မိုးဗြဲ ၄ ရက်မြောက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးကျော်သေဆုံး၊ ပြည်သူ့ကာကွယ် ရေးရဲဘော် ၂ ဦး ကျဆုံး



ရှမ်းပြည်နယ်-ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့တွင် ဖြစ်ပွားသော စက်တင် ဘာ လ ၁၁ ရက်နေ့ ၄ ရက်မြောက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးကျော်သေ ဆုံး ကြောင်း KNDF က သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ (၁၁) ရက်နေ့ နံနက် (၇)နာရီမှစ၍ မိုးဗြဲမြို့ ၊ ပွဲကုန်း (၃)ရပ် ကွက် ဘုရားကျောင်းဝန်းအနီး (၄)ရက်တိုင်တိုင် တပ်စွဲရန်ကြိုးစားနေသော အကြမ်းဖက်စစ်ကောင်စီတပ်များအား KNDF B/03 ၊ B/11 ၊ KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ KRU တို့ပူးပေါင်း၍ တစ်နေကုန်နီးပါး ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ တစ်နေ ကုန်နီးပါး ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၀ ဦးကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း၊ ပူးပေါင်းတပ်ဘက်မှ ရဲဘော် (၂)ဦး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း သေဆုံးစစ်ကောင်စီတပ်သားများ၏ လက်နက်များကိုကောက် ယူရန် ခက်ခဲခဲ့သောကြောင့် ၎င်းသေဆုံးတပ်အချို့ ကိုင်ဆောင် ခဲ့သော လက် နက် များထဲမှ MA-1 သေနတ် ၁ လက် ၊ MA-3 သေနတ် ၂ လက် ၊ RPG သီးများ ၊ ၆၀ မမ အသီးများ ၊ ဆက်သွယ်ရေး အထိုင်စက် ၁ လုံး ၊ ကျည်ဆံများနှင့် အသုံးအဆောင်များကိုသာ သိမ်းဆည်းရခဲ့ကြောင်း သိရှိရသည်။
ယနေ့ ညနေပိုင်းတွင်လည်း စစ်ကောင်စီဘက်က တိုက်လေယာဥ် ဖြင့် ၂ ကြိမ်တိတိ လာရောက်ပစ်ခက်ခဲ့ပြီး ပြည်သူလုထု နေအိမ်အများအ ပြားလည်း ထိ ခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ (၈)ရက်နေ့စ၍ ယနေ့ထိ (၄) ရက်တိုင်တိုင် အကြမ်းဖက်စစ်ကောင် စီနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များအကြား ထိတွေ့တိုက် ပွဲများ နေ့စဥ်ဖြစ်ပွားနေဆဲဖြစ်၍ မြို့အနီး ဖြတ်သန်းသွားလာခြင်းကို မပြုလုပ်ကြသေးရန် ပြည်သူများကို KNDF က တိုက်တွန်းထားသည်။ khit thit