လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားသည့် ၄နှစ်အရွယ် မောင်မြတ်သူလင်းကို သင်္ဂြိုဟ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့် လေးနှစ်အ ရွယ် မောင်မြတ်သူလင်းကို ယနေ့ နေ့လယ် ၁ နာရီတွင် မြောက်ဦးမြို့၊မင်းသားကျွန်းသုသာန်၌ သင်္ဂြိုဟ်ခဲ့သည်။ မောင်မြတ်သူလင်း၏ မိခင်မှာလည်း လက်နက်ကြီး ကျည်ထိမှန်ထားသည် ဟုလည်း သိရသည်။
ဩဂုတ်လ ၂၈ရက်နေ့၊ မြောက်ဦးမြို့အခြေစိုက် ခမရ (၃၇၇)တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ မြောက်ဦးမြို့ပေါ်နှင့်တစ်မိုင်ခန့်ကွာဝေးသည့် ကင်းဆိပ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေါ်အေးယဉ်(အသက်၆၈နှစ်)၊ ဦးလှအောင်သိန်း (အသက်၃၈ နှစ် )နှင့် လေးနှစ်အရွယ် မောင်မြတ်သူလင်းတို့မှာ သေဆုံးခဲ့သည့်အပြင် ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ဒေါ်အေးယဉ်(အသက်၆၈နှစ်)နှင့် ဦးလှအောင်သိန်း (အသက်၃၈နှစ်)တို့ကို ယမန်နေ့ ဩဂုတ်လ၂၉ ရက်နေ့က မီးသင်္ဂြိုဟ်ခဲ့သည်။mizzima