Monthly Archives: Sep 2022

နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီလုံခြုံရေးအဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာ အဝင်ထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ကို စက်တင်ဘာ ၄ ရက်နေ့က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရွာထိပ်မှာနေတဲ့ လုံခြုံရေးအဖွဲ့ကို ၄ ရက်နေ့ ညနေ ၆ နာရီလောက်က လာပစ်တာ၊ စစ်ကောင်စီဘက်ကလည်း ပြန်ပစ်တယ်၊ လာပစ်သူတွေကို ဖမ်းမိတယ်လို့တော့ မကြားဘူး” လို့  ဆိုပါတယ်။

ဝက်လူးမှာ လုံခြုံရေးအဖွဲ့ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က စစ်ဆေးရေးတွေ ပြုလုပ်နေသလို ဖုန်းထဲမှာ တော်လှန်ရေးပို့စ်တွေ share လုပ်ထားတာ၊ စစ်ဆေးတွေ့ရှိရင် လူဖမ်း စစ်မေးတာတွေ လုပ်နေတယ်လို့ ရွာသားတစ်ဦးကလည်း ပြောပါတယ်။

ဝက်လူးရွာက စစ်ကောင်စီတပ်ကို စက်တင်ဘာ ၄ ရက် ညနေ ၆ နာရီက လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့လို့ ၃ ဦးသေပြီး အများအ ပြားဒဏ်ရာ ရ ရှိသွားတယ်လို့ Natogyi People Defence Force(NPDF) က စက်တင်ဘာ ၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

NPDF က အသိုက်ကိုဖျက်ရင် အသက်ကိုပြန်လုမယ့် တောကျီးကန်းစစ်ဆင်ရေးအဖြစ် စစ်ကောင်စီ လုံခြုံရေးတပ်တွေကို တိုက်ခိုက်နေပြီး အခု ဝက်လူးရွာ စစ်ဆင်ရေးဟာ ဒုတိယအကြိမ် စစ်ဆင်ရေးဖြစ်တယ်လို့ သိရပါတယ်။ DVB

အမိန့်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ရှိကြောင်း ထားဝယ်နိုင်ငံရေး အကျဥ်းသားများ ကွန်ရက်ထုတ်ပြန်

တနင်္သာရီတိုင်း၊ ထားဝယ် အကျဉ်းထောင်အတွင်း စစ်ကောင်စီက အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်သူများကို ပုဒ်မအမျိုးမျိုးတပ်ဖမ်းဆီးသူများထဲတွင် အမိန့်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ရှိကြောင်း ထားဝယ်နိုင်ငံရေး အကျဥ်းသားများကွန်ရက်(DPPN)က ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။

အဆိုပါ ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ ၄၀၀ နီးပါးရှိသည့်အနက် အမိန့်ချ ခံထားသည့် နိုင်ငံရေးအကျဉ်းသူမှာ ၄၂ ဦး ရှိသည်ဟု ယင်းကွန်ရက်ထံမှ သိရသည်။

ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်(DPPN)မှတာဝန်ရှိသူတစ်ဦးက“ပြီးခဲ့တဲ့အပတ်က ကျွန်တော် တို့ ထားဝယ်အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသား အမျိုးသား ၂၀၀ ကျော် ထုတ်ပြန်ခဲ့ပါတယ်၊ အခု လည်း အတတ်နိုင်ဆုံး အချက်အလက်တွေစုဆောင်ပြီး အမိန့်ချခံထားရတဲ့ အကျဉ်းသူ ၄၂ ဦး ရှိတယ်ဆို တာ ဒုတိယအကြိမ်ထုတ်ပြန်တာဖြစ်ပါတယ်”ဟု ပြောသည်။

လက်ရှိ အမိန့်ချခံထားရသူ နိုင်ငံရေးအကျဉ်းသူ ၄၂ ဦးသည် ဩဂုတ်လ ၂၂ ရက်နေ့ ပြုစုထားသော စာရင်း များသာဖြစ်ပြီး တရားရင်ဆိုင်ဆဲ နိုင်ငံရေးအကျဥ်းသူ ၃၀ ဝန်းကျင်ခန့် ရှိနေသေးကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထားဝယ် အကျဥ်းထောင်၌ အကျဥ်းသားအချုပ်သား စုစုပေါင်း ၁၁၀၀ ဦးဝန်းကျင်ရှိပြီး ထိုထဲတွင် နိုင်ငံရေး အကျဥ်းသား ၄၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။ mizzima

ရှမ်းပြည်နယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုအောင်ဇော်ဦး ထောင်တွင်းကွယ်လွန်

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုအောင်ဇော်ဦးဟာ ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့မှာ တောင်လေးလုံး အကျဉ်းထောင်မှာ သေဆုံးသွားပါတယ်။

ရှမ်းပြည် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုအောင်ဇော်ဦးဟာ နွေဦးတော်လှန်ရေးမှာ ပါဝင်ရင်း ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခံရတာထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရတာပါ။

ဖမ်းဆီးခံရစဉ် စစ်ကြောရေးမှာ အပြင်းအထန်နှိပ်စက်ခံခဲ့ရပြီး နံရိုးနှစ်ချောင်း ကျိုးသွားခဲ့သလို ကျန်းမာရေးဆိုးရွားနေခဲ့တာလို့ နိုင်ငံရေးလှုပ်ရှာသူတွေဆီက သိရပါတယ်။

ကိုအောင်ဇော်ဦးဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့က ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုကာလမှာလည်း ဖမ်းဆီးထောင်ချခံခဲ့ရသူ ဖြစ်ပါတယ်။ DVB

စစ်ကောင်စီဥက္ကဋ္ဌ သည် ၎င်း၏ရုရှား ခရီးစဉ်သို့ ချင်းနှင့် ကရင်နီပြည်နယ်မှ စစ်ကောင်စီ ဝင် ဦးမောင်းဟာနှင့် ဦးစောဒန်နီယယ် တို့ကိုခေါ်ဆောင်

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံတွင် ကျင်းပမည့် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်မည့် ၎င်း၏ ခရီးစဉ်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည့် ချင်းနှင့် ကရင်နီ ပြည်နယ်မှ စစ်ကောင်စီဝင် ဦးမောင်းဟာနှင့် ဦးစောဒန်နီယယ် တို့ကို ခေါ်ဆောင်သွားကြောင်း သိရသည်။

စစ်ခေါင်းဆောင်သည် ၎င်း၏ စီမံအုပ်ချုပ်ရေးကောင်စီဝင် ရှစ် ဦး ရှိသည့်အနက် စစ်ကောင်စီ တပ်များနှင့် နေ့စဉ် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသည့် ချင်းနှင့် ကရင်နီပြည်နယ်မှ စစ်ကောင်စီဝင်များကို ရွေးချယ်၍ ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

”သတင်းထဲမှာပါလာမှသိတာ။ ရုရှားကို မင်းအောင်လှိုင်နဲ့ အတူ မင်းတပ်က ဦးမောင်းဟာ ပါသွားတယ်ဆိုပြီး ပြောနေကြတာ။ သွားတက်တဲ့ဖိုရမ်ကလည်း အရှေ့ဖျားစီးပွားရေး ဖိုရမ်ဆိုတော့ အခုသူတို့ခေါ်သွားတဲ့ ဦးမောင်းဟာက ဘဏ်မန်နေဂျာကနေ ပင်စင်ယူ ထားတာဆိုတော့ ကွက်တိဖြစ်မယ်ထင်ပြီး ခေါ်သွားတာနေမှာ”ဟု မင်းတပ် ဒေသခံများ က ပြောသည်။

ထို့အတူ ဦးမောင်းဟာနှင့်အတူ လိုက်ပါသွားသည့် ကောင်စီဝင်တစ်ဦးဖြစ်သည့် ကရင်နီ ပြည်နယ်မှ ဦးစောဒန်နီယယ်သည် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဟောင်းတစ်ဦးဖြစ်ပြီး စစ်ကောင်စီဝင်ရာထူးကို လက်ခံခဲ့ခြင်းအတွက် ကယား ပြည်နယ်ဒီမိုကရက်တစ်ပါတီက ဦးစောဒန်နီယယ်အား ပါတီမှထုတ်ပယ်ကြောင်း ကြေညာခံထားရသူဖြစ်သည်။

”ကျွန်တော်ထင်ပါတယ်။ အခုနဲ့ဆို ကာချုပ်က ရုရှားကိုသွားတာသုံးကြိမ်ရှိပြီ။ အခုတစ်ခေါက်မှာတော့ စီမံကောင်စီဝင်နှစ်ဦးဖြစ်တဲ့ ဦးမောင်းဟာ နဲ့ ဦးစောဒန်နီယယ် တို့ကိုခေါ်သွားတယ်ဆိုတာက တကယ့်ကို တိုက်ပွဲဖြစ်ပွားနေတဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ဒေသက ခေါင်းဆောင်နှစ်ယောက်လည်း ကျွန်တော်တို့နဲ့ အတူပါလာပါတယ်ဆိုပြီး ပြချင်လို့ခေါ်သွားတာဖြစ်မယ်။ ကယားနဲ့ချင်းမှာက တော်တော်လေးကို တိုက်ပွဲပြင်း ထန် နေပြီး စစ်ကောင်စီတပ်တွေ အထိနာနေတာကိုး” ဟု အမည်မဖော်လိုသည့် နိုင်ငံရေး သမားတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီဝင် ဦးမောင်းဟာသည် နယ်ချဲ့ အင်္ဂလိပ်ကိုတော်လှန်ခဲ့သည့် ချင်းမျိုးချစ်တော်လှန်ရေး ခေါင်းဆောင် ဦးဝမ္မသူးမောင်း၏ သားဖြစ်ပြီး စစ်ကောင်စီက ခန့်အပ်သည့်ရာထူးကိုလက်ခံခဲ့သည်။

ထို့အတွက်ကြောင့် ၎င်း၏ဖခင် ဦးဝမ္မသူးမောင်း ဂုဏ်သိက္ခာ ညှိုးငယ်အောင် ပြုလုပ်သူ၊ ချင်းလူမျိုးအား သစ္စာဖောက်သူအဖြစ် ပြင်းပြင်း ထန်ထန် ပြစ်တင်ရှုတ်ချခံထားရ သူဖြစ်သည်။ mizzima

ကလေးမြို့ ပင်သပိတ် အင်အားစုများ ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ဆက်လက်ရှိရေးနှင့် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

khit thit

နွားထိုးကြီးမြို့နယ် ဝက်လူးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ် ခတ်ခံရ ၃ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ဝက်လူးကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်ဟု Natogyi PDF မှ စက်တင်ဘာလ ၅ရက်နေ့တွင် ထုတ်ပြန်သည်။

စက်တင်ဘာလ ၄ရက်နေ့ ညနေ ၆နာရီဝန်းကျင်တွင် နွားထိုးကြီးမြို့နယ် ဝက်လူးကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို Natogyi PDF မှ လက်နက်ကြီးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စခ( စစ်ကောင်စီတပ်) တွေက အခုတော့ ကင်းပုန်းတွေနဲ့ နေနေတယ်၊ ညဘက် စခန်းထဲမအိပ်ရဲလို့ ချုံထဲဝင်အိပ်နေတယ် ၊ ဝက်လူးကျေးရွာ မီးသတ်ကုန်းမှာပါ။” ဟု Natogyi PDF တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ဝက်လူးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ပြည်သူများအပေါ် မတရားခြိမ်းခြောက် အနိုင်ကျင့်ခြင်း ၊ ငွေကောက်ခံခြင်း ၊ လမ်းသွားလမ်းလာပြည်သူများအား ရိုက်နှက်ခြင်းများပြုလုပ်နေခြင်းကြောင့် ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ စစ်ဆင်ရေးကို “အသိုက်ကိုဖျက်ရင် အသက်ကိုပြန်လုမဲ့ ( ဒုတိယအကြိမ်) တောကျီးကန်းစစ်ဆင်ရေး”ဟု အမည်ပေးထားသည်။

Natogyi PDF သည် “အသိုက်ကိုဖျက်ရင် အသက်ကိုပြန်လုမဲ့ (ပထမအကြိမ်) တောကျီးကန်းစစ်ဆင်ရေး” ကိုတော့ စက်တင်ဘာလ ၂ ရက်နေ့တွင် နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာစာသင်ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံး၍ တစ်ဦးခြေတောက်ပြတ်ခဲ့ကြောင်း သိရသည်။ mizzima

ဂန့်ဂေါမြို့တွင် အမျိုးသမီး ၁ ဦးကို စစ်ကောင် စီတပ်က ဖမ်းဆီး

မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ အမျိုးသမီး တယောက်ကို PDF ထောက်ပံ့သူလို့ စွပ်စွဲပြီး စက်တင်ဘာလ ၅ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဂန့်ဂေါမြို့ အမှတ် ၄ ရပ်ကွက်က မမေဇော်ဦး နေအိမ်ကို မနေ့မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေရောက်လာပြီး PDF တွေကို ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲကာ မတရားဖမ်းဆီးသွားကြတာလို့  ဂန့်ဂေါမြို့ခံက ပြောပါတယ်။

မမေဇော်ဦးကို ဂန့်ဂေါမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွားကြပြီး မိသားစုဝင်တွေကိုလည်း တွေခွင့်မပေးသလို အစားအသောက်နဲ့ အဝတ်အစားတွေကိုလည်း ပေးပို့ခွင့်မရဘူးလို့ ဆိုပါတယ်။

မြို့ခံတဦးက “စစ်(…)တွေကတော့ အပြစ်မဲ့ ပြည်သူတွေကို ခေါင်းစဥ်အမျိုးမျိုးတပ်ပြီး ဖမ်းဆီးနေကြတာဗျ။ ကျနော်တို့ ပြည်သူတွေကတော့ သူတို့ လက်ခုပ်ထဲကရေ ဖြစ်နေတာ။ တော်လှန်ရေးကြီး မြန်မြန်အောင်မြင်ပြီး အကြမ်းဖက်စစ်အုပ်စုတွေ အမြစ်ပြတ်မှပဲ ပြည်သူတွေ အေး အေးချမ်းချမ်းနေရမှာ” လို့ ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၅ ရက်အထိ နိုင်ငံတဝန်း  မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၂၂၅၂ ယောက်ရှိပြီး အဲဒီထဲက ၁၄၃၀ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP က စက်တင်ဘာလ ၅  ရက်မှာ ထုတ်ပြန်ထားပါတယ်။ DVB

မြောင်နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ် ရေစကြိုနယ်သို့ ပြန်လည်ထွက်ခွာသွား

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှ အင်အား ၁၀၀ နီးပါရှိသည့် စစ်ကြောင်းမှာ စက်တင်ဘာလ ၅ ရက်နေ့က မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသသို့ ထွက်ခွာသွားပြီဖြစ် သည်။

ယင်းစစ်ကြောင်းမှာ ဩဂုတ်လ ၃၁ ရက်နေ့က ရေစကြိုနယ်မှ မြောင်နယ်သို့ စစ်ကြောင်းထိုး ဝင်ရောက် လာပြီးနောက် ယမန်နေ့က ရေစကြိုသို့ ထွက်ခွာသွားခြင်းဖြစ်သည်။

၎င်းစစ်ကောင်စီတပ်မှာ ဩဂုတ်လ ၃၁ ရက် နံနက်အစောပိုင်း ၃ နာရီခန့်တွင် မြောင်နယ်သို့ ရေလမ်းမှ ဝင်ရောက်လာကာ နနွမ်းကိုင်း၊ သနပ်ကုန်း၊ ကျောက်ရစ်ကျေးရွာများသို့ ဆက်တိုက် စစ်ကြောင်းထိုးဝင် ရောက်ခဲ့သည်။ ထို့ပြင် ဇီးကျွန်းကျေးရွာကိုပါ လက်နက်ကြီးဖြင့်လှမ်းပစ် ခတ်သဖြင့် ဒေသခံနှစ်ဦး သေဆုံး ကာ သုံးဦးဒဏ်ရာရခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၁ ရက်နေ့တွင် အဆိုပါစစ်ကြောင်းသည် မြစ်သာကျေးရွာသို့ဝင်ရောက်ကာ တစ်ညအိပ် တပ်စွဲပြီးနောက် စက်တင်ဘာလ ၂ ရက် နံနက်ပိုင်းတွင် ကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွား ရာ စစ်ကောင်စီဘက်မှသုံးဦးသေဆုံးကာ ကာကွယ်ရေးတပ်ဘက်ကလည်း တစ်ဦးကျဆုံး၊ တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

စက်တင်ဘာလ ၃ ရက် နံနက်ပိုင်းတွင် ငါးရံ့အိုရွာသို့ရောက်ပြီး မင်းလှကျေးရွာသို့ ဆက်လက်ထွက်ခွာကာ ညအိပ်တပ်စွဲခဲ့သည်။ ယင်းနောက် မင်းလှရွာမှ ဒေသခံ ၁၅ ဦးခန့်ကိုဖမ်းဆီးကာ စက်တင်ဘာလ ၄ ရက် နံနက်တွင် ပန်းညိုရွာသို့ ဝင်ရောက်လာခဲ့ကြသည်။ ကျေးရွာတွင်းမှ နေ အိမ်တစ်လုံးနှင့် တဲတစ်လုံးကို မီးရှို့ဖျက်ဆီးကာ ညအိပ်တပ်စွဲနေထိုင်သွားခဲ့သည်။

စက်တင်ဘာလ ၅ ရက် နံနက် ၁၁ နာရီခန့်တွင် မြောင်နယ်၊ ပန်းညိုရွာမှတဆင့် ရေစကြိုနယ်၊ ရေလယ် ကျွန်းဒေသ၊ မြေတော်ရွာသို့ရောက်ရှိကာ မီးတင်ရှို့ခဲ့ကြောင်း သိရှိရသည်။ ယနေ့ စက်တင်ဘာလ ၆ ရက် အထိ ယင်းစစ်ကောင်စီတပ်မှာ မြေတော်ရွာအတွင်း ဆက်လက်တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။ mizzima

မြင်းမူမြို့နယ်ရှိ လူမှုရေးအသင်းအဖွဲ့များ စစ်ကောင်စီနှင့် မပတ်သက်ရန် သတိပေး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ လူမှုရေးအသင်းတွေ၊ NGO အသင်းအဖွဲ့တွေ၊ ဘာသာရေး အသင်းအဖွဲ့တွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီအဖွဲ့နဲ့ ကင်းကင်းရှင်းရှင်းနေကြဖို့  စက်တင်ဘာ ၆ ရက် မနက်ပိုင်းမှာ မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က သတိပေးထုတ်ပြန်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်တွေ အထိနာနေပြီး စစ်ပမ်းနေကာ တော်လှန်ရေးတပ်သားတွေနဲ့ PDF အင်အားစုတွေကို နည်းလမ်းမျိုးစုံ အ သုံးပြုပြီး ဖြိုခွင်းဖို့ အောက်တန်းကျတဲ့ နည်းလမ်းတွေနဲ့ လူသားဒိုင်းပြုလုပ်တာ ဘာသာသာသနာကို ခုတုံးလုပ်အကာအကွယ်ယူတိုက်ခိုက်တဲ့ ဗျူဟာဖော်ဆောင်နေတယ်လို့ မြင်းမူမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကဆိုပါတယ်။

မြင်းမူမြို့နယ်အတွင်းရှိ လူမှုရေး၊ဘာသာရေးအသင်းအဖွဲ့နဲ့ NGOအဖွဲ့တွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီဘက်က အကူညီတောင်းခံလာရင် အကူညီပေးတာ၊ ပူးပေါင်း ဆောင်ရွက်တာတွေ လုံးဝ မပြုလုပ်ကြဖို့နဲံ ပြည်သူ့သဘောထားကို ဆန့်ကျင်ပြီး ပူးပေါင်းတဲ့ဘယ်အဖွဲ့ကိုမဆို တိုက်ခိုက် ရှင်းထုတ်သွားမယ်လို့လည်း သတိပေးထားပါတယ်။ DVB

စစ်ကိုင်း၊ မကွေး၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေမှုကြောင့် ပြည်သူ သောင်း ချီ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ကျွန်းလှ၊ ကနီ မြို့နယ်၊ မကွေးတိုင်း မြိုင်မြို့နယ်၊ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက် နက် ကြီး များဖြင့် ပစ်ခတ်ပြီး ပြည်သူများကို နှိပ်စက် သတ်ဖြတ်သောကြောင့် သောင်း နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

ကျွန်းလှတွင် ပြည်သူ ၈ ဦးကို သတ်ဖြတ်ခံရပြီး ကျေးရွာ ၂၆ ခုမှ ပြည်သူ သောင်းချီထွက်ပြေးရ ===========================================

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၂၄ ရက်နေ့မှ စတင်ကာ လေကြောင်းမှ တိုက်ခိုက် စစ်ကြောင်းထိုးခဲ့ကြောင်း၊ ကျေးရွာ ၉ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး တည်ပင်ဆိပ် ရွာသား ပြည်သူ ၈ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ကျွန်းလှမြို့နယ်အတွင်း ၁၁ ရက်ကြာ စစ်ကြောင်းထိုးခဲ့ပြီး တည်ပင်ဆိပ်၊ အိမ်ခြေ၊ အင်းလျားရှည်၊ ရွာကုန်းကြီး၊ ကုန်းစည်း၊ ပေပင်ချောင်း၊ သစ်ချို၊ မော်ကယ်နှင့် မော်တုန် ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၄၀၅ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

တည်ပင်ဆိပ်ရွာမှ ပြည်သူပိုင် နေအိမ် ၂ လုံး၊ အိမ်ခြေရွာမှ ပြည်သူပိုင် နေအိမ် ၁၀၅ လုံး၊ အင်းလျားရှည်ရွာမှ ပြည်သူပိုင် နေအိမ် ၁၇ လုံး၊ ရွာကုန်းကြီးရွာမှ ပြည်သူပိုင် နေအိမ်၅၃လုံး၊ ကုန်းစည်းရွာမှ ပြည်သူပိုင် နေအိမ် ၅၉ လုံး၊ ပေပင်ချောင်းရွာမှ ပြည်သူပိုင် နေအိမ် ၇၄ လုံး၊ သစ်ချိုရွာမှ ပြည်သူပိုင် နေအိမ် ၆၇ လုံး၊ မော်ကယ်ရွာမှ ပြည်သူပိုင် နေအိမ် ၁၉ လုံးနှင့် မော်တုန်ရွာမှ ပြည်သူပိုင် နေအိမ် ၉ လုံးတို့ကို စစ်တပ်က မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် စစ်ကြောင်း ထိုးခြင်း၊ မြေပြင်မှ စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ကြောင်း ထိုးနေသောကြောင့် တည်ပင်ဆိပ်၊ ဆိပ်ဖူး၊ ရှမ်းကုန်း၊ သိုက်ပင်ဆိပ်၊ နောင်ဦး၊ စာရင်းဝင်၊ ရွာကုန်းကြီး၊ အိမ်ခြေ၊ အင်းလျားရှည်၊ ဘိုအင်း၊ ညောင်ပင်ရိုး၊ ကန်ဇွန်းအင်း၊ ကိုင်းဝန်း၊ သစ်ချို၊ မန်ကျည်းကုန်း၊ သာစည်၊ ကုန်းစည်း၊ ဝလေမူ၊ သက္ကယ်ကျင်း၊ ပေပင်ချောင်၊ ညောင်ပင်၊ မော်တုံ၊ မော်ကယ်၊ တောင်နီ၊ ပိန္နဲကုန်းနှင့် နောင်ကောက် စသည့် ကျေးရွာ ၂၆ ရွာမှ ပြည်သူ ၁ သောင်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

မြိုင်တွင် ရွာ ၂ ခုကို စစ်တပ်နဲ့ ပျူစောထီးက မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၆ လုံးပြာကျ

===========================================

မကွေးတိုင်း မြိုင်မြို့နယ် အတွင်းရှိ အိုးဘိုကျေးရွာနှင့်ကန်နက်ကျေးရွာကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက စက်တင်ဘာလ ၅ ရက်နေ့တွင် ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၆ လုံး ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အဆိုပါ ကျေးရွာ ၂ ရွာကို မြိုင်မြို့နယ်မြောက်ပိုင်းရှိ ပျူစောထီး ကျေးရွာဖြစ်သော ကန်နီကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်ပြီး အိုးဘိုကျေးရွာမှ နေအိမ် ၁၄ လုံးနှင့် ကန်နက်ကျေးရွာမှ နေအိမ် ၂ လုံးတို့ မီးလောင်ပြာကျခဲါကြောင်း သိရသည်။

ကနီ၊ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများကို လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ရွာလုံးကျွတ် ထွက်ပြေးရ

===========================================

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်းကို စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၇ နာရီခန့်၌ အကြမ်းဖက် စစ်တပ် ရေယာဥ်အုပ်စုမှ ပြည်သူပိုင် ကျွေးရွာများကို လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ရေယာဥ် အုပ်စုသည် ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် မဲဒင်ရွာမှ နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန်၍ အမိုးများ ပျက်ဆီးခဲ့ပြီး အိုင်တောင်ရွာမှ အရပ်သား အမျိုးသားတစ်ဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) များ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရေယာဥ် အုပ်စုသည် မင်းကင်းနယ်ဘက်မှ ကနီနယ်သို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေယာဥ်အုပ်စု ၈ စီးဖြင့် စုန်ဆင်းကာ ဝင်ရောက်လာခြင်း ဖြစ်ပြီး ကနီနယ်အတွင်း ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ တော်လှန်ရေး အဖွဲ့များက ၄ နေရာခွဲကာ ခုခံခဲ့ရကြောင်း သိရသည်။

ယင်း ရေယာဥ် အုပ်စုသည် ကနီမြို့သို့ ရောက်ရှိ လာစဥ် ဒဏ်ရာရ စစ်သား ၈ ဦးကို ဆေးကုသခြင်းများ ပြုလုပ်ခဲ့ပြီးနောက် အလုံ ဆိပ်ကမ်းသို့ စုန်ဆင်းသွားကြောင်း သိရသည်။

ကရင်နှင့်မွန်ပြည်နယ်တွင် စစ်တပ်၏ ထိုးစစ်ကြောင့် ပြည်သူများ ထွက်ပြေးရ

============================================================

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပျဥ်းကတိုးကုန်းကျေးနယ်အတွင်း နယ်မြေကျူးလွန်ကာ လက်နက်ကြီးများဖြင့် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်ခန့်တွင် မဲရုံးလေး ကျေးရွာအတွင်းသို့ လက်နက်ကြီး ၆၀ မမ များဖြင့် ပစ်ခတ်ခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တပ်မ ၄၄ မှ မဲရုံးလေးရွာကို ၆၀ မမ လက်နက်ကြီးများဖြင့် စက် တင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ၃ လုံး၊ ည ၉ နာရီတွင် ၂ လုံး ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်သည် ကျေးရွာများ အတွင်းသို့ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်ခြင်း၊ စစ်ရေး လှုပ် ရှားမှုများ ပြုလုပ်ခြင်းကြောင့် ဒေသခံများ ပြည်သူ ၂၀၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် ကရင်ပြည်နယ် မုန်းမြို့ နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၂၇ ရက်နေ့မှ စတင်ကာ စစ်ရေး လှုပ်ရှားခြင်း လက်နက်ကြီးများ တပ်ဆင်ခြင်းကြောင့် ဒေသခံ ပြည်သူလူထုများ ကြောက်လန့်၍ ထွက်ပြေး တိမ်းရှောင်နေရကြောင်း KNU ဗဟိုထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်၏ ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး တပ်ဆင်ထားသော လက်နက်ကြီးများ၏ ပစ်မှတ်သည် KNU-မုန်းမြို့နယ်၏ စီမံအုပ်ချုပ်မှု နယ်မြေအတွင်းရှိ ရေလဲ (ကရင်) ကျေးရွာသို့ မျက်နာမူနေသည့် အတွက် ရေလဲ (ကရင်) ကျေးရွာတွင် နေထိုင်သည့် ပြည်သူ များ သည် (ပရဲစီ)ကျေးရွာ၊ထွနီကုန်းကျေးရွာနှင့် ငထွေစုတ် စသည့် ကျေးရွာတို့အပြင် မြစ်တစ်ဖက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ကေအဲန်ယူ-မုန်းမြို့နယ်၏ စီမံအုပ်ချုပ်မှု နယ်မြေအတွင်းရှိ ရေလဲ(ကရင်)ကျေးရွာတွင် အိမ်ခြေပေါင်း ၁၈၀ လုံးရှိပြီး လူဉီးရေ စုစုပေါင်း ၉၇၃ ဉီးရှိသော ကျေးရွာတစ်ရွာ ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များမှ ကရင်မျက်ရဲ ၊မာနီနှင့် ရွာ တန်းရှည်နေရာများတွင် လက်နက်ကြီးများဖြင့် ၃၈ လုံး ပစ်ခတ်ခဲ့ပြီး တပ် လှုပ်ရှားမှုများ ရှိသောကြောင့် ဒေသခံပြည်သူများ ကြောက်လန့်ကာ နီးစပ်ရာ ကျေးရွာများသို့ တိမ်းရှောင်နေရပြီး အုန်းပင်စုကျေးရွာနှင့် ဝက်တူးကျေးရွာတွင် အင်အား ၃၀ ခန့်၊ လပတ်နှင့် ဗမာမျက်ရဲကျေးရွာတွင် အင်အား ၂၅ ဦးနှင့် မိကြောင်းခေါင်းတွင်အင်အား ၃၀ ခန့်ဖြင့် စစ်ရေး တပ်လှုပ်ရှားမှုများ ပြုလုပ်နေသောကြောင့် ပြည်သူများ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရသည်။ khit thit

« Older Entries Recent Entries »