မြင်းခြံတွင် ဆိုင်ကယ်စီး လာသည့် ဗိုလ်ကြီးအောင်ကိုကို နှင့်တပ်သား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ပစ္စတို ၁ လက် သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မြင်းခြံတွင် ဆိုင်ကယ်စီးပြန်လာသည့် ဗိုလ်ကြီး အောင်ကိုကိုနှင့် တပ်သား ၁ ဦးကို ပစ်ခတ်ခံရပြီး သေဆုံးသွားကာ ပစ္စတို ၁ လက် သိမ်းဆည်းရမိကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်-NYSGFထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၀ ရက် ညနေ ၅ နာရီ အချိန် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကြည်ရွာ ကျေးရွာမှ အကြီးဆုံး စစ်ဗိုလ် နှင့်နောက်လိုက် ၁ ကောင် ဆိုင်ကယ်နှင့် ဆီမီးခုံမြို့ လောင်းကစားဝိုင်းမှ အပြန် ဆီမီးခုံမြို့ နှင့် ကြည်ရွာကျေးရွာအကြား လမ်းတွင် အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ နှစ်ဦးစလုံး လဲကျသွားကြောင်း သိရှိရသည်။

ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ဗိုလ်ကြီးအောင်ကိုကို( သုံးပွင့်)က မသေ ဆုံးမီ အော်ဟစ်တောင်းပန်သွားခဲ့ကြောင်း၊ ယင်းနောက် လဲကျသေဆုံးသွားကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း(၆) နောင်ရိုးအထူးပြောက် ကျားတပ်-NYSGF၊ မြင်းခြံခရိုင် တပ်ရင်း( ၂) MGN Tiger၊ ဇာမဏီပြောက်ကျား တပ်ဖွဲ့၊ တပ်ရင်း(၃)Scorpion၊ Bagan Nyoung Oo PDF မဟာမိတ် ညီ နောင်၅ ဖွဲ့ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s