ပခုက္ကူမြို့က ထွေအုပ် ဒုဦးစီး၏နေအိမ် ဓားပြတိုက်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ စက်တင်ဘာ ၈ ရက်ညက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးရဲ့ နေအိမ် ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပခုက္ကူမြို့ အမှတ် (၃) ရပ်ကွက်၊ သီရိမာလာလမ်းထဲမှာနေထိုင်တဲ့ ပခုက္ကူခရိုင်ထွေအုပ်ရုံးက ဒုဦးစီးမှူး ဦးသန်ဇင်ဌေးရဲ့နေအိမ်ကို စက်တင် ဘာလ ၈ ရက် ည ၁၂ နာရီလောက်မှာ ဓားပြ ဝင်တိုက်သွားတာလို့ ပခုက္ကူမြို့ အမှတ် ၃ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။

အဲဒီ ဒုဦးစီးရဲ့ မိသားစုဟာ  ရွှေပန်းတိမ်လုပ်ငန်းနဲ့ ဆုံဆီလုပ်ငန်းလုပ်ကိုင်ပြီး ငွေကျပ် သိန်း ၂၀၀ နဲ့ ရွှေ ၁၁ ကျပ်သား ဓားပြအတိုက်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့ကတိုက်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ပခုက္ကူမြို့မှာ  ဇူလိုင် ၄ ရက်မနက်ကလည်း မြို့မစျေးရှိ ရှမ်းဧကရီ ရွှေဆိုင် ဓားပြအတိုက်ခံရလို့ ရွှေထည်ပစ္စည်းတွေနဲ့ ငွေကြေးတွေဆုံးရှုံးခဲ့သလို ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းမှာလည်း အထည်ချုပ်စက်ရုံလုပ်သားတွေအတွက် လစာငွေ သိန်း ၂၀၀၀ ကျော်နဲ့ ကားတစ်စီး ဓားပြတိုက်ခံခဲ့ရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s