မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၅ ဦးထက်မနည်းသေဆုံး၊ လေယာဥ်ဖြင့် ၇ ကြိမ်တိုင်လာရောက်ဗုံးကြဲ

ရှမ်းပြည်နယ်နှင့် ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် တပ်စွဲနေထိုင်ရန် ကြိုးစားနေသည့် စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲဖြစ်သည့် ဖယ်ခုံ PDF,မိုးဗြဲPDF, KNDF, KA,URF, နေပြည်တော် PDFနှင့် KGZ တို့က ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ထပ်မံဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲသည် နံနက် ၁၁ နာရီမှ ညနေ ၆ နာရီခွဲ အထိ ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း သေဆုံးကာ ထိ ခိုက် ဒဏ်ရာရသူ များပြားသည်ဟု မိုးဗြဲ PDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁၀ ဦးဒဏ်ရာရရှိပြီး သုံးဦးမှာ စိုးရိမ်ရသည့်အခြေအနေ ရှိသော်လည်း စနစ်ကျသည့် ဆေးကုသမှု ခံယူလျက်ရှိသည်ဟု ဆိုသည်။

စက်တင်ဘာလ ၈ ရက်မှ ၁၀ ရက်အထိ သုံးရက်ဆက်တိုက်ဖြစ်ပွါးသည့် မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဦးရေ ၆၀ နီးပါးသေဆုံးပြီး ဒဏ်ရာရရှိသူ များပြားကာ ကရင်နီ ပူးပေါင်းတပ်ဖွဲ့ဘက်က ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တတိယမြောက်နေ့ တိုက်ပွဲဖြစ်သည့် စက်တင်ဘာလ ၁၀ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က အထိနာသဖြင့် ညနေ ၃ နာရီ ၅၀ မိနစ်တွင်Yard.130 တိုက်လေယာဥ်တစ်စင်းနှင့် K-8W တိုက်လေယာဉ်တစ်စင်း တို့ဖြင့် ခုနစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် ဝေဟင်ပစ်ခတ်မှုကြောင့် မိုးဗြဲမြို့ရှိ ပြည်သူ့နေအိမ်နှင့် မိုးဗြဲစျေး ပျက်စီးမှုရှိပြီး ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးခဲ့ရသည်ဟု သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s