ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်သား ၃ ဦး ပစ်သတ်ခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြစ်သာဆည် ဘုရားကုန်းမှ EPC ရုံးဘက် ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သား ၃ ယောက် ဩဂုတ် ၂၉ ရက် မနက် ၁၀ လောက်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။   

အဆိုပါပစ်ခတ်မှုကို CDF-KKG တပ်ရင်း ၅၊ YDF တပ်ရင်း၁၄၊ ထီးလင်းမြောက်ပိုင်း PDF တပ်ခွဲ ၇ (တပ်ပေါင်းစု) တို့က နှစ်ရက်ကြာ ကင်းပုန်းဝပ်ပြီး သုတ်သင်ရှင်းလင်းခဲ့တာလို့ CDF-KKG အဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်နက်အပြည့်အစုံပါတဲ့ အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ဟာ EPC ရုံးအတွင်းကို ဆိုင်ကယ်နှစ်စီးနဲ့ ကင်းလှည့်ရာမှ ရုံးပေါက်ဝမှာ ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက်သွားကောက်စဥ် စစ်ကူကားကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကာ CDF-KKG ရဲဘော်တွေ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။

အခုတိုက်ခိုက်မှုဟာ မြစ်သာဆည်အနီးက ရိပ်သာကုန်းမှာ ကျဆုံးသွားတဲ့ CDF-KKG ရဲဘော်တွေအတွက် ပြန်လက်စားချေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ မေ ၂၆ ရက်ကစတင်ကာ ဂန့်ဂေါ်မြို့နယ်ကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တွေရှိရာ မြစ်သာဆည်နားမှာကို ကုန်းကြောင်း၊ လေကြောင်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်က တပ်ဖွဲ့ဝင် ၇ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။  

ဇွန် ၁၉ ရက်မှာတော့ မြစ်သာဆည်က ထွက်လာတဲ့ စစ်ကြောင်းကို  PDF-ဂန့်ဂေါ (တောင်ပိုင်း) နဲ့ ပူးပေါင်းအဖွဲ့တွေက တန်ပြန်တိုက်ခိုက်ခဲ့သလို ဇွန် ၁၈ ရက်က စစ်ကြောင်းတခုကိုလည်း PDF-ဂန့်ဂေါ (၇၀၁) တပ်ရင်း (YRPA) က မိုင်းခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s