မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်း ကြိမ်ချောင်းဗျူဟာကာကင်းအား AA ဝင်ရောက်တိုက်ခိုက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း-ဂုပ္ပိလမ်းရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်စခန်း ကြိမ်ချောင်းဗျူဟာကာကင်းကို ရက္ခိုင့် တပ်တော်(AA)က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

AA သည် ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၆ နာရီမှစတင်၍ ကြိမ်ချောင်းဗျူဟာကာကင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“မနက် ၆ နာရီလောက်က စဖြစ်တာ။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ အစုံ ကြားရပါတယ်။ AA က ဝင်တိုက်တယ်လို့ သိရတယ်။ မနက် ၉ နာရီ ဝန်းကျင်လောက်မှာ တန့်သွားပါတယ်။ လေယာဉ်တွေနဲ့လည်း ပစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီ၏ ကြိမ်ချောင်းဗျူဟာမှ လက်နက်ကြီးများနှင့် ပစ်ကူခဲ့ပြီး စစ်ရဟတ်ယာဉ်နှစ်စီး ၊ တိုက်လေယာဉ်နှစ်စီး တို့နှင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

AA ဝင်ရောက်တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏ ကြိမ်ချောင်း ဗျူဟာကာကင်းမှာ စခန်း တစ်ခုလုံးပျက်စီးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းမှစတင်၍ AA နှင့်စစ်ကောင်စီတပ်ဖွဲ့များ အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ တပ်စခန်းတစ်ချို့ကို AAမှ သိမ်းယူနိုင်ခဲ့ကြောင်းသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s