ဝက်လက်မြို့နယ် ကျေးရွာ ၃ ရွာကို စစ်ကောင် စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Black Wolf PDF ထံမှ သိရသည်။

ဝက်လက်မြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများ ဖြစ်သည့် မုဆိုးခြုံ၊ ယင်းမာကန်နှင့် ဖွတ်လှိုင်းကျေးရွာများက်ို ယမန်နေ့ စက်တင်ဘာလ ၉ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က Mi 35 ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“မနေ့က ညနေ ၃ နာရီ ၄၅ မိနစ်အချိန်မှာ စစ်တပ်က MI 35 ရဟတ်ယာဉ်နဲ့ ဝက်လက်မြောက်ခြမ်းက ကျေးရွာတွေကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်၊ သုံးကြိမ်လောက် ပစ်ခတ်သွားပြီးတော့ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်၊ မြေပြင်ကနေလည်း အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးတာတွေ ရှိခဲ့ပါတယ်” ဟု Black Wolf PDF မှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် မြေပြင်မှလည်း အင်အားအများအပြားဖြင့် ကျေးရွာများအတွင်း စစ်ကြောင်းထိုး ဝင်ရောက်မှုများ ရှိခဲ့သည်။

ထိုသို့ မြေပြင်တွင် စစ်ကြောင်းထိုးပြီး ချောင်းဆုံမြို့နယ်ဘက်မှ ပြန်လည်ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့များက လမ်းခုလတ်တွင် မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း Black Wolf PDF တာဝန်ရှိသူက ဆိုသည်။

“ချောင်းဆုံကနေ ပြန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကို တိုက်ခိုက်ဖို့ စောင့်နေတဲ့ အချိန်မှာ ဒီကောင်တွေက ကားပေါ်ကနေ ရမ်းသန်းပစ်ခတ်မှုတွေ လုပ်တဲ့အတွက် ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာပေးခဲ့ရတယ်၊ ဒါပေမယ့် စစ်ကောင်စီတပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်လိုက်ရာမှာ ကားနှစ်စီးကို ထိမှန်သွားတယ်၊ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး အထိအခိုက်အခြေအနေ အသေးစိတ်ကို မသိရကြောင်း Black Wolf PDF တာဝန်ရှိသူက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Wolf PDF နှင့် ရွှေဘိုခရိုင် တပ်ရင်း (၅)တပ်ခွဲ (၁)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခ်ိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကာ နောက်နောင် အပြစ်မဲ့ ပြည်သူများအား လာရောက်တိုက်ခိုက်လာပါက ယခုထက်ပိုမိုပြင်းထန်သော လက်စားချေ တိုက်ခိုက်မှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ တွင်လည်း စစ်ကောင်စီတပ်က ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်များအတွင်း စစ်ကြောင်းထိုး ဝင်ရောက်မှုများ ရှိနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင်လည်း ရွှေဘို ကျောက်မြောင်းလမ်းအတိုင်း ရွှေဘိုမြို့နယ်ဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီတပ် အိမ်စီးကား(ပရာဒိုကား)တစ်စီးကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အိမ် စီးကား ပျက်စီးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း Black Wolf PDF က သတင်းထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s