မောင်တောရှိ စစ်ကောင်စီတပ်စခန်းကို AA ထပ်မံသိမ်းပိုက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်တပ်စခန်း နောက်တစ်ခုအား ရက္ခိုင့်တပ်တော် (AA) က ဆက်လက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ယနေ့ စက်တင်ဘာလ ၁၀ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

AA ကသိမ်းပိုက်လိုက်သော တပ်စခန်းကုန်းမှာ မောင်တောမြို့နယ်၊ လောင်းဒုံ(မြို) ရွာ (ခ)ဂြိတ်ချောင်းရွာ၏ အရှိတောင်ဘက် သုံးကီလိုမီတာခန့်အကွာရှိ ဂုတ်ပီကျော်လမ်း (ပဲရွမ်းတောင်)ရှိ စစ်ကောင်စီတပ် ခမရ(၃၅၂) တပ်ရင်း စခန်းကုန်းတစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ စစ်ကောင်စီတပ်မှ လူအင်အားတိုးချဲ့ကာ လေကြောင်းတိုက်ခိုက်မူများ၊ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေချိန် ယနေ့ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၀ရက်၊ နံနက် ၆ နာရီ ၁၇ မိနစ်ခန့်တွင် မိုင်တိုင်အမှတ် (၄၀)မှ ဝေးကွာသောနေရာဖြစ်သည့် မာင်တောမြို့နယ်၊ လောင်းဒုံ(မြို) ရွာ (ခ)ဂြိတ်ချောင်းရွာ၏ အရှိတောင်ဘက် သုံးကီလိုမီတာခန့်အကွာရှိ ဂုတ်ပီကျော်လမ်း (ပဲရွမ်းတောင်)ရှိ စစ်ကောင်စီတပ် ခမရ(၃၅၂) တပ်ရင်း စခန်းကုန်းတစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက် ၇နာရီ ၂၂မိနစ်အချိန်တွင် အဆိုပါ စခန်းကုန်းအား အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့သည်။ ”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၁ရက်နေ့က ရခိုင်-ဘင်္ဂလားနယ်စပ်၊ မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီတပ်၏ တပ်စခန်းတစ်ခုကို AA က အ ပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် ယင်းစခန်းအား ပြန်လည်ရယူရန် ကြိုးစားလျက်ရှိကြောင်း စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာက စက်တင်ဘာလ ၁ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ စစ်ကောင်စီတပ်သည် ၎င်းစခန်းအား ပြန်လည်ရယူရန် ကြိုးစားလျက်ရှိကြောင်းထုတ်ပြန်ခဲ့ပြီး စစ်အင်အားများတိုးချဲ့ကာ လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများဖြင့် ၎င်းစခန်းအနီးတစ်ဝိုက်အပြင် တခြားရက္ခိုင်နှင့်ပလက်ဝရှိ နေရာများကိုပါ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေခဲ့သည်မှာ တစ်ပတ်ကျော်ကြာမြင့်ခဲ့ပြီးဖြစ်သည် ”ဟု ရေးသားထားသည်။

ယင်းအပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ စစ်ကောင်စီတပ်သား အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်း ဆည်းရမိကာ စစ်ကောင်စီတပ်သားအချို့ကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်က ဖော်ပြထားသည်။

ယင်းကဲ့သို့ တပ်စခန်းအား သိမ်းယူပြီးနောက်တွင်လည်း စခန်းကုန်းနေရာအနီးတစ်ဝိုက်သို့ ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် တစ် နေ့ကုန်လာရောက်တိုက်ခိုက်ခဲ့သည်ဟုလည်း ဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲပြင်းထန်းစွာ ဖြစ်ပွားနေခြင်းလည်းဖြစ်သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s