တမူး PDF က စစ်တပ်ထုတ်ကုန် ဒဂုန်ဘီယာဖာ ၂၀၀ ဖမ်းဆီးရမိ

ဩဂုတ် ၂၉ ရက်က  ကလေးမြို့မှ တမူးမြို့ကို မောင်းနှင်လာတဲ့ ကားတစီးကို ရပ်တန့်စစ်ဆေးရာ စစ်တပ်ထုတ်ကုန် ဒဂုန်ဘီယာဖာ ၂၀၀ သိမ်းဆည်းရမိခဲ့တယ်လို့ တမူး PDF က ထုတ်ပြန်ပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ကလေး-တမူး အာရှလမ်းမကြီးပေါ်မှာ နယ်မြေစိုးမိုးရေး ဆောင်ရွက်မှုအရ စစ်ကောင်စီတပ်ရဲ့ ကျောထောက်နောက်ခံ ကုန်ပစ္စည်းတွေ ကူးသန်းရောင်းဝယ်မှု ရှိ၊ မရှိ စစ်ဆေးမှုများကို တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နေ့စဉ် ပြုလုပ်နေတာလို့ ဆိုပါတယ်။

သိမ်းဆည်းရမိတဲ့ ဒဂုန်ဘီယာဖာတွေအား တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၃) က ဖျက်ဆီးခဲ့ပြီး နောက်နောင်တွင်လည်း မူး ယစ်ဆေးဝါး၊ ရွှေမှောင်ခို၊ တရားမဝင် ငွေမည်းမှောင်ခို၊ သစ်မှောင်ခိုလုပ်ငန်းတွေကို ဖမ်းဆီးအရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ပတ်သက်ဆက်နွှယ်တဲ့ လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးတွေကို သယ်ယူဆောင်ရွက်ခြင်း မပြုလုပ်ကြဖို့လည်း တမူး PDF က ထပ်မံသတိပေးထားပါတယ်။

တမူး PDF တပ်ရင်း ၃ ရဲ့ တာဝန်ခံက “စစ်တပ်ထုတ်ကုန်တွေ မရောင်းချဖို့နဲ့ သယ်ယူတင်ဆောင်ခြင်း မပြုလုပ်ကြဖို့ကို အကြိမ်ကြိမ် သတိပေးထားပါတယ်။ အခု ဖမ်းဆီးရမိတဲ့သူကိုတော့ အရေးမယူတော့ဘူး၊ နောက်တခါ လိုက်နာမှု မရှိတဲ့သူတွေကိုတော့ စစ်ဆေးအရေးယူမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဇူလိုင် ၄ ရက်နေ့ကလည်း ကလေး-တမူးလမ်းကြောင်းပေါ်မှာ ခြောက်ဘီးကားတစီးကို ရပ်တန့် စစ်ဆေးခဲ့ရာ ဆပ်ပြာခွက်နဲ့ထည့်ထားတဲ့ မူး ယစ်ဆေးဝါး ဘိန်းဖြူတွေကို ၆ ခွက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဇွန် ၂၀ ရက်နေ့ကလည်း ကလေး-တမူး အာရှလမ်းမပေါ်မှာ မောင်းနှင်လာတဲ့ ကားတစီးကို ရပ်တန့်စစ်ဆေးခဲ့ရာ စစ်တပ်ထုတ်ကုန် မြန်မာဘီ ယာ ၉၈ ဖာ တင်ဆောင်လာတာ စစ်ဆေးတွေ့ရှိရတာကြောင့် ဖျက်ဆီးပစ်ခဲ့ပါသေးတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s