တမူးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး ဟုဆို

စစ်ကိုင်းတိုင်း၊ တမူးမြို့အထွက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း ကာ ကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

“ကျနော်တို့ မြေပြင်သတင်းများရဲ့အတည်ပြုချက်အရ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးတယ်လို့ သိရပါတယ်” ဟု ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိ သူတစ်ဦးမှ ပြောသည်။

စက်တင်ဘာလ ၈ရက် နေ့လယ် ၂နာရီ ၃၀မိနစ်ခန့်တွင် ကုလားစခန်းဘက်မှ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် တိုက်ခိုက်မှုဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လမ်းညွှန်ချက်များအရ အခွန်ကောက်ခံနေသော တမူးခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အား ကာ ကွယ်ရေးတပ်ဖွဲ့ မဟာမိတ်များမှ လုံခြုံရေးယူပေးနေစဉ် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀အတွင်း စစ်ကောင်စီတပ်သားများ ကျဆုံးခဲ့ ခြင်းဖြစ်ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့မှလည်း PDF – Tamu တပ်ရင်း (၄) မှ ရဲဘော်တစ်ဦး လက်နက်ကြီးစ ထိမှန်ပြီး ဒဏ်ရာ (မစိုးရိမ်) ရရှိခဲ့ကြောင်းဆိုသည်။

အဆိုပါတိုက်ပွဲအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ၊ PDF – Tamu (တပ်ရင်း – ၄) ၊ Burmese Student Organization ၊ Freedom Rangers – Tamu ၊ All Burma Student’s Democratic Front ၊ Fighter Police CDM – Tamu တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

တမူးမြို့ နန်းဖာလုံရပ်ကွက် နှင့် တမူး – အောင်ဇေယျကားလမ်းပိုင်းတွင် ဓားပြတိုက် လုယက်နေသည့် ဓားပြအဖွဲ့ခေါင်းဆောင်နှင့် နောက် လိုက် သုံးဦး ကို ဖမ်းဆီးမိခဲ့ပြီး မန္တလေးမြို့မှ တမူးဘက်သို့ လာသည့် ကားတစ်စီးမှလည်း စိတ်ကြွရူးသွပ်ဆေးပြား ပီနံအိတ် ငါးအိတ်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မှ ဖမ်းဆီးမိရခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s