ပုသိမ်မြို့နယ် ရှောပြာကျေးရွာအနီးတွင် PDF များရှိနေသည်ဟု စိတ်မမှန်သူက သတင်းပေးပို့လာ၍ စစ်ကောင်စီတပ်များ တောနင်းရှာဖွေနေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ရှောပြာကျေးရွာအနီးတွင် PDF များရောက်ရှိနေသည်ဟု စိတ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်သူတစ်ဦးက သတင်းပေးပို့သဖြင့် စစ်ကောင်စီတပ်များ တောနင်းရှာဖွေနေကြကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့က ရှောပြာကျေးရွာအနီး တောထဲတွင် PDF များရောက်ရှိနေသည်ဟု ရှောပြာကျေးရွာအုပ်ချုပ်ရေးမှူး စောဒေးဗစ်(ခ)ဝိုင်းကြီး ဆိုသူကို စိတ်မမှန်သူတစ်ဦး

က လာရောက်သတင်းပို့ခဲ့ရာမှ စစ်ကောင်စီတပ်များက တောနင်းရှာဖွေနေကြခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အုပ်ချုပ်ရေးမှူး ဝိုင်းကြီးကို သတင်းလာပေးတဲ့သူက သိပ်ပြီးကျပ်မပြည့်ဘူးဗျ။အဲ့ဒီ ကျပ်မပြည့်တဲ့သူပြောတာကတော့ တောထဲမှာ PDF တွေကသူ့ကိုတွေ့တော့ ဖမ်းထားတယ်။ ပြီးတော့ ဘယ်သူ့ကိုမှ ပြန်မပြောနဲ့ဆိုပြီး လွှတ်ပေးလိုက်တာလို့ သတင်းလာပေးတာ။ အဲ့ဒါကို အဟုတ်ထင်ပြီးတောနင်းရှာနေကြတာပါ”ဟု ဒေသခံက ဆိုသည်။

အဆိုပါ စိတ်မနှံ့သူ သတင်းပေးပို့ခဲ့သည် စက်တင်ဘာလ ၈ ရက်နေ့မှစကာ ယနေ့အထိ စစ်ကောင်စီတပ်များနှင့် ပြည်သူ့စစ်များက အင်အားအများအပြားဖြင့် တောနင်းရှာဖွေနေကြခြင်း ဖြ စ်သည်။

၎င်းအပြင် ပုသိမ်ကြိုးတံတားဂိတ်တွင်လည်း မိုင်းရှာခွေးများ အသုံးပြုကာ ပိတ်ဆို့စစ်ဆေးမှုများ နေ့စဥ်ပြုလုပ်နေသည်ဟု ဒေသခံက ပြော သည်။

“ရှောပြာနားက တောတွေထဲမှာဆိုရင် ကင်းပုန်းတွေတောင် ချထားတယ်။ ပုသိမ်-ချောင်းသာကားလမ်းမှာလည်း ကင်းပုန်းတွေ ထပ်တိုးထားတယ်။အခုထပ်ကြားတာတော့ ကျပ်မပြည့်တဲ့လူကို ဖမ်း

ထားတယ်လို့ ရွာထဲမှာပြောနေကြတယ်။တိတိကျကျတော့ မသိရသေးဘူး” ဟု ဒေသခံက ဆက်လက်ပြောသည်။

လက်ရှိတွင် ပုသိမ်-ချောင်းသာ ကားလမ်းဘေး တောအုပ်များထဲတွင် စစ်ကောင်စီတပ်များနှင့် အုပ်ချုပ်ရေးမှူး စောဒေးဗစ် ဦးဆောင်သည့် ပြည်သူ့စစ်များက အသင့်အနေအထားဖြင့် ရှိနေ သည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ ပုသိမ်မြို့နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို ဆက်သွယ်မေးမြန်းရာ ၎င်းတို့အဖွဲ့များ ချောင်းသာတောအုပ်များထဲတွင်မရှိကြောင်းမဇ္စျိမကိုပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s