မိုးဗြဲတိုက်ပွဲတွင် စစ်တပ်က ကျေးရွာ၊ ရပ် ကွက်များအတွင်းသို့ ပစ်ခတ်တိုက်ခိုက်၍ ကလေးငယ်တစ်ဦး သေဆုံးပြီး နေအိမ်များ ပျက်စီး

ရှမ်း-ကရင်နီအစပ်ရှိ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၈ ရက်နှင့် ၉ ရက်ဖြစ်ပွားခဲ့သော ၂ ရက်ဆက်တိုက်ပွဲတွင် စစ်တပ်က ကျေးရွာ၊ ရပ်ကွက်များအတွင်းသို့ ပစ်ခတ်တိုက်ခိုက်၍ ကလေးငယ်တစ်ဦး သေဆုံးပြီး နေအိမ်များ ပျက်စီးသွားကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း သေဆုံးမှုများပြားသော စစ်ကောင်စီတပ်က ကျေးရွာ၊ ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အပြစ်မဲ့ ကလေးငယ်တစ်ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရပြီး နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်စစ်တပ်၏ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး ဗုံးစထိမှန်သေဆုံးပြီး ဖခင်ဖြစ်သူအပါ အဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး အရေအတွက် အတိ အကျကို ကနဦး မသိရှိရသေးပေ။

စက်တင်ဘာလ ၈ ရက်နေ့တွင် ဝါရီဆူးဖလိုင်ကျေးရွာဘက်မှ မိုးဗြဲဘက်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် ကရင်နီပူပေါင်းတပ်ဖွဲ့ကြား တစ်နေကုန် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၃၀ ဦးကျော် သေဆုံးကာ လက်နက်ခဲယမ်းအများအပြားကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ သိမ်းဆည်းရမိခဲ့သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s