မြိုင်တွင် အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီး သောကြောင့် ဝယ်တောင်(မ)ရွာရှိ ပြည်သူပိုင်နေအိမ် ၃၀ ခန့်မီးလောင်ပြာကျ

မကွေးတိုင်း မြိုင်မြို့နယ် ဝယ်တောင်(မ)ရွာကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၀ ခန့် မီးလောင်းပြာကျခဲ့ကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် ကျေးရွာအတွင်းသို့ ဝင်ရောက်လာချိန်တွင် ဒေသခံ ပြည်သူအားလုံး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ပြည်သူများ ဖမ်းဆီး သတ်ဖြတ်ခံရခြင်း၊ ခေါ်ဆောင်သွားခြင်း ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” အခုထိတော့ ပြည်သူတွေ အားလုံးနီးပါး ထွက်ပြေး တိမ်းရှောင်နေရတယ်။ ဖမ်းဆီးခံရတာ အသတ်ခံရတာတော့ မကြားမိသေးဘူး။ PDF တပ်ဖွဲ့တွေ ပြည်သူတွေ ရွာထဲဝင်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော ဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s