မုံရွာတွင် စစ်ကောင်စီတပ်ယာဉ်တန်း ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံရ၊ အထိအခိုက်ရှိနိုင်ဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီတပ်ယာဉ်တန်း ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရပြီး အထိအခိုက်ရှိနိုင်ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) ထံက သိရသည်။

မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ထွက်ခွာလာသည့် စစ်ကား ၁၃ စီးပါ ယာဉ်တန်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ မုံရွာ နမခ ကနေထွက်လာပြီး စစ်ကိုင်းကို သွားတဲ့ ၁၃ စီးပါ စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်း ခုနစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တစ်စီးကို ထိထိမိမိ ထိပါတယ်။ အထိအခိုက်အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး” ဟု PAFD မှ တာဝန်ရှိသူ ကိုတေဇက မဇ္စျိမသို့ပြောသည်။

စစ်ကိုင်းသို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြားတွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၁၂ စီးမြောက် ယာဉ်ကိုထိမှန်ခဲ့ပြီး ကားမှန်များကွဲထွက်ကာ လိုက်ပါလာသည့် စကစ တပ်သားများ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် ကျန်ရှိသည့်ယာဉ်များပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းဘေးဝဲယာသို့ ရမ်းသန်းပစ်ခတ်မှုများရှိခဲ့သည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို မသိရှိခဲ့ရကြောင်း ကာကွယ်ရေးတပ် တာဝန်ရှိသူက ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုကို People’s Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU)၊ People’s knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF)နှင့် D.B.B.F-MMU မဟာမိတ်အဖွဲ့များ က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးမှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း ပြန်လည်ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s