ယင်းမာပင်မြို့နယ်၌ စစ်တပ်လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အိမ်မွေး တိရစ္ဆာန်အချို့ သေ ဆုံး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျေးစာကျကျေးရွာမှာ စက်တင်ဘာ ၈ ရက် ညနေပိုင်းက  စစ်ကောင်စီတပ်ဖွဲ့ကပစ်ခတ်လိုက်တဲ့ လက် နက်ကြီးကျည်ထိမှန်ပြီး အိမ်မွေးဝက်တချို့ သေဆုံးခဲ့သလို ဒဏ်ရာရတဲ့ ဝက်တွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက ကြေးနီးနဲ့ တခြားပစ္စည်းများသယ်ယူစဥ်မှာ လမ်းလုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့က မုံရွာ-ပုသိမ် ကားလမ်းပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ရာ နေအိမ်ဝင်း အတွင်းက ဝက်ခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။ 

လက်နက်ကြီးကြောင့် မွေးမြူရေးဝက် ၂ ကောင်သေဆုံးခဲ့ရပြီး တခြားဝက် ၄ ကောင်မှာလည်း လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရခဲ့ကာ အဲဒီထဲက အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဝက်တွေ လည်းရှိသေးတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်တွေက မုံရွာ-ပုသိမ် ကားလမ်းမကြီးတလျှောက် စစ်ကောင်စီတပ်ဟာ  လုံခြုံရေး တာဝန်ထမ်းဆောင်ချိန် လက် နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အောင်ဇေယျကွက်သစ်(ဒေသခေါ် ရွှေတောင်ဦးကုန်း)နဲ့ ဝမ်ပေါင်ကုမ္ပဏီကြားမှာရှိတဲ့ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တွေက ဒေသခံ သောင်းချီ ထွက်ပြေးခဲ့ကြရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s