ဂန့်ဂေါ်မြို့နယ် မြင်းဇာကျေးရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါ်မြို့ မြောက်ဘက်အခြမ်း၌ အိမ်ခြေ ၃၅၀ ခန့် ရှိသည့် မြင်းဇာကျေးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၉ ရက်နေ့ နံနက်ခင်း ၇ နာရီအချိန်ခန့်တွင် ရွာကို မီးတင်ရှို့နေကြောင်း သိရသည်။

စစ်ကောင်စီ တပ်သား ၁၅၀ ခန့်က မြင်းဇာကျေးရွာကို လက်နက်ကြီးများ ဖြင့် ပစ်ခတ်၍ ရွာအတွင်းသို့ ဝင်ကာ မီးရှို့နေသည့်အကြောင်းကို ဒေသခံပြည်သူ တစ်ဦးက အခုလိုပြောသည်။

” ကျွန်မ တို့က အခုလက်ရှိမှာတော့ ပြေးနေရတယ် ၊ စစ်ကောင်စီတပ်သားတွေက ရွာကို လက်နက်ကြီးတွေ နဲ့ ပစ်ပြီး မနေ့ညက တပ်စွဲနေထိုင်ခဲ့ကြတယ်။ ဒီနေ့ နံနက်ခင်းပိုင်းမှာလည်း လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်နေပြီး နံနက်ခင်း ၇ နာရီလောက်မှာ မီးရှို့တယ်။ မီးကအခုချိန်ထိ လောင်အားကောင်းနေဆဲပဲ ဗျ။ မြင်းဇာကျေးရွာ အထက် ကောင်းကင်တစ်ခုလုံး မီးခိုးတွေ နဲ့ ပြည့်နေတယ် ” ဟု ပြောသည်။

ဂန့်ဂေါ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ အကြမ်းဖက် စစ်ကြောင်းထိုးမှု များကြောင့် မြင်းဇာ ၊လာပို့ရွာ ၊ကျော်ရွာ ၊ မောက်ရွာ၊ မောက်လင်းရွာ ၊ ကျွဲနန်းရွာ၊ လက်ပံရွာ၊မိုးဇို ရွာ ၊ ထယ်လှော်၊ ကျွန်းတပ်၊ရွှေဘို ရွာဟောင်း၊ သင်တော ၊ ဆန်းမြို့ စတဲ့ ကျေးရွာများမှ လူဦးရေ ၈,၀၀၀ ကျော်ခန့် စစ်ရှောင်နေရကြောင်း သိရပါသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s