Monthly Archives: Aug 2022

ကောလင်းမြို့တွင် စစ်ကောင်စီက လေ ကြောင်း ဖြင့် တိုက်ခိုက်၍ ကလေးငယ်နှင့် ကိုယ်ဝန်ဆောင် အပါအဝင် ပြည်သူ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်၍ ကလေးငယ်နှင့်၊ ကိုယ်ဝန်ဆောင် အပါအဝင် ပြည်သူ လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဩဂုတ် ၂၃ရက်က ကောလင်းမြို့နယ်အနောက်ခြမ်း၊ ချောင်းနားတိုက်နယ် သစ်ဆိမ့်ကုန်းရွာသို့ စစ်ကောင်စီတပ်က ညသန်းခေါင်အချိန် လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ငါးဦးထိခိုက်ခဲ့ပြီး၊ အသက် ခြောက်နှစ်ခွဲ ကလေးငယ်နှင့် ကိုယ်ဝန် ကိုးလလွယ်ထားသည့် ကိုယ်ဝန်ဆောင်မိခင် အပါအဝင် လေးဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

အဆိုပါ ထိခိုက်၊ သေဆုံးပျက်စီးမှုမှတ်တမ်းဓာတ်ပုံများကို ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ ဩဂုတ်လ ၃၀ရက်တွင် ထုတ်ပြန် သည်။

သေဆုံးခဲ့သူများမှာ သစ်ဆိမ့်ကုန်းရွာနေ မောင်ပြည့်စုံ ၊ ကိုမိုးအောင် ၊ကိုဇင်မျိုးထွန်းနှင့် ကိုဇင်မျိုးထွန်း၏ ဇနီးကိုယ်ဝန် ကိုးလလွယ်ထားသည့် မဖြူဇာဝင်းတို့ဖြစ်ပြီး မောင်ပြည့်စုံ၏ဖခင် ကိုနေလင်းဦးမှာ ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

ဩဂုတ် ၂၃ရက်က ကောလင်းမြို့နယ်၊ အောင်ချမ်းသာရွာအနီး တိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့၍ အရပ်သားပြည်သူများ နေထိုင်ရာကို လေကြောင်းမှ တိုက်ခိုက်လာခြင်းဖြစ်သည်။

ယနေ့ ဩဂုတ်လ ၃၀တွင်လည်း ကျွန်းလှမြို့နယ် ရွာကုန်းကြီးရွာအား မီးရှို့နေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် ကျွန်းလှ၊ ကောလင်း၊ ကန့်ဘလူမြို့နယ်များမှ ကျေးရွာ ၃၀ကျော်ရှိ ဒေသခံပြည်သူများ စစ်ဘေးရှောင်နေရပြီး လူဦးရေ သုံးသောင်းကျော်ရှိသည်ဟု ထုတ်ပြန်ထားသည်။mizzima

ကလေးမြို့တွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦးသေဆုံး၊ ကျိုက်ထိုတွင်လည်း စစ်ကောင်စီတပ်ကို KNLA ၊ PDF မဟာမိတ်ပူးပေါင်းတပ်က တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို PDF (Kalay) က မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း PDF (Kalay) ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဩဂုတ်လ ၂၉ ရက် ညနေ ၇ နာရီခွဲအချိန်ခန့်တွင် ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းရွာ ရဲစ ခန်း ဝန်းအတွင်းမှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၀ ခန့်သည် ရွာမြောက်ဘက်သို့ဦးတည်၍ ခြေလျင်စစ်ကြောင်းထိုးလာစဉ် PDF (Kalay) မိုင်းတပ်ဖွဲ့က အသင့်စောင့်ဆိုင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ တောင်ဘက်သို့ ကြောက်လန့်တကြား ဆုတ်ခွာပြေးကြောင်း၊ မြောက်စည်းရဲစခန်းအနီးသို့အရောက်တွင် PDF (Kalay) မိုင်းတပ်ဖွဲ့က အသင့်စောင့်ဆိုင်း၍ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာအပြင်းအထန်ရရှိကြောင်း သိရှိရသည်။

ကလေးမြို့နယ်တွင်ပင် ယနေ့ နံနက် ၆ နာရီခန့်၌ ကလေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကား ၅ စီးပါဝင်သော အကြမ်း ဖက်စစ်ကောင်စီယာဉ်တန်းသည် ကံသာယာရွာမှ တမူးမြို့ဘက်သို့ ဦးတည်ထွက်ခွာလာစဉ် ကံလှရွာ၏တောင်ဘက် ကျွန်းစိုက်ခင်းအနီးတွင် PDF (Kalay) နှင့် ရပ်ရွာ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက အသင့်တပ်ဆင်ထားသော မိုင်းတွဲများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကား ၁ စီး လမ်းဘေးချောက်အတွင်းသို့ ထိုးဆင်းလဲကျသွားပြီး အခြား ၁ စီးမှာလည်း မိုင်းအပြင်းအထန် ထိမှန်ပျက်စီးသွားကြောင်း၊ သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ်အချိန် KNU တပ်မဟာ ၁ နယ်မြေ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ လက်ပံပင်သင်္ချိုင်းကုန်းတွင် လက်နက်ကြီးအထိုင်ချ တပ်စွဲထားသော စစ်ကောင်စီတပ်ကို KNLA ၊ PDF အပါအဝင် မဟာမိတ်ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁၇ ဦးသေဆုံးကြောင်း၊ ကျိုက်ထိုတော်လှန်ရေးအင်အားစုက တရားဝင် သတင်းထုတ်ပြန်သည်။ khit thit

တမူး PDF က စစ်တပ်ထုတ်ကုန် ဒဂုန်ဘီယာဖာ ၂၀၀ ဖမ်းဆီးရမိ

ဩဂုတ် ၂၉ ရက်က  ကလေးမြို့မှ တမူးမြို့ကို မောင်းနှင်လာတဲ့ ကားတစီးကို ရပ်တန့်စစ်ဆေးရာ စစ်တပ်ထုတ်ကုန် ဒဂုန်ဘီယာဖာ ၂၀၀ သိမ်းဆည်းရမိခဲ့တယ်လို့ တမူး PDF က ထုတ်ပြန်ပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ကလေး-တမူး အာရှလမ်းမကြီးပေါ်မှာ နယ်မြေစိုးမိုးရေး ဆောင်ရွက်မှုအရ စစ်ကောင်စီတပ်ရဲ့ ကျောထောက်နောက်ခံ ကုန်ပစ္စည်းတွေ ကူးသန်းရောင်းဝယ်မှု ရှိ၊ မရှိ စစ်ဆေးမှုများကို တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နေ့စဉ် ပြုလုပ်နေတာလို့ ဆိုပါတယ်။

သိမ်းဆည်းရမိတဲ့ ဒဂုန်ဘီယာဖာတွေအား တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၃) က ဖျက်ဆီးခဲ့ပြီး နောက်နောင်တွင်လည်း မူး ယစ်ဆေးဝါး၊ ရွှေမှောင်ခို၊ တရားမဝင် ငွေမည်းမှောင်ခို၊ သစ်မှောင်ခိုလုပ်ငန်းတွေကို ဖမ်းဆီးအရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ပတ်သက်ဆက်နွှယ်တဲ့ လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးတွေကို သယ်ယူဆောင်ရွက်ခြင်း မပြုလုပ်ကြဖို့လည်း တမူး PDF က ထပ်မံသတိပေးထားပါတယ်။

တမူး PDF တပ်ရင်း ၃ ရဲ့ တာဝန်ခံက “စစ်တပ်ထုတ်ကုန်တွေ မရောင်းချဖို့နဲ့ သယ်ယူတင်ဆောင်ခြင်း မပြုလုပ်ကြဖို့ကို အကြိမ်ကြိမ် သတိပေးထားပါတယ်။ အခု ဖမ်းဆီးရမိတဲ့သူကိုတော့ အရေးမယူတော့ဘူး၊ နောက်တခါ လိုက်နာမှု မရှိတဲ့သူတွေကိုတော့ စစ်ဆေးအရေးယူမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဇူလိုင် ၄ ရက်နေ့ကလည်း ကလေး-တမူးလမ်းကြောင်းပေါ်မှာ ခြောက်ဘီးကားတစီးကို ရပ်တန့် စစ်ဆေးခဲ့ရာ ဆပ်ပြာခွက်နဲ့ထည့်ထားတဲ့ မူး ယစ်ဆေးဝါး ဘိန်းဖြူတွေကို ၆ ခွက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဇွန် ၂၀ ရက်နေ့ကလည်း ကလေး-တမူး အာရှလမ်းမပေါ်မှာ မောင်းနှင်လာတဲ့ ကားတစီးကို ရပ်တန့်စစ်ဆေးခဲ့ရာ စစ်တပ်ထုတ်ကုန် မြန်မာဘီ ယာ ၉၈ ဖာ တင်ဆောင်လာတာ စစ်ဆေးတွေ့ရှိရတာကြောင့် ဖျက်ဆီးပစ်ခဲ့ပါသေးတယ်။ DVB

လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားသည့် ၄နှစ်အရွယ် မောင်မြတ်သူလင်းကို သင်္ဂြိုဟ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့် လေးနှစ်အ ရွယ် မောင်မြတ်သူလင်းကို ယနေ့ နေ့လယ် ၁ နာရီတွင် မြောက်ဦးမြို့၊မင်းသားကျွန်းသုသာန်၌ သင်္ဂြိုဟ်ခဲ့သည်။ မောင်မြတ်သူလင်း၏ မိခင်မှာလည်း လက်နက်ကြီး ကျည်ထိမှန်ထားသည် ဟုလည်း သိရသည်။

ဩဂုတ်လ ၂၈ရက်နေ့၊ မြောက်ဦးမြို့အခြေစိုက် ခမရ (၃၇၇)တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ မြောက်ဦးမြို့ပေါ်နှင့်တစ်မိုင်ခန့်ကွာဝေးသည့် ကင်းဆိပ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေါ်အေးယဉ်(အသက်၆၈နှစ်)၊ ဦးလှအောင်သိန်း (အသက်၃၈ နှစ် )နှင့် လေးနှစ်အရွယ် မောင်မြတ်သူလင်းတို့မှာ သေဆုံးခဲ့သည့်အပြင် ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဒေါ်အေးယဉ်(အသက်၆၈နှစ်)နှင့် ဦးလှအောင်သိန်း (အသက်၃၈နှစ်)တို့ကို ယမန်နေ့ ဩဂုတ်လ၂၉ ရက်နေ့က မီးသင်္ဂြိုဟ်ခဲ့သည်။mizzima

ရုံးပိတ်ရက်တချို့နှင့် အစားထိုးရုံးပိတ်ရက်များကို စစ်ကောင်စီ ဆက်လက်ပယ်ဖျက်

ရုံးပိတ်ရက်တချို့နဲ့ အစာထိုးရုံးပိတ်ရက်တွေကို စစ်ကောင်စီက ဆက်လက်ပယ်ဖျက်ထားတယ်လို့ သိရပါတယ်။

၂၀၂၃ အတွက် ရုံးပိတ်ရက်တွေကို စစ်ကောင်စီက ထုတ်ပြန်ခဲ့ရာ နိုင်ငံတကာနှစ်ကူးပိတ်ရက် မပါတော့သလို၊ ခရစ္စမတ်ပိတ်ရက်ဟာလည်း တရက်တည်း ပေးထားပါတယ်။

ဒါ့အပြင် စနေ၊ တင်္ဂနွေနေ့တွေနဲ့တိုက်တဲ့ ရုံးပိတ်ရက်တွေ အစားထိုးပိတ်ရက် ပြန်ပေးထားတာမျိုးလည်း မရှိတော့ပါဘူး။

အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးက “အလုပ်ရှင်တွေအကြိုက် ပိတ်ရက်တွေ လျှော့ပေးတာ။ အလုပ်သမားတွေအတွက်တော့ နစ်နာတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ရုံးပိတ်ရက်ကို ၂၀၂၂ က စတင်ပြောင်းလဲသတ်မှတ်ခဲ့တာဖြစ်ပြီး လာမယ့်နှစ်အတွက်လည်း ရုံးပိတ်ရက်တွေ ဆက်လက်လျှော့ချခံထားရတာ ဖြစ်ပါတယ်။

NLD အစိုးရလက်ထက်မှာ နိုင်ငံတကာနှစ်ကူးပိတ်ရက်ကို ရုံးပိတ်ရက်အသစ်အနေနဲ့ သတ်မှတ်ပေးခဲ့သလို အစားထိုးပိတ်ရက်တွေလည်း ပေးခဲ့ပါတယ်။

စစ်ကောင် စီသတ်မှတ်တဲ့ ရုံးပိတ်ရက်ဟာ တနှစ်လုံး ၂၇ ရက်ရှိပြီး ယခင်က ရက် ၃၀ ကျော်ရှိကာ အဲဒီကမှ အစားထိုးပိတ်ရတွေကိုပါ အလုပ် သမားတွေ ထပ်မံခံစားခွင့်ရရှိကြတာပါ။ DVB

ရခိုင်အခြေစိုက် DMG သတင်းဌာနမှ ၅၀၅ (က)ဖြင့် စွဲဆိုထားသည့် သူများကို စစ်ကောင်စီ အမှုပြန်ပိတ်

ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် Development Media Group (DMG) သတင်းဌာနမှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ဒုတာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်တို့ကို သြဂုတ်လ ၂၉ရက်နေ့တွင် စစ်ကောင်စီက အမှုပိတ်သိမ်းလိုက်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီ ၂၂ရက်နေ့ တွင် ဗိုလ်မှူးဘုန်းမြင့်ကျော်က စစ်တွေမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့်လည်းကောင်း ၊စစ်တွေခရိုင် တရားရုံးတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅( က)ဖြင့်လည်းကောင်း တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

DMG သတင်းဌာနမှ ဒုတာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်တို့ကို ယမန်နေ့ သြဂုတ်လ ၂၉ ရက်နေ့တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)ကို အမှုပိတ်သိမ်းလိုက်သည်ဟု စစ်တွေမြို့ အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက သတင်းပေးလာခြင်းဖြစ်ကြောင်း DMG မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနေ့က ဖုန်းဆက်လာတယ်၊ ကျနော်တို့ဌာနက လူတွေကို စွဲထားတဲ့ အမှုက ၅၀၅ (က) ကို ပိတ်သိမ်းလိုက်တယ်ဆိုပြီးပေါ့၊ ၅၀၅ (က) တရားရုံးကို ဦးတိုက်လျှောက်ထားတဲ့ အမှုဖြစ်တယ်၊ အခုက ရဲစခန်းကတာဝန်ရှိသူ တစ်ဦးက အကြောင်းကြားလာတော့ ကျနော်တို့ အတိအကျဖြစ်ဖို့အတွက် စုံစမ်းနေပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ခုနှစ်က စစ်ပွဲအတွင်း ကျောက်တော်မြို့နယ် မာလာကျေးရွာမှ စစ်ကောင်စီက စပါးတင်း၇၀၀ ကျော်ကို ယူဆောင်သွားသည့် သတင်းကို DMG က ဖော်ပြပြီးနောက် သတင်းထောက်နှင့်တာဝန်ရှိသူများကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တရားစွဲဆိုခံထားရသည့် ဒုတာဝန်ခံ ကိုနေဝင်းစံနေရာတွင် တာဝန်ခံအယ်ဒီတာ ကိုမိုးဇော်မြင့်ကို ထပ်တိုးတရားစွဲဆိုထားကြောင်းလည်း သိရသည်။

“ကိုနေဝင်းစံ နေရာကို ကိုမိုးဇော်မြင့်ကို အစားသွင်းလိုက်တယ်လို့ပြောတယ်၊ ဆိုတော့ ကိုနေဝင်းစံကတော့မပါတော့ဘူး၊ နှင်းနွယ်နဲ့ တာဝန်ခံအယ်ဒီတာက ၆၆ နဲ့ ကျန်ခဲ့တာပေါ့” ဟုဆိုသည်။

မနှင်းနွယ်က “ ကျမတို့ကို စွဲဆိုထားတဲ့အမှု နှစ်ခုက ၅၀၅ (က)အမှုကို ပိတ်လိုက်တယ်ဆိုပြီး သတင်းကြားရတယ်ပေါ့နော်၊ သတင်းကြားလိုက်တော့ အရမ်းပျော်သွားတာပေါ့၊ ဒီအမှုကြောင့် ကျမတို့ ရှောင်တိမ်းနေလာရတာလည်း ကြာနေပြီ၊ မြို့ပြနဲ့ဝေးလံတဲ့နေရာတွေမှာ အခက်အခဲမျိုးစုံနဲ့ ရပ်တည်နေထိုင်ခဲ့ရတယ်၊ မိန်းကလေးဆိုတော့ ပိုနေရထိုင်ရ ကျဉ်းကျပ်တာပေါ့၊ ကိုယ်နေထိုင်ဖို့ နေရာတစ်ခုရရင်တောင် ဒီနေရာမိန်း ကလေးအတွက် သင့်တော်ရဲ့လားပေါ့၊ အဲလိုမျိုးအခြေအနေတွေကအစ ဖြတ်ကျော်ခဲ့ရတယ်၊ အခုအမှုပိတ်လိုက်တယ်ဆိုတော့ ပျော်တယ်ဆိုထာထက် ပိုပါတယ်၊ ကျန်တဲ့အမှုတစ်ခုကိုလည်း အမြန်ဆုံးပြန်ရုတ်သိမ်းပေးဖို့ မျှော်လင့်ပါတယ် ” ဟုဆိုသည်။

DMG သတင်းဌာနမှ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို သတင်းတပ်ဖွဲ့ (SB) က တရားလိုလုပ်ပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၂) ဖြင့် စစ်တွေမြို့မရဲစခန်း၌ ၂၀၁၉ခုနှစ်၊ မေလ ၁၁ရက်နေ့တွင် တရားစွဲဆိုထားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အမှုအား ရုတ်သိမ်းခြင်းမရှိသေးပေ။ mizzima

ဒေါ်လာဈေးအပြောင်းအလဲကြောင့် မတ်ပဲ၊ ပဲစင်းငုံစျေး ထပ်မံမြင့်တက်

ဒေါ်လာဈေးအပြောင်းအလဲကြောင့် အမြင့်ဈေးမှာ ရပ်တည်နေတဲ့ ပို့ကုန်ပဲတွေ ဈေးထပ်မံ မြင့်တက်လာပါတယ်။

ပြည်တွင်း ပဲလက်ကျန် နည်းနေတဲ့အပြင် ဝယ်လိုအားကလည်း ရှိနေတာကြောင့်  ဒီနေ့ သြဂုတ်လ ၃၀ ရက်နေ့မှာ မတ်ပဲ တစ်တန်ကို ကျပ် ၁,၉၅၃,၀၀၀ ထိ စံချိန်တင်မြင့်တက်ခဲ့ပြီး၊ ပဲစင်းငုံကလည်း တစ်တန်ကို ကျပ် ၂,၀၂၅,၀၀၀ အထိ ပေါက်ဈေး ဖြစ်ခဲ့ပါတယ်။ 

တစ်ပတ်အတွင်း မတ်ပဲတစ်တန်ကို  ကျပ် ၁၁၀,၀၀၀ ဝန်းကျင်၊ ပဲစင်းငုံတစ်တန်ကို ကျပ်  ၅၅,၀၀၀ ထိ ဈေးထပ်မံ မြင့်တက်လာတာပါ။

“ပို့ကုန်ပဲတွေက အမြင့်ဈေးမှာပဲ ရှိနေတာ၊ ဒေါ်လာဈေးအပြောင်းအလဲကြောင့် ထပ်တက်လာတာ” လို့ ပဲကုန်သည်တဦးက ပြောပါတယ်။

ဒီကနေ့ ပြင်ပနိုင်ငံခြားငွေ ဈေးကွက်မှာ ဒေါ်လာငွေလဲနှုန်းက အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၃,၆၅၀ ကျပ်အထိ မြင့်တက်နေပြီး သီတင်းပတ် တစ်ပတ်အတွင်း ကျပ် ၅၀၀ ကျော် ထပ်မံမြင့်တက်လာပြန်ပါတယ်။

ဒေါ်လာဈေးဂယက်ကြောင့် အမြင့်ဆုံးစျေးရောက်နေတဲ့ ပို့ကုန်ပဲတွေ အခုလို ဈေးထပ်မံမြင့်တက်လာတာ ဖြစ်ပြီး အခုသီတင်းပတ်အတွင်း  စက်သုံးဆီဈေး စံချိန်တင် မြင့်တက်လာမှုကလည်း  သယ်ယူပို့ဆောင်တဲ့ စရိတ်စကတွေကို ပိုမြင့်တက်လာစေခဲ့ပါတယ်။ 

သြဂုတ်လဆန်းပိုင်းမှာ ဗဟိုဘဏ်ရဲ့ဒေါ်လာ မူဝါဒပြောင်းလဲပြီးနောက် ပြည်တွင်း ပဲစျေးကွက်အတွင်း ပဲစင်းငုံနဲ့ မတ်ပဲဈေးတွေ ဆက်တိုက်ထိုးတက်လာခဲ့တာပါ။ 

ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်ဈေးနှုန်းအရ သြဂုတ်လပထမပတ်မှာ ပဲစင်းငုံ တစ်တန်ကို ၁,၅၈၀,၀၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိပြီး၊ မတ် ပဲက တစ်တန်ကို ၁,၆၅၀,၀၀၀ ကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့ပါတယ်။  တစ်လနီးပါး ကာလအတွင်း မတ်ပဲက ၁၉ ရာခိုင်နှုန်း၊ ပဲစင်းငုံက ၂၉ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်ပါတယ်။

လက်ရှိမှာ သွင်းအားစုစျေးနှုန်းတွေ  အဆမတန် ကြီးမြင့်နေတဲ့အပြင်  ပဋိပက္ခတွေ ဖြစ်ပွားတဲ့ နေရာဒေသတွေမှာ စိုက်ပျိုးရေး ကောင် းကောင်း မလုပ်နိုင်တာကြောင့်  အခုနှစ် ပြည်တွင်းပဲအထွက်နှုန်းကလည်း ကျဆင်းနေပါတယ်။ ဒါ့အပြင်  အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက်ကလည်း များနေတာကြောင့် ဈေးဆက်တက်နိုင်တယ်လို့ ကုန်သည်အများစုက ခန့်မှန်းထားကြပါတယ်။

မြန်မာနိုင်ငံမှာ မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်းတို့ကို အများဆုံးစိုက်ပျိုးပြီး အိန္ဒိယနိုင်ငံကို အဓိကထား တင်ပို့ပါတယ်။ 

အခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဩဂုတ် ၁၂ ရက်နေ့အထိ ပြည်ပကို ပဲမျိုးစုံ တန်ချိန် ၆ သိန်းကျော် တင်ပို့ထားတယ်လို့ စစ်ကောင် စီရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းအရ သိရပြီး ပဲတီစိမ်းကို တန်ချိန် ၂ သိန်း ၉ သောင်းကျော်၊ မတ်ပဲ တန်ချိန် ၁ သိန်း ၄ သောင်းဝန်းကျင်နဲ့ ပဲစင်းငုံ တန်ချိန် ၂ သောင်းကျော်  တင်ပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ DVB

ကနီတွင် စစ်တပ်က ကျေးရွာ ၄ ရွာရှိ စာသင် ကျောင်း၊ တိုက်နယ်ဆေးရုံး အပါအဝင် နေ အိမ်များကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ကနီမြို့နယ် သရက်ပင်ရွာ၊ ဝါးတန်းအရှေ့ရွာ ၊ဝါးတန်းအနောက်ရွာ ၊အုန်းပင်ဆိပ်ရွာတို့ကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၂၈ရက်နှင့် ၂၉ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ စာသင်ကျောင်း၊ တိုက်နယ်ဆေးရုံး အပါအဝင် နေအိမ်များကိုပါ မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၈ ရက်နေ့တွင် ကနီမြို့နယ် သရက်ပင်ရွာရှိ စာသင်ကျောင်းတွင်ရှိသော စာသင်ဆောင်တဲကြီး ၂ တဲနှင့် စာရေး ကိရိယာ စာသင်ခုံများ ၊ စာသင်ကျောင်းအတွင်းထားရှိသော စစ်ဘေးရှောင်ပြည်သူများ၏ အိမ်ထောင် ပရိဘောဂ ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ပြီး လူနေအိမ် ၂၀ ကျော် ထက်မနည်း ဝင်ရောက် မွှေနှောက်ပြီး စားနပ်ရိက္ခာများအား ယူဆောင်သွားသည်။

သရက်ပင် တိုက်နယ် ဆေးရုံရှိ စစ်ဘေးရှောင် ပြည်သူများနှင့် ဒေသခံ ပြည်သူများအား ဆေးဝါး ကုသပေးနေသည့် ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိ ဆေးပစ္စည်း ကိရိယာများကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ဆေးဝါးပစ္စည်း ကိရိယာများအား ရေထဲတွင်နှစ်ကာ ပစ်ချ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။

သြဂုတ်လ ၂၈ ရက်နေ့တွင် သရက်ပင်ရွာမှ အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၆၂ ဦးကို ဖမ်းဆီး စစ်ဆေး မေးမြန်းပြီး စစ်တပ် ကောင်းကြောင်းများ ဟောပြောပြီးနောက် သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကာ ၎င်းတို့ ဖမ်းဆီးခံရ သူများထဲတွင် လသားအရွယ် ရင်ခွင်ပိုက် ကလေးမှ စတင်ပြီး အသက် ၈၂ နှစ်​အထိ ပါဝင်သည်ဟု သိရသည်။

သြဂုတ်လ ၂၉ ရက်နေ့တွင် ကနီမြို့နယ် ဝါးတန်းအရှေ့ရွာ မှ ပြည်သူပိုင် နေအိမ် ၁ လုံး ၊ ဝါးတန်းအနောက်ရွာမှ ပြည်သူပိုင် နေအိမ် ၁၀ လုံး ၊ နွားတဲ ၈ လုံး၊ မီးဖိုချောင် ၁ လုံး ၊ စက်တဲ ၁ လုံး၊ အိုင်တောင်တောတိုက်မှ ပြည်သူပိုင် နေအိမ် ၁ လုံး၊ ၄င်းတဲအတွင်းရှိ စစ်ဘေး တိမ်းရှောင်ထားရှိသည့် အိမ်ထောင်ပရိဘောဂများ ၊ ဆေးလိပ်ခုံလုပ်ငန်းသုံးပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အုန်းပင်ဆိပ်ရွာသို့ ဆက်လက် ရောက်ရှိလာပြီး မီးဖိုချောင် ၁ လုံးကိုမီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် နေအိမ် ၁၀၀ ကျော်ကို ဝင်ရောက် မွှေနှောက်ရှာဖွေပြီး တန်ဖိုးရှိ ပစ္စည်းများကို ယူဆောင်သွားသည်ဟု သိရသည်။

” စစ်ခွေးတွေက ၂ ရက်ဆက်တိုက်ကို ဝင်မွှေတာ ရွာ ၄ ရွာပေါ့။ မနေ့က သူတို့ဝင်တယ် ဆိုတာလောက်ပဲ သိရတယ်။ ရွာထဲက ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကို ဒီနေ့မှ သိရတာ စစ်ခွေးတွေက မုံရွာဘက်ကို ပြန်ဆုတ်သွားပြီ ပျက်စီးဆုံးရှုံးမှုများတယ်။ ဆေးဝါးတွေလောက်ပဲ တန်ဖိုးသိရသေးတယ်။ ကျန်တဲ့ ဆုံးရှုံးမှု တန်ဖိုးတွေကတော့ မတွက်ရသေးဘူး။ စစ်ခွေးတွေ ယူသွားတာတွေကော ဖျက်ဆီးခဲ့တာတွေကော တော်တော်များတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကနီမြို့နယ် အုန်းပင်ဆိပ်ရွာသို့ ရောက်ရှိလာပြီးနောက် ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့တွင် ချင်းတွင်းမြစ်ကြောင်းမှ တစ်ဆင့် ကနီမြို့နယ် နတ်လာပို့မြောက်ရွာမှ ချောဆွဲလာသောအမြန်ယာဥ် ၁ စီးဖြင့် မုံရွာ အလုံ နမခ သို့ စုန်ဆင်းသွား​သည်ဟု သိရသည်။ khit thit

ကန်ကြီးထောင့်မြို့တွင် စစ်ကောင်စီခန့်ရာအိမ်မှူးမောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်ပေါ် ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့၊ ကံကုန်း-မြောင်းမြလမ်းပိုင်းပေါ်ရှိ ညောင်ချောင်းကျေးရွာတံတားအနီးတွင် စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦး သုံးဘီးဆိုင်ကယ်မောင်းနေစဥ် ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ သြဂုတ်လ ၃၀ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် စစ်ကောင်စီခန့် ကံကုန်းကျေးရွာ ရာအိမ်မှူး အက်ချလားဆိုသူ မောင်းလာသည့်သုံးဘီးဆိုင်ကယ်ပေါ် ၎င်းယူလာသည့် ပါဆယ်ထုပ်မှ ဗုံးပေါက်ကွဲခဲ့ခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

” သူယူလာတဲ့ ပါဆယ်ထုပ်ကနေ ထပေါက်တာလို့တော့ သိရတယ်၊ ဘယ်သူမှ သွားမကြည့်ရဲတော့ တိတိကျကျတော့မသိရသေးဘူး၊ အိုးဝေ (သုံးဘီးဆိုင်ကယ်) တစ်ခုလုံးတော့ စုတ်ပြတ်သွားတယ်၊ လူကလည်း သေလုမျောပါးဖြစ်နေတော့ ဆေးရုံကိုခေါ်သွားကြတယ်”ဟု ၎င်းကဆို သည်။

အဆိုပါ ရာအိမ်မှူးသည်ဗုံးပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နီးစပ်ရာဆေးရုံသို့ ရောက်ရှိချိန်တွင် သေဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပေါ်အပြီး မိနစ်အနည်းငယ်တွင် စစ်ကောင်စီတပ်နှင့် ရဲများရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ကံကုန်းကျေး ရွာဒေသခံများကဆိုသည်။

စစ်ကောင်စီခန့်ရာအိမ်မှူး ဗုံးဖောက်ခွဲတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခဲ့သည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။ mizzima

« Older Entries