ကုလသမဂ္ဂအထွေထွေညီလာခံ အချက်အ လက်အထောက်အထားဆိုင်ရာ ကော်မတီသို့ ပြည်သူများပါဝင်နိုင်သည့် ဆန္ဒပြုလက်မှတ် ရေးထိုးတောင်းဆိုခြင်း GSCB ပြုလုပ်

၇၇ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံအား ယခုစက်တင်ဘာလအတွင်း ကျင်းပတော့မည်ဖြစ်၍ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုရန် ကုလသမဂ္ဂအထွေထွေညီလာခံ အချက်အလက်အထောက်အထားဆိုင်ရာ ကော်မတီသို့ ပြည်သူများပါဝင်နိုင်သော ဆန္ဒပြုလက်မှတ်ရေးထိုးတောင်းဆိုခြင်းအား General Strike Coordination Body – GSCBမှ ပြုလုပ်ထားသည်။

ထိုသို့ လက်မှတ်ရေးထိုးတောင်းဆိုရာ၌ အချက် နှစ်ချက်ပါဝင်ပြီး ၁။ မြန်မာစစ်တပ်မှ အဆိုတင်သွင်းသော ကိုယ်စားလှယ် အား အသိအမှတ်မပြုဘဲ ငြင်းပယ်ရန် နှင့် ၂။ ၂၀၂၂ခုနှစ် စက်တင်ဘာလတွင်ကျင်းပမည့် ကုလသမဂ္ဂ၏ ၇၇ ကြိမ်မြောက် အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရမှ ခန့်အပ်ထားသော လက်ရှိ၊ တရားဝင်ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကိုသာ ဆက်လက်တက်ရောက်ခွင့်ပြုရန်တို့ ဖြစ် သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၆ ရက် စစ်အာဏာသိမ်းမှုဖြစ်ပွားအပြီး ရက်အနည်းငယ်အကြာတွင် ကုလ သမဂ္ဂအထွေထွေညီလာခံ၌ ” ပြည်သူလူထု၏၊ လူထုက တင်မြှောက်ထားသော၊ ပြည်သူ့ အစိုးရတစ်ရပ်အတွက် ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်သွားပါမယ်” ဟု မိန့်ခွန်းပြောကြားခဲ့ချိန်မှစကာ မြန်မာပြည်သူလူထုအတွက် တိကျခိုင်မာစွာ ကမ္ဘာ့အလယ်တွင် ကိုယ်စားပြု ရပ် တည်ခဲ့သူတစ်ဦးဖြစ်ကြောင်းကိုလည်း အဆိုပါတောင်းဆိုချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ခဲ့သော စစ်ကောင်စီ၏ အာဏာသိမ်းမှုအား မြန်မာပြည်သူလူထုမှ အသိအမှတ်ပြုလက်ခံခြင်းမရှိသလို တိုင်းရင်းသားနှင့် လူမျိုးပေါင်းစုံပါဝင်သော မြန်မာပြည်သူပြည်သားအများစုသည်လည်း ၁၉ လကြာသည်ထိ အသက်၊ အိုးအိမ်၊ စည်း စိမ် များကို စွန့်လွှတ်ကာ အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကို စွန့်စားခုခံနေကြရဆဲဖြစ်ကြောင်းလည်း ပါရှိသည်။

ထို့အပြင် မြန်မာစစ်ကောင်စီသည် အလွန်ရက်စက် ကြမ်းကြုတ်စွာဖြင့် လူသားမျိုးနွယ်ပေါ်ကျူးလွန်သော ရာဇဝတ်မှုများ၊ ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်မှုများ၊ မုဒိမ်းပြုကျင့်မှုများ၊ တရားမဝင် ဖမ်းဆီးချုပ်နှောင်မှုများ၊ ပြည်သူလူထုတစ်ရပ်လုံးကို သိမ်းကြုံးနှိပ်စက်မှုများကို ကျူးလွန်သည့်ပြင် အိုးအိမ် မြို့ရွာများ၊ လူထု၏ အလေးအမြတ်ထား ကိုးကွယ်ရာ ဘာသာရေး အဆောက်အဦများ၊ ကျောင်းများ၊ ဆေးရုံများကို ပြည် သူလူထု ထိတ်လန့်ကြောက်ရွံ့သွားစေရန်ရည်ရွယ်ချက်ဖြင့် မီးလောင်တိုက်သွင်း ဖျက်ဆီးမှုများကို ကျူးလွန်ခဲ့ကြသလို ကျူးလွန်နေဆဲဖြစ် ကြောင်းကိုလည်း ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ လွပ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) မှ ရရှိထားသော အထောက်အထားရင်းမြစ် ၂၀၀ ကျော်မှ သတင်း အချက်အ လက် အထောက်အထားပေါင်း သုံးသန်းကျော်သည် မြန်မာစစ်တပ်၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေများကို အလွန်အကြူး ချိုးဖောက် ကျူးလွန်ထားကြောင်း သက်သေများအဖြစ် ရှိနေသည့်အတွက် ကုလသမဂ္ဂအနေဖြင့် မြန်မာစစ်ကောင်စီ၏ မည်သို့မျှတရားဝင်မှုမရှိသောကိုယ်စားလှယ်၊ အထူးသဖြင့် ပြည်သူလူထုဘက်က ရပ်တည်သော အစစ်အမှန် ကိုယ်စားလှယ်နေရာတွင် အစားထိုးမည့်သူအား လုံးဝ ဥဿုံ ငြင်းပယ်ရမည်ဖြစ်ကြောင်း ဆိုသည်။

မြန်မာပြည်သူလူထုသည် လုထုတစ်ရပ်လုံးကိုယ်စားပြုပြောကြားပေးမည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကဲ့သို့ ကိုယ်စားလှယ်အစစ်အမှန်ကိုသာ အရေးတကြီးလိုအပ်ပြီး ကုလသမဂ္ဂအနေဖြင့် သန်း ၅၀ သော မြန်မာပြည်သူလူထု၏ အသံကို လျစ်လျူမရှုဘဲ လူသားဆန်စွာဖြင့် ဦးကျော်မိုးထွန်းကိုသာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ပြုရန် အလေးအနက် ပြင်းပြသော ဆန္ဒများဖြင့်တောင်းဆိုလိုက်သည်။

ယခုလို သံတမန်ရေးရာတိုက်ပွဲတွင် ပြည်သူများပါဝင်လိုပါက https://actionnetwork.org/peti…/myanmar-for-u-kyaw-moe-tun ဖော်ပြပါ လင့်ခ်အားနှိပ်ကာ ဆန္ဒပြုလက်မှတ်ရေးထိုး တောင်းဆိုနိုင်ပြီး လက်ရှိတွင် လက်မှတ်ပေါင်း နှစ်သိန်း ငါးသောင်းကျော်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

ယခု Sign Petition တွင် လက်မှတ်ပေါင်း တစ်သန်း ရရှိရန်လိုအပ်ပြီး မကြာခင်ပြည့်မီနိုင်ရန် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီ ပါဝင်ရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစုက- GSCB က တိုက်တွန်းထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s