ကသာမြို့နယ်ရှိ ဝန်ထမ်းများ ၇ ရက်အတွင်း CDM လုပ်ရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အမိန့်ထုတ်

စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ အနေနဲ့ စက်တင်ဘာ ၁၆ ရက် နောက်ဆုံးထား CDM လုပ်ကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က နေအိမ်တွေ မီးရှို့ခံရတာ၊ ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ စစ်ဘေး တိမ်းရှောင်နေကြတာတွေအတွက်  Non – CDM ဝန်ထမ်းတွေဟာ ပြည်သူကို မျက်ကွယ်ပြုလို့ စစ်ကောင်စီထောက်တိုင်အဖြစ် ရပ်တည်နေတာကို တွေ့ရှိရတယ်လို့ စက်တင်ဘာ ၉ ရက်က ထုတ်ပြန်တဲ့ အမိန့်အမှတ် (၃/၂၀၂၂)မှာ ဖော်ပြထားပါတယ်။

ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်တယောက်က  “ကသာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းအားလုံးကို စက် တင်ဘာ ၉ ရက်ကစပြီး စက်တင်ဘာ ၁၆  ရက်အထိ  ၇ ရက်အတွင်းမှာ CDM ပြုလုပ်ကြဖို့၊ အလင်းဝင်ကြဖို့ သတိပေးအကြောင်းကြားတာ ပါ။ ပြည်သူက ကျွေးတဲ့ ထမင်းကို စားပြီး ပြည်သူကို အဓမ္မဖမ်းဆီးသတ်ဖြတ်နေတဲ့ စစ်ကောင်စီ လက်ပါးစေ အဖြစ်ကနေ စွန့်ခွာကြပါလို့ပဲ ပြောချင်ပါတယ်” လို့  ပြောပါတယ်။

ထုတ်ပြန်ချက်ထဲမှာ   Non – CDM ဝန်ထမ်းတွေအနေနဲ့ စက်တင်ဘာ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး အလင်းဝင်ရန်၊ ပြည်သူလူထုနဲ့ CDM ဝန်ထမ်းတွေကို အနှောင့်ယှက်ပေးတာ ခြိမ်းခြောက်တာ မပြုလုပ်ဖို့၊ ဖမ်းဆီးစေဖို့ သတင်းပေးတာ၊ စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် အ ကြမ်းဖက်ဖို့ ရည်ရွယ်တဲ့ စာရင်းဇယားတွေ လုံးဝ မပြုစုပေးဖို့နဲ့ မလိုက်နာဘူးဆိုရင် NUG အစိုးရက ချမှတ်ထားတဲ့ ဥပဒေနဲ့အညီ အပြင်း အထန်အရေးယူသွားမယ်လို့ ပါရှိပါတယ်။

 ဇူလိုင် ၁၂ ရက်ကလည်း ကသာခရိုင်ထဲက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေကို  ၁၀ ရက်အတွင်း မိမိတို့ရာထူးတာဝန်ကနေ စွန့်လွှတ်ကြဖို့နဲ့ မိမိတို့ ကျရာနယ်မြေကနေ စွန့်ခွာကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကသာခရိုင်) က ညွှန်ကြားထားခဲ့ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s