မြဝတီ-ဝေါ်လေလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို KNLA က ဖမ်းဆီး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် (တောနော်အရှေ့ဘက်ခြမ်း) မြဝတီ-ဝေါ်လေလမ်းမပေါ် လူခို့နေရာမှာ စစ်ကောင်စီရဲ့ ရိက္ခာနဲ့လက်နက်ခဲယမ်းလာရောက်ပို့ဆောင်တဲ့တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ KNLA  က စက်တင်ဘာ ၉ ရက်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ရှေ့တန်းကို ခမရ ၁၀၂ တပ်ရင်းက ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးတဲ့ အင်အား ၆ ယောက်နဲ့အတူ ရိက္ခာ၊ လက်နက်ခဲယမ်းတွေကို နယ်မြေကျော်ပြီး လာရောက်ပို့ဆောင်ရာ နယ်မြေခံ KNLA တပ်ရင်း ၂၇ နဲ့ ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တာပါ။

စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေထံက  MA-3 ၂ လက်၊  MA -1 ၁ လက်၊  MA-2 ၁ လက်၊ MA-4 ၁ လက်၊ MA-5 ၁ လက်၊ မဂ္ဂဇင်း ​ဘောက် ၁၇ ချပ်၊ ​ဘောက်အဝိုင်း ၁ ချပ်၊ လက်ပစ်ဗုံး ၂ လုံး၊ BSA 1 Scope ၁ လုံး၊ ၅.၅၆ ကျည် ၆၀၀ ​တောင့်၊ ၄၀ မမ ဗုံးသီးအလုံး ၂၀၀၊ ၆၀ မမ ဗုံးသီးအလုံး ၂၀၀ နဲ့ ရိက္ခာ​ခြောက်မားမား​ခေါက်ဆွဲ ၁၂ အိတ်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၇ ရက်က စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံတပ်တွေက မြဝတီ – ဝေါ်လေ လမ်းမကို နယ်မြေကျော်ဝင်ရောက်ဖို့ကြိုးစားခဲ့သလို သုံးထပ်ကွေ့အနီး ကျော်ဝါးဘိုးဘုရားကနေ  မနက် ၉ နာရီခွဲလောက်က တကြိမ်၊ ညနေ ၃ နာရီခွဲလောက်က တကြိမ်၊ ည ၉ နာရီခွဲလောက်က တကြိမ်စီ ၁၂၀ မမ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကော်ဘရာတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဒေါနတောင်အနောက်ခြမ်း ကော့ကရိတ်မြို့နယ်နဲ့၊ ကျိုက်ဒုံမြို့နယ်ရဲ့ ဒေသတချို့မှာ စစ်ကောင်စီစစ်ကူစစ်ကြောင်းတွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)  ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s