ခင်ဦးနှင့် ရွှေဘိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နဲ့ ရွှေဘိုမြို့နယ်တွေမှာ ကင်းစခန်းနဲ့ ကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာမှာ  စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၀ ရက်က ထုတ်ပြန်ပါတယ်။

ခင်ဦးမြို့နယ်၊မြင်းဒေါင်းကျေးရွာအရှေ့ဘက် မူးတိမ်ချောင်းအနီးက စစ်ကောင်စီတပ်ဖွဲ့ကင်းစခန်းကို မနေ့မနက် ၆ နာရီခွဲက ဒရုန်းနဲ့ ဗုံးသီး ၆ လုံးပစ်ချခဲ့ရာမှာ စစ်သား ၅ ယောက် နေရာတင် သေဆုံးသွားပြီး ၄ ယောက်က ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။

Dragon Urban Guerrilla (KU Dragon ) မှ တာဝန်ရှိသူတစ်ဦးက “အဲ့ဒီ ကင်းစခန်းက ရန်သူတပ်ဖွဲ့ဝင် ၅ ယောက်ပွဲချင်းပြီးသေတယ်။ အဲ့ဒီမှာ ဒေသခံပျူအဖွဲ့တွေရှိတယ်။ ဗုံးချတဲ့အခါ သူတို့ဘက်က ပြန်ပစ်တာတွေလည်းရှိတယ်။ အလောင်းသယ်တဲ့ လမ်းတလျှောက်လည်း ကြောက်အားလန့်အား ရမ်းပစ်သွားတယ်။ အဲ့ဒီနေ့က သူတို့ဘက်က အထိနာသွားတော့ ပတ်ရမ်းနေကြတာ ” လို့ ပြောပါတယ်။

ကင်းစခန်းမှာ သေဆုံးသွားတဲ့ စစ်သား ၅ ယောက်ရဲ့ရုပ်အလောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့က ရေဦးမြို့ကနေ သံပြားကာ ကားတစီးနဲ့ လာရောက်သယ်ယူသွားပြီး လမ်းတလျှောက်မှာရှိတဲ့ ရေဦး – ခင်ဦးကားလမ်းဘေးက ကျေးရွာ‌တွေကို လက်နက်ငယ်တွေနဲ့ အချက် ၅၀ ထက်မနည်း ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကင်းစခန်းမှာ ကျန်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အနီးနားက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့ပြီး ရေဦးမြို့အဝင် ကြာပန်းဝိုင်းပတ်မှ စစ်ကောင်စီတပ်ဖွဲ့တွေကလည်း ခင်ဦးမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ည ၁၁ နာရီအထိ လက်နက်ကြီးနဲ့ ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီတရက်တည်းမှာပဲ မွန်းတည့် ၁၂ နာရီလောက်က ရွှေဘိုမြို့နယ် ခွန်တောင်းကြီးကျေးရွာအနီး မိုင်းထောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို ဗုံးသီး ၇ လုံးချ တိုက်ခိုက်ခဲ့ရာမှာ စုစုပေါင်း ၃ ဦးသေဆုံးသွားပြီး အများပြား ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသကာ ကွယ်ရေးအဖွဲ့က ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို D.U.G.F(KU Dragon) အဖွဲ့အပါအဝင် Wolf Guerrilla(Ye-U) ၊ NORTHERN TIGERS GROUP(NTG)၊ Brothers of Lands Defense Force (BLDF)၊ Hero Army(Khin-U)၊ NAA-DF ၊ Burmese Revolution Youths ၊ Fire Dragon(Khin-U) ၊ Eagle Defense Force ၊ Weapons & Ammunitions Production Force(Khin U) ၊ One Day Revolution Force(Shwe Bo) ၊ ရွှေဘိုမြို့နယ် ပကဖအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂ ရက်နေ့ကလည်း ရေဦးမြို့နယ် အင်းပတ်ဂွေ့မှာ ကင်းချပြီး စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒေသကာကွယ် ရေးပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ ဗုံးသီး ၆ လုံးချကာ တိုက်ခိုက်ခဲ့တာကြောင့် စုစုပေါင်း စစ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s