ခင်ဦး-ရေဦး လမ်းပိုင်းနှင့် ရွှေဘိုတို့တွင် စစ်ကောင်စီ တပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးသီးချ တိုက် ခိုက်ခံရပြီး ၈ ဦးသေဆုံး

စစ်ကိုင်းတိုင်း ခင်ဦး-ရေဦးလမ်းပိုင်းနှင့် ရွှေဘိုမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် ကင်းစခန်းနှင့် မိုင်းထောင်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံးကြောင်း Dragon Urban Guerrilla အဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် ခင်ဦး -ရေဦးလမ်းပိုင်း မြင်းဒေါင်းကျေးရွာ အရှေ့ဘက် မူးတိမ်ချောင်း တံတား အနီးရှိ အကြမ်းဖက် စစ်တပ် ကင်းစခန်းကို နံနက် ၆ နာရီ ၃၀ မိနစ်တွင် D.U.G.F (KU Dragon) အဖွဲ့နှင့်အတူ မဟာမိတ်တပ်များမှ ဒရုန်းဖြင့် ဗုံးသီး ၆ လုံးချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော စစ်သား ၅ ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို မွန်းလွဲပိုင်းတွင် ရေဦးမြို့မှ သံပြားကာ ကားတစ်စီးဖြင့် ကောက်ယူသွားပြီး လမ်းတစ်လျှောက် လက်နက်ငယ် များဖြင့် အချက်ရေ ၅၀ ထက်မနည်း စစ်တပ်က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်မှ ရေဦး-ခင်ဦး လမ်းပိုင်းရှိ ကျေးရွာများကို ရမ်းသမ်း ပစ်ခတ်ခဲ့​ပြီး မူးတိမ်ချောင်းကင်းစခန်းမှ စစ်တပ်က အနီးနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ရေဦးမြို့ ကြားပန်းဝိုင်းမှ စစ်တပ်က ခင်ဦးမြို့နယ် အနောက်ခြမ်းရှိကျေးရွာများကို ည ၁၁ နာရီခန့်ထိ လက်နက်ကြီး ၁၀ လုံးထက်မနည်းရမ်းသမ်း ပစ်ခတ်ခဲ့ကာ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိ အတည်မပြု နိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို D.U.G.F(KU Dragon) အဖွဲ့နှင့်အတူ

Wolf Guerrilla (Ye-U)၊ NORTHERN TIGERS GROUP(NTG)

Brothers of Lands Defense Force (BLDF)၊ Hero Army(Khin-U)၊ NAA-DF၊ Burmese Revolution Youths

Fire Dragon(Khin-U)၊ Eagle Defense Force အဖွဲ့နှင့်အတူ မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၉ ရက်နေ့ 9.9.2022ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရွှေဘိုမြို့နယ် ခွန်တောင်းကြီးကျေးရွာမှ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးအဖွဲ့များ ရွာပြင်ထွက်၍ ပြည်သူများ သွားလာရေး ခက်ခဲရန် မိုင်းထောင်နေသောကြောင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ပျူစောထီးနှင့် စစ်သား ၃ ဦးသေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို D.U.G.F(KU Dragon) အဖွဲ့နှင့်အတူ Wolf Guerrilla(Ye-U)၊ NORTHERN TIGERS GROUP(NTG)၊ Brothers of Lands Defense Force (BLDF)

Hero Army(Khin-U)၊ NAA-DF၊ Burmese Revolution Youths၊ Fire Dragon(Khin-U)၊ Eagle Defense Force

Wapons & Ammunitions Production Force(Khin U)

One Day Revolution Force(Shwe Bo)၊ ရွှေဘိုမြို့နယ် ပကဖအဖွဲ့များနှင့် အတူ မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s