ဟုမ္မလင်းတွင် SNA ရှမ်းနီတပ်ဖွဲ့က လူငယ်များကို ဖမ်းဆီး ခေါင်းဖြတ် သတ် ဖြတ် သည့် ဗီဒီယို များ ဖြန့်ချိ ၊ လူ ၂၀ ထက်မနည်း ခေါင်းဖြတ်အသတ်ခံရမှု ပြည်သူများက ပကဖ ထံ တိုင်ကြား

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီဘက်တွင် ရပ်တည်နေသော စိုင်းပြူး ဦးဆောင်သည့် SNA ရှမ်းနီတပ်ဖွဲ့က လူငယ်များကို PDF ဟု စွပ်စွဲ ဖမ်းဆီး ခေါင်းဖြတ်သတ်သည့် ဗီဒီယိုများကို ဖြန့်ချိလျက်ရှိပြီး ဩဂုတ်လတစ်လတည်းတွင်ပင် လူငယ်များ အပါအဝင် ပြည်သူ ၂၀ ဦးထက်မနည်း ခေါင်းဖြတ်အသတ်ခံရကြောင်း ဒေသ ကာကွယ်ရေးတပ်များနှင့် ပြည်သူများထံမှ သိရှိရသည်။

စစ်ကောင်စီတပ်များနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စိုင်းပြူး ဦးဆောင်သော SNA ရှမ်းနီတပ်ဖွဲ့က PDF ဟု စွပ်စွဲပြီး ဒေသခံလူငယ်များ၊ ပြည်သူများကို ဖမ်း ဆီး ခေါင်းဖြတ်သတ်မှုများ ကျူးလွန်နေကြောင်း၊ ဒေသ ခံပြည်သူများက ခန္တီးခရိုင်တပ်ရင်း(၁) ထံသို့ သက်သေ အ ထောက် အထား ဗီဒီယိုများနှင့်တကွ တိုင် ကြားလာကြောင်း ခန္တီးခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူက ပြောသည်။

“ဖြစ်စဥ်ကတော့ ၊ဟုမ္မလင်းမြို့နယ် ၊ဟုမ္မလင်း-ဖောင်းပြင်ကြားဗျူဟာလမ်းပေါ်က နန့်နန်းရွာမှာအခြေပြုတပ်စွဲထားတဲ့ SNA တပ်မဟာ ၇၅၃ အရာရှိစိုင်းပြူး ဦးဆောင်တဲ့တပ်ဖွဲ့က နယ်မြေတွင်းရှိ ပြည်သူများကို တရားမယ့်အနိုင်ကျင့် သတ်ဖြတ်မှုကျူးလွန်တယ် လို့ ပြည်သူတွေက သ တင်းပေးတိုင်ကြားတာပါ။ အသတ်ခံရသူတွေ ဘယ်သူ ဘယ်ဝါ ဆိုတာအတိ အကျမသိရသေးပါ။ နန့်နန်းမှာ နိုင်ငံအတွင်းဒေသအသီးသီးကရွှေမျှောလာရောက်လုပ်ကိုင်သူ၊ ရွှေမှော်တွေမှာ စျေးရောင်းသူတွေ၊ရွှေမျှောလုပ်သားတွေအများအပြားရှိတဲ့အတွက် SNA က မထင်ရင် မထင်သလို သူတို့နဲ့အဆင်မပြေသူတွေကို အနိုင်ကျင့်သတ်ဖြတ်မှုတွေ လက်လွတ်စပယ် ကျူးလွန်နေတယ်။ ၈ လပိုင်းအတွင်းမှာကို အမည်မသိရသေးတဲ့ပြည်သူ ၂၀ ခန့်ကိုသတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့တယ်လို့ဆိုပါတယ်” ဟု ခန္တီးခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူက ပြောသည်။

လူငယ်များကို ခေါင်းဖြတ်သတ်သည့် ဗီဒီယိုများကို SNA အဖွဲ့ဝင်များက ဖြန့်ချိလျက်ရှိကြောင်း၊ အချင်းချင်း ဖြန့်ချိရာမှ လူမှုကွန်ရက်အထိပါ ပြန့်နှံ့လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဟုမ္မလင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော HPDF 124 ကလည်း SNA ရှမ်းနီတပ်ဖွဲ့၏ လူငယ်များကို ခေါင်းဖြတ် သတ်သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သက် သေအထောက်အထား ဗီဒီယိုများစွာရရှိထားကြောင်း ၊ SNA သည် စစ်တပ် ပျူစောထီးများနှင့် ပူး‌ပေါင်း၍ ဒေသခံပြည်သူများကို သတ်ဖြတ်လျက်ရှိကြောင်း ပြောဆိုသည်။

စက်တင်ဘာလ ၆ ရက်နေ့ ညပိုင်းထွက်ရှိလာသော ရှမ်းနီ SNA အဖွဲ့၏ ထုတ်ပြန်ချက်တွင် နောင်ပတ်ဆရာတော် ဦးဂန္ဓမာ (ရှမ်းနီဦးဇင်း)ကို KIA နှင့် PDF က စက် တင်ဘာလ ၄ ရက်နေ့တွင် ဖမ်းဆီး ခေါ်ဆောင် သတ်ဖြတ်သည်ဟု စွပ်စွဲထားပြီး ပြန်လည် လက်တုံ့ပြန်မည်ဟု ကြေညာထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s