၂၄ နှစ်အရွယ် အမျိုးသမီးတဦး သုံးနှစ်သမီးကိုချီပြီး ပြည်နဝဒေးတံတားပေါ်မှ ခုန်ချသတ်သေ

အသက် ၂၄ အရွယ် အမျိုးသမီးတဦးဟာ သုံးနှစ်သမီးလေးနဲ့အတူ ဒီကနေ့ ညနေ ၃ နာရီကျော်လောက်မှာ ပြည်-နဝေးဒေးတံတားပေါ်မှ ခုန်ချသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

“ကလေးကို လက်ဆွဲပြီး တံတားပေါ်လျှောက်လာတာ၊ ပြီးတော့ ကလေးကိုချီလိုက်တယ်၊ ဘယ်သူမှ ဒီလိုခုန်ချမယ်လို့ မထင်ကြဘူးလေ၊ ပြီးမှ ဖိနပ်ချွတ်ပြီး ခုန်ချသွားတာ” လို မျက်မြင်မြို့ခံတဦးက ပြောပါတယ်။

အဆိုပါသားအမိနှစ်ဦးခုန်ချပြီးနောက် တံတားပေါ်ရှိ လူတွေက မရဟိတအဖွဲ့နဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကို ဖုန်းဆက်အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။

“ခုန်ချပြီးတော့ ကလေးပေါ်သေးတယ်၊ ရေစီးကအရမ်းသန်နေတော့ ရေစီးနဲ့မျှောသွားတာဖြစ်မယ်၊ အခုချိန်ထိ ရှာမတွေ့သေးဘူး။” 

လက်တလောမှာ  သားအမိနှစ်ယောက်ကို သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေပူးပေါင်းပြီး ရှာဖွေနေတယ်လို့ ပြည်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“ရှာနေတုန်းပါပဲ။ လက်ရှိအခြေအနေထိ သိရရင် ပြန်ပြောပေးပါမယ်။” 

ဧရာဝတီမြစ်ထဲခုန်ချတဲ့ သားအမိဟာ မိပြည်မြို့ ၇ ရပ်ကွက် မြို့သစ် ၁၂ လမ်းမှာ နေထိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့  သြဂုတ် ၂၅ ရက်နေ့ကလည်း မရမ်းကုန်းမြို့နယ်  ၉ ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်ရှိ လူကူးခုံးကျော်တံတားပေါ်မှ အ သက် ၅၈ နှစ်အရွယ် အမျိုးသားတဦး ခုန်ချပြီးသေကြောင်း ကြံစည်ခဲ့ဖူးပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာပြီး ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံလူတန်း စားတွေဟာ ထမင်းကို နေ့နဲ့ည ပေါင်းစားရသူတွေရှိပြီး အခက်အခဲတွေနဲ့ကြုံရပြီးနောက်မှာ ​ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေ ရှိနေပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s