စစ်တပ်ဘက်မှ သေဆုံးမှု များပြားနေကြောင်း မင်းအောင်လှိုင် ဝန်ခံ၊ Drone ဖြင့် ဗုံးကျဲမှု နှင့်ထောက်လှမ်းမှုများကို ထိတ်လန့်၊ စစ်ဆင်ရေး အောင် မြင်ရန် “ထု” ဗျူဟာဖြင့် စစ်ဆင်ရန် ပြောဆို

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားသော တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက် သေဆုံးမှုများ များပြားနေကြောင်း ဖက်ဆစ် စစ်ခေါင်း ဆောင် မင်းအောင် လှိုင်က ဝန်ခံပြောကြားလိုက်သည်။

ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ် ပြန် သော မင်းအောင်လှိုင်၏ ထိပ်တန်းလျှို့ ဝှက် ပြောဆိုချက် စာဖိုင်တွင် မင်းအောင်လှိုင်၏ ဝန်ခံချက်ကို ဖော် ပြထားခြင်းဖြစ်သည်။

၂၀၂၂ ဇွန်လ ၂၀ ရက်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ (ကြည်း၊ ရေ၊ လေ) စစ် ဆင်ရေး ပထမလေးလပတ်အစည်းအဝေးတွင် မင်းအောင်လှိုင် ပြောဆိုခဲ့သော လျှို့ဝှက် ပြောဆိုချက်တွင် စစ်ရေးအပါအဝင် ဘက်ပေါင်းစုံမှ ဆုတ်ယုတ်လာနေသည့် တပ်တွင်း အခြေအနေများအား ဝန်ခံပြောဆိုထားသည်။

မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလ မတ်၊ ဧပြီလ လေးလပတ် ကာလနှင့် မေလအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်များတွင် ထိခိုက် ကျဆုံးများပြားသည့်ဖြစ်စဉ်များ ရှိကြောင်း၊ ထိခိုက် ကျဆုံးမှုများကို ပြန်ကြည့် ပါက ရန်သူအင်အား များပြားခြင်းလား၊ တပ်၏ အားနည်း၍ လားဆိုသည်ကို စဉ်းစားသုံးသပ်နေရကြောင်း၊ တပ်၏ အားနည်းချက်ကြောင့် ဖြစ်သည်ကို တွေ့ရှိရပြီး ပထမအချက်မှာ နေရာချထားမှု မမှန်ကန်ခြင်း၊ ဒုတိယအချက်မှာ ချီတက် ရှင်း လင်းမှု မမှန်ကန်ခြင်းနှင့် တတိယ အချက်မှာ တပ်တည်လိမ်လည်တင်ပြခြင်းများကြောင့်ဖြစ်ကြောင်း၊ နောက်တစ်ချက်မှာ သင်ကြားပေးထားသည့် စစ်ပညာများကို အသုံးမချနိုင်ခြင်းကြောင့် ဖြစ်ကြောင်း ပြောဆိုသွားသည်။

ထို့ပြင် ဒရုန်းများဖြင့် ဗုံးကျဲချမှုများကိုလည်း တွေ့ရပြီး ဒရုန်းဖြင့် ကင်းထောက်ပြီး ဘယ်နေရာ ဘယ်သူရှိတယ်ဆိုတာကို ချိတ်ဆက် ဆက်သွယ်အကြောင်း ကြား လုပ် ဆောင်လာကြောင်း၊ တချို့အကြောင်းအရာများက ကြားဖြတ်ဖမ်း ယူ၍ မရသည့် အတွက် ဆုံးရှုံးမှုများ လာကြောင်း မင်းအောင်လှိုင်က ဝန်ခံ ပြောဆိုသည်။

စစ်တပ်တွင် သမာရိုးကျ စစ်ကို ဆင်နွှဲရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ စစ်အတတ်ပညာသင်သည့်အခါ သာမန်စစ်နညးဗျူဟာဖြစ်သည့်ခံစစ်၊ ခွာစစ်၊ ချီစစ်၊ တိုက်စစ်အပြင်၊ အထူးစစ်နည်းဗျူဟာဖြစ်သည့် တောင်ပေါ်၊ တောတွင်း ၊ ပြောက်ကျား၊ ခြုံခို၊ တန်ပြန်ခြုံခို စသည့် စစ်ဗျူဟာများ သင်ကြားပေးကြောင်း မင်းအောင်လှိုင်က ဆိုသည်။

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို တိုက်ခိုက်နိုင်ရန်ဆိုပါက စစ်ဆင်မှု အ တတ် ပညာထဲမှာ သမားရိုးကျ တစ်ခုတည်းမဟုတ်ဘဲ အထူးစစ် နည်းဗျူဟာဖြင့် တွဲပြီး လုပ်ဆောင်သွားရန်၊ တစ်ဖက်က တိုင်းရင်းသား လက်နက်ကိုင်ပဋိ ပက္ခကြောင့်သာ မိမိတို့အနေဖြင့် ခြုံခို၊ တန်ပြန်ခြုံခို၊ ပျောက်ကြား၊ တန်ပြန်ပျောက်ကြား စနစ်ဖြင့် လုပ်ဆောင်နေရသော်လည်း တကယ်တမ်းသမားရိုးကျစစ် ဆင်နွှဲနိုင်ရန် ပြင်ဆင်ထားရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိအနေအထားတွင် ရန်သူ့ဌာနချုပ်များကို ဘာတစ်ခုမှ မိမိတို့ ထိုးစစ်ဆင်ခြင်း မလုပ်ခဲ့သည်မှာ NCA လက်မှတ်ထိုးထားသည့်အတွက်ကြောင့် ဖြစ် ကြောင်း၊ မိမိတို့တပ်စခန်းကို လာတိုက်လျှင်တော့ တန်ပြန် တိုက်ခိုက်ရသည်များရှိကြောင်း၊ သတ်မှတ်နယ်မြေကျော်လွန် ဝင်ရောက်လျှုပ်ရှားသည့် အဖွဲ့အစည်းများကိုလည်း တိုက်ခိုက်ရသည်များရှိကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်စစ်ဖြစ်စေ၊ ခံစစ်ဖြစ်စေ တပ်နေရာချထားမှုနှင့်တပ်ဖြန့်ခွဲမှုကို စနစ်တကျ မလုပ်ဆောင်သည့်အတွက် ဆုံးရှုံးမှုများပြားလာသည်ကိုတွေ့ရကြောင်း၊ လုပ်ရဲကိုင်ရဲ သည့်သတ္တိမရှိဘဲ ကြောက်ရွံ့ကာ အမိန့်နာခံမှု မရှိသည့်ဖြစ်စဉ်များလည်း တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ဆင်ရေး အောင်မြင်လိုလျှင် “ထု” ဖြင့် စစ်ဆင်ခြင်းကို မမေ့ရန် ၊ “ထု” ဖြင့် စစ်ဆင်ခြင်းမှာ အင်အားထု၊ ပစ်အားထု၊ အချိန်ထုများဖြစ်ပြီး မိမိတို့နှင့်သက် ဆိုင်သော အင်အားထုဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်စဉ်များကို ကြည့်လျှင် ရန်သူက အင်အားစုဖွဲ့ပြီး တိုက်ခိုက်ခြင်းဖြစ်ကာ ပြောက်ကျားစနစ်နည်းဗျူဟာကို သမားရိုးကျ စစ်ဗျူဟာနှင့် ပေါင်းပြီး ကျင့်သုံးသွားသည်ဟု မင်းအောင်လှိုင်က ဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s