မြစ်ကြီးနားရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်မှာရှိတဲ့ အမှတ် (၂) ရဲစခန်းမှာ  စက်တင်ဘာ ၉ ရက် ည ၈ နာရီလောက်က  ဗုံးပေါက်ကွဲသံတွေနဲ့ သေနတ်ပစ်ခတ်မှုတွေ အပြန်အလှန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရဲစခန်းအနီးနေထိုင်သူ အမျိုးသားတစ်ဦးက “အမှတ် ၂ ရဲစခန်းမှာ  ပထမဗုံးပေါက်ကွဲသံနှစ်ချက်ကြားရတယ်။ ပြီးတော့ သေနတ်တွေနဲ့ပစ်ကြတာပဲ။ ဘယ်အဖွဲ့က လာပစ်တယ်ဆိုတာတော့မသိရဘူး။ ဒဏ်ရာရတာ သေတာ ရှိလားဆိုတာတော့သေချာမသိရဘူး”လို့ ပြောပါတယ်။

အဆိုပါပစ်ခတ်ကြောင့်  စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တယောက်  လဲကျသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာ၀န်ရှိသူတဦးက  ပြော ပါတယ်။

“အမှတ်-၂ရဲစခန်းကိုသွားပစ်တာ။ ကင်းပုန်းတစ်ဦးလဲကျသွားတယ်။ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အထိခိုက်မရှိ ဆုတ်ခွာနိုင်ကြခဲ့ကြတယ်။ စစ်ကောင်စီဘက်ကတော့ ရမ်းသန်းပစ်တယ်။”

ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)က သွားရောက်ပစ်ခတ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တယောက် လဲကျသွားတယ်လို့ ဒေသတွင်း သ တင်းတွေမှာ ရေးသားထားပေမဲ့ ဒီဗွီဘီ အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

စက်တင်ဘာ ၈ ရက်မနက်ပိုင်းကလည်း   မြစ်ကြီးနားမြို့ သီတာရပ်ကွက်မှာရှိတဲ့  စရဖရုံးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

မြစ်ကြီးနားမြို့ခံ ပြည်သူတွေအနေနဲ့ စစ်ကောင်စီကိုသတင်းပေးတာ လုံး၀မလုပ်ကြဖို့  KIA တပ်ရင်း-၁၁ က သတိပေးစာထုတ်ပြန်ထားပါတယ်။ 

ကချင်ပြည်နယ် နေရာအနှံ့မှာ KIA၊PDFပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး ကြဲတိုက်ခိုက်တာတွေလည်း လုပ်ဆောင်နေပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s