြီးတော့ တကယ်လို့ ပေးလိုက်မိတယ်ဆိုရင် PDF ထင်လို့ပေးလိုက်မိတယ်ဆိုရင် နောက်ရက်ပိုင်းတွေမှာ သူတို့ကို ဖမ်းသွားတာမျိုးတွေပေါ့လေ ။ အဲ့ဒီအထောက်အထားနဲ့ ဖမ်းသွားတာမျိုးတွေဖြစ်လာတယ်” ဟု မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ အတွင်းရေးမှူးစောနော်ဆူးက ပြောသည်။

ထို့အပြင် စစ်ကောင်စီက တော်လှန်ရေးအဖွဲ့အစည်းများကို ပုံဖျက်နေခြင်းအား ရှောင်ရှားနိုင်ရန် ၊ ပြည်သူလူထုအနေဖြင့် ထင်ယောင်ထင်မှား မဖြစ်စေရန်၊ ထောင်ခြောက်ဆင် ဖမ်းဆီးမှုကို ရှောင်ရှားနိုင်ရန် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ထုတ်ပြန်ချက်တွင် ပြည်သူလူထုအတွင်း တော်လှန်ရေးအဖွဲ့အစည်း အယောင်ဆောင် ငွေကြေးတောင်းခံခြင်းများရှိပါက မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီကို တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း ဖုန်းနံပါတ်နှင့်အတူ ထုတ်ပြန်ထားသည်။ mizzima

မြိုင်တွင် အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီး သောကြောင့် ဝယ်တောင်(မ)ရွာရှိ ပြည်သူပိုင်နေအိမ် ၃၀ ခန့်မီးလောင်ပြာကျ

မကွေးတိုင်း မြိုင်မြို့နယ် ဝယ်တောင်(မ)ရွာကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၀ ခန့် မီးလောင်းပြာကျခဲ့ကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် ကျေးရွာအတွင်းသို့ ဝင်ရောက်လာချိန်တွင် ဒေသခံ ပြည်သူအားလုံး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ပြည်သူများ ဖမ်းဆီး သတ်ဖြတ်ခံရခြင်း၊ ခေါ်ဆောင်သွားခြင်း ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” အခုထိတော့ ပြည်သူတွေ အားလုံးနီးပါး ထွက်ပြေး တိမ်းရှောင်နေရတယ်။ ဖမ်းဆီးခံရတာ အသတ်ခံရတာတော့ မကြားမိသေးဘူး။ PDF တပ်ဖွဲ့တွေ ပြည်သူတွေ ရွာထဲဝင်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော ဆိုသည်။ khit thit

၂၄ နှစ်အရွယ် အမျိုးသမီးတဦး သုံးနှစ်သမီးကိုချီပြီး ပြည်နဝဒေးတံတားပေါ်မှ ခုန်ချသတ်သေ

အသက် ၂၄ အရွယ် အမျိုးသမီးတဦးဟာ သုံးနှစ်သမီးလေးနဲ့အတူ ဒီကနေ့ ညနေ ၃ နာရီကျော်လောက်မှာ ပြည်-နဝေးဒေးတံတားပေါ်မှ ခုန်ချသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

“ကလေးကို လက်ဆွဲပြီး တံတားပေါ်လျှောက်လာတာ၊ ပြီးတော့ ကလေးကိုချီလိုက်တယ်၊ ဘယ်သူမှ ဒီလိုခုန်ချမယ်လို့ မထင်ကြဘူးလေ၊ ပြီးမှ ဖိနပ်ချွတ်ပြီး ခုန်ချသွားတာ” လို မျက်မြင်မြို့ခံတဦးက ပြောပါတယ်။

အဆိုပါသားအမိနှစ်ဦးခုန်ချပြီးနောက် တံတားပေါ်ရှိ လူတွေက မရဟိတအဖွဲ့နဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကို ဖုန်းဆက်အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။

“ခုန်ချပြီးတော့ ကလေးပေါ်သေးတယ်၊ ရေစီးကအရမ်းသန်နေတော့ ရေစီးနဲ့မျှောသွားတာဖြစ်မယ်၊ အခုချိန်ထိ ရှာမတွေ့သေးဘူး။” 

လက်တလောမှာ  သားအမိနှစ်ယောက်ကို သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေပူးပေါင်းပြီး ရှာဖွေနေတယ်လို့ ပြည်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“ရှာနေတုန်းပါပဲ။ လက်ရှိအခြေအနေထိ သိရရင် ပြန်ပြောပေးပါမယ်။” 

ဧရာဝတီမြစ်ထဲခုန်ချတဲ့ သားအမိဟာ မိပြည်မြို့ ၇ ရပ်ကွက် မြို့သစ် ၁၂ လမ်းမှာ နေထိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့  သြဂုတ် ၂၅ ရက်နေ့ကလည်း မရမ်းကုန်းမြို့နယ်  ၉ ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်ရှိ လူကူးခုံးကျော်တံတားပေါ်မှ အ သက် ၅၈ နှစ်အရွယ် အမျိုးသားတဦး ခုန်ချပြီးသေကြောင်း ကြံစည်ခဲ့ဖူးပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာပြီး ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံလူတန်း စားတွေဟာ ထမင်းကို နေ့နဲ့ည ပေါင်းစားရသူတွေရှိပြီး အခက်အခဲတွေနဲ့ကြုံရပြီးနောက်မှာ ​ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေ ရှိနေပါတယ်။ DVB

စစ်ကိုင်း-မုံရွာကားလမ်းတွင် စစ်ကောင်စီထောက်ပို့ယာဉ်တန်း မိုင်းဆွဲခံရ၍ ဒဏ်ရာရသေဆုံးမှုရှိဟု MNRF ထုတ်ပြန်

စစ်ကိုင်း-မုံရွာ ကားလမ်း၊ မြင်းမူမြို့နယ်လမ်းပိုင်းတွင် ယနေ့ ဩဂုတ်လ ၂၈ရက် နေ့လယ်ပိုင်းက စစ်ကောင်စီ၏ထောက်ပို့ယာဉ်တန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နှစ်ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ရာ ဒဏ်ရာရသေဆုံးမှု အများအပြားရှိနိုင်ကြောင်း Moe Nyo Revolution Force(MNRF) သတင်းထုတ်ပြန်ချက်အရ သိရသည်။

မုံရွာမြို့မှ စစ်ကိုင်းမြို့ဘက်သို့ မောင်းနှင်လာသော အဆိုပါယာဉ်တန်းတွင် စစ်ကောင်စီ၏ထောက်ပို့ ကွန်တိန်နာကား ခုနစ်စီးပါ၀င်ကြောင်း သတင်းအရ ဒေသကာကွယ်ရေးတပ်ဖွဲ့များက အသင့်စောင့်ကြို တိုက်ခိုက်ကြခြင်းဖြစ်ပြီး စစ်ဆင်ရေးနှစ်ခုဖြင့် နှစ်ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်တွင် မြင်းမူမြို့နယ် ထီးဆောင်းနှင့်ကန်ဖျား ဇရပ်အကြားတွင် ပဒေသာမိုင်း ၁၀လုံးဖြင့် အဆိုပါယာဉ်တန်းမှ ဒုတိယမြောက်နှင့် တတိယမြောက် ကားတို့အားလည်းကောင်း၊ နေ့လယ် ၁ နာရီတွင် ကန်ဖျားဇရပ်နှင့် နပဲကြူးဇရပ်အကြား မိုင်းငါးလုံးဖြင့် စတုတ္ထမြောက်ကားအားလည်းကောင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အထက်ပါစစ်ဆင်ရေးနှစ်ခုတွင် ခွေး(စစ်ကောင်စီတပ်)ထောက်ပို့ကားမောင်းသူများ၊ အများအပြားဒဏ်ရာရရှိနိုင်ပြီး ဆက်လက်စုံစမ်းဆဲဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်များက အထိအခိုက်မရှိ စစ်ဆင်ရေးအောင်မြင်ခဲ့ကြောင်း MNRF တာ၀န်ရှိသူက ဆိုသည်။

အဆိုပါစစ်ဆင်ရေးကို MNRF နှင့်အတူ၊ ပူးပေါင်းမဟာမိတ်ညီနောင်များဖြစ်ကြသည့် PENTAGRAM ငါးထောင့်ကြယ်၊ People’s Guerilla Commando-Myinmu နှင့် People Revolution Force-PRF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ mizzima

မြောက်ဦး ခမရ ၃၇၇ တပ်ရင်းက ပစ်သည့် လက် နက် ကြီးကျရောက်၍ မြောက်ဦး ကင်းဆိပ်ကျေးရွာမှ ပြည်သူ ၂ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာပြင်းထန်

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်ရှိ ကင်းဆိပ်ကျေးရွာတွင် ယနေ့သြဂုတ် ၂၈ ရက်ညနေပိုင်းအချိန်ခန့်၌ လက်နက်ကြီးကျရောက်လာမှုကြောင့် ကျေးရွာသား ၅ ဦးဒဏ်ရာပြင်းထန်ရရှိကာ ၂ ဦးသေဆုံးမှုဖြစ်ကြောင်း ဒေသခံများကပြောသည်။

ညနေ ၄ နာရီခွဲကျော်အချိန့်ခန့်တွင် ကျေးရွာအတွင်းသို့ ရုတ်တရက်လက်နက်ကြီးကျရောက်လာခြင်းဖြစ်ပြီး ထိုနေရာတွင်ပင်သေဆုံးသွားသူမှာ အသက် ၇၀ အရွယ်အမျိုးသမီးတစ်ဦးအပါအဝင် ၂ ဦးသေဆုံးကာ ကျန် ၅ ဦးမှာလည်း စိုးရိမ်ရကြောင်း လူနာများအားလိုက်ပါပို့ဆောင်ပေးခဲ့သည့် အမျိုးသမီးတစ်ဦးကပြောသည်။

“စုစုပေါင်း ၇ ယောက်ပါ။ အသက် ၇၀ အရွယ်တစ်ယောက်နဲ့ နောက်ထပ်အမျိုးသမီး၁ ဦးလည်းသေသွားတယ်။ ကျန်လူတွေလည်းစိုးရိမ်ရတယ်။ တစ်ယောက်ဆိုဝမ်းဗိုက်အူးတွေထွက်သွားတယ်။ ၄ နှစ်အရွယ်ကလေးတစ်ယောက်လည်း ခြေထောက် ခေါင်း၊ ရင်ဘတ်တွေပါထိသွားထားတယ်” ဟုပြောသည်။

လက်နက်ကြီးထိမှန်သူများမှာ အမျိုးသား ၃ ဦး အမျိုးသမီး ၄ ဦးဖြစ်ပြီး မြောက်ဦးမြို့ရှိ ခမရ ၃၇၇ တပ်ရင်းမှလက်နက်ကြီးပစ်ခတ်စဥ်ထွက်ပြေးကြရာတွင် ထိမှန်ခဲ့ကြခြင်းဖြစ်ကြောင်း ကင်းဆိပ်ကျေးရွာသားများက ပြောသည်။

လက်ရှိတွင် အဆိုပါလူနာများကို မြောက်ဦးဆေးရုံကြီးသို့ပို့ဆောင်ထားပြီးဖြစ်ရာ ကျေးရွာသားများမှာမူ အနီးနားရှိ ချောင်းနာရွာနှင့် ကလကကျေးရွာများသို့ထွက်ပြေးတိမ်းရှောင်းလျက်ရှိကြောင်း သိရသည်။

ယနေ့သြဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်တွင် မြောက်ဦး လက္ကာအနီးတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများကပြောသည်။

ယမန့်နေ့ သြဂုတ် ၂၇ ရက်နေ့ကလည်း မောင်တောမြို့နယ််မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး မင်းကြီးကျေးရွာမှ အမျိုးသမီးတစ်ဦး စစ်ကောင်စီမှ ပစ်ခတ်သည့်လက်နက်ထိမှန်၍ သေဆုံးမှုရှိခဲ့သည်။

ရခိုင်ဒေသတွင်စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့၏ တိုက်ပွဲအရှိန်မှာ ဆက်လက်မြင့်တက်လျက်ရှိပြီး ပလက်ဝ၊ ရသေ့တောင်၊ မောင်တောနှင့် တောင်ကုတ်ဖက်တို့အပြင် မြောက်ဦးမြို့နယ်တွင်ပါကူးစက်ဖြစ်ပွားလာခြင်းဖြစ်သည်။

သြဂုတ် ၂၆ ရက်နှင့် ၂၇ ရက်တွင်လည်း မောင်တောမြောက်ပိုင်း ခမောင်းဆိပ်နှင့် မင်းခမောင်းကျေးရွာအနီးတွင် စစ်ကောင်စီနှင့် AA တို့တိုက်ပွဲပြင်းထန်မှုရှိခဲ့ပြီး မင်းခမောင်းကျေးရွာမှ ဒေသခံ ၃ ဦးကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယင်းနောက် ၂၇ ရက်ညနေပိုင်းတွင် စစ်ကောင်စီဖက်မှ ခမောင်းဆိပ်ဗျူဟာကုန်းဖက်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်များအသုံးပြုကာ ပစ် ခတ် မှုများပြုလုပ်ခဲ့သည်။ အဆိုပါတိုက်ပွဲဧရိယာအတွင်း ဒေသခံများမှာလည်း ဘေးလွတ်ရာ ကျေးရွာများသို့ အသီးသီးထွက်ပြေးခိုလှုံခဲ့ကြရသည်။ khit thit

မြင်းမူမြို့ရှောင်လမ်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မုံရွာကနေ စစ်ကိုင်းဘက်လာတဲ့ စစ်ကောင်စီယာဉ်တန်း မြင်းမူမြို့ရှောင်လမ်းမှာ ဩဂုတ် ၂၈ ရက် မွန်းတည့် ၁၂ နာရီကျော်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ တွဲကားတွေနဲ့ လာတာဖြစ်ပြီး စုစုပေါင်း ၄ စီးအနက် ၃ စီးမြောက်ကို ပဒေသာမိုင်း ၅ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD)  တာဝန်ရှိသူက ပြောပါတယ်။

“အရင်ကလို စစ်ကားနဲ့ လာတာမဟုတ်ဘူး။ တွဲကားနဲ့ ကုန်တင်တာလိုလို လာတာ။ တိုက်ခိုက်ခံရတဲ့ ကားကတော့ ယိုင်ထိုးသွားပြီး အော်သံတွေပါကြားရတယ်။ သေဆုံး ဒဏ်ရာရအတိအကျတော့ မသိရဘူး။ အရင်က သူတို့က ဒဏ်ရာရရင် နီးစပ်ရာဆေးရုံဆေးခန်းကုတာ။ အဲ့ဒီတော့ အရေအတွက် သိရတယ်။ အခု ဒီကောင်တွေက စစ်ဆေးရုံရောက်မှ ကုတော့တာ။” 

မိုင်းဆွဲတိုက်ခိုက်တာကို အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) တပ်ခွဲDK PDF(MMU) ၊ People Knight Defence Foce Myinmu (PKDF MMU) ၊ TAUNGTHA(TTA PDF)၊ D.B.B.F MMU တို့ ပါဝင်တဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး အန္တ ရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ DVB

ရန်ကုန်မြို့တွင် တော်လှန်ရေး လူငယ်များက စစ်အာဏာရှင် ဖြုတ်ချရေး လူထုသပိတ် ချီတက် ၊ “ရဲနှင့်စစ်သား ဘာလုပ်နေလဲ အာဏာ ရူးကို ကာကွယ်နေတယ်” ဟု ကြွေးကြော်

khit thit

« Older Entries