မြဝတီ၊ သုံးထပ်ကွေ့တွင် စစ်ကြေင်းထိုးနေသော တပ်မ ၄၄၊ ခလရ ၈ မှ တပ်သား ၂ ဦး KNU ထံ ခိုလှုံ

ကရင်အမျိုးသားအစည်းအရုံး၊ KNU တပ်မဟာ ၆ အုပ်ချုပ်နယ်မြေအတွင်းရှိ မြဝတီမြို့နယ်၊ သုံးထပ်ကွေ့အနီး ထိုးစစ်ဆင်နေသော အကြမ်း ဖက်စစ်ကောင်စီ၏ တပ်မ ၄၄၊ ခလရ ၈ မှ တပ်သား ၂ ဦး စက်တင်ဘာလ ၉ ရက် ယမန်နေ့တွင် KNU ထံ ထပ်မံခိုလှုံလာကြောင်း သတင်းရရှိသည်။

တပ်မ ၄၄ လက်အောက်ခံ ဘီးလင်းအခြေစိုက် ခလရ ၈၊ တပ်ခွဲ ၁ မှ တပ်သားစိုးအောင်နှင့် တပ်သားဇော်ထွန်းတို့ ၂ ဦးသည် မြဝတီ-ဝေါလေကားလမ်းတွင် ထိုးစစ်ဆင်နေစဉ် ရှေ့တန်းစစ်မြေပြင်ကို စွန့်ခွာကာ KNU ထံ ခိုလှုံပူးပေါင်းလာခြင်းဖြစ်သည်ဟု သိရှိရသည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးကို လွတ်မြောက်နယ်မြေရှိ ပြည်သူ့ရင်ခွင်ခိုလှုံရေးကော်မတီထံ ဆက်သွယ်ပို့ဆောင်ထားကြောင်း ကရင်သတင်းရင်း မြစ်များက ဆိုသည်။

တပ်မ ၁၁၊ ၂၂၊ ၄၄ လက်အောက်ခံ တပ်ရင်းများအပါအဝင် လက်ပါးစေ BGF တပ်ရင်းများပါ အသုံးပြုလျှက်ရှိပြီး စုစုပေါင်း တပ်ရင်း ၁၇ ရင်းဖြင့် မြဝတီ-ဝေါလေကားလမ်းပိုင်းကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ နယ်မြေစိုးမိုးမှု မရှိသေးဘဲ စစ်သားအများအပြား သေဆုံးခြင်း၊ KNLA တပ်ဖွဲ့များ၏ ဖမ်းဆီးခံရခြင်း၊ စစ်အာဏာရှင်ကို စွန့်ခွာကာ စစ်သားများ ထွက်ပြေးခြင်းများ ဖြစ်ပေါ်လျှက်ရှိသည်။

အဆိုပါ လမ်းပိုင်းကို စိုးမိုးနိုင်ရန် အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၃ လဝန်းကျင် ကြာမြင့်နေပြီ ဖြစ်သည်။

ယမန်နေ့တွင် အကြမ်းဖက်စစ်တပ် တပ်မ ၄၄ လက်အောက်ခံ၊ ခမရ ၁၀၂ မှ ဗိုလ်ကြီးရဲရင့်မောင် အပါအဝင် ၆ ဦးကို လက်နက်ခဲယမ်း၊ ရိက္ခာများနှင့်တကွ KNLA ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်းက ဖမ်းဆီးရမိခဲ့သေးသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s