သမ္မတပူတင်နှင့် မြန်မာစစ်ခေါင်းဆောင် ၏ ပြောဆိုချက် အလိမ်အညာများသာဖြစ်ဟု မီဒီယာများ ဝေဖန်

ရုရှားသမ္မတပူတင်နဲ့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်တို့ရဲ့  ငြိမ်းချမ်းရေးကို လိုလားသယောင် ပြောဆိုချက်တွေဟာ အလိမ်အညာတွေသာဖြစ်တယ်လို့ နိုင်ငံတကာမီဒီယာတွေက ပြစ်တင် ဝေဖန်လိုက်ပါတယ်။

ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့မှာ ကျင်းပခဲ့တဲ့ (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်ရဲ့ ပူးတွဲပါအစီအစဉ်အဖြစ် ရုရှားသမ္မတ ပူတင်ဟာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် တက်ရောက်လာတဲ့နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်ပြောဆိုခဲ့တွေနဲ့ ပတ် သက်ပြီး Polygraph ဝက်ဘ်ဆိုက်မှာ ဝေဖန်ရေးသားထားတာပါ။ 

ပူတင်နဲ့ မင်းအောင်လှိုင်တို့ နှစ်ယောက်က ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို လိုလာကြောင်းပြောဆိုမှုတွေဟာ လိမ်ညာနေတဲ့ စကားတွေသာဖြစ်ပြီး သူတို့ကြောင့်သာ သက်ဆိုင်ရာ ပတ်ဝန်းကျင်တွေမှာ မတည်မငြိမ်နဲ့ ပဋိပက္ခတွေဖြစ်နေရလို့ Polygraph က ရေးပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့သလို ရုရှားကလည်း ယူကရိန်းမှာဆင်နွှဲနေတဲ့ စစ်ပွဲဟာ လူသားထုတစ်ရပ်လုံးအပေါ် ကျူး လွန်တဲ့ ပြစ်မှုမြောက်တယ်လို့လည်းဆိုပါတယ်။

အလားတူ The Diplomat မဂ္ဂဇင်းကလည်း   ပူတင်နဲ့ မင်းအောင်လှိုင်တို့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် နိုင်ငံတကာက သူတို့နဲ့ ပတ်သက်ဆက်ဆံမှု နည်းသထက်နည်းလာပြီး ကမ္ဘာ့မျက်နှာစာမှာ အထီးကျန်နေဖို့  ဦးတည်နေပြီလို့ ရေးပါတယ်။

သူတို့နှစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေဟာ လူသားထုတတရပ်လုံးအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေနဲ့အတူ ကမ္ဘာ့ကြီးတည်ငြိမ်အေးချမ်းရေးကို  ပျက်ပြားစေခဲ့တယ်လို့ နိုင်ငံတကာက ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

အရှေ့ဖျားစီးပွားရေးဖိုရမ်ဆွေးနွေးပွဲမှာတော့  ရုရှားအရှေ့ဖျားမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်ကြဖို့၊ အနောက်နိုင်ငံတွေကို တိုက်ခိုက်ဖို့ပြောရင်း တဖက်မှာလည်း ယူကရိန်းကို စစ်အင်အားသုံးတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ သမ္မတပူတင်က ခုခံချေပပြောဆိုခဲ့သလို မြန်မာစစ်ခေါင်း ဆောင်ကလည်း မြန်မာပြည်သူတွေအပေါ် စစ်အင်အားသုံး အနိုင်ကျင့်နေတာနဲ့ပတ်သက်လို့  ချေပပြောဆိုခဲ့ပါတယ်။

ရုရှားနိုင်ငံကို အကြိမ်ကြိမ်သွားရောက်ပြီးမှ ပထမဆုံးအကြိမ်အဖြစ်တွေ့ဆုံခွင့်ရခဲ့တဲ့ မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပူတင်ကို  ကမ္ဘာ့ခေါင်းဆောင်ကြီးလို့ အလွန်းအမင်းမြှောက်ပင့် ပြောဆိုခဲ့ကြောင်း နိုင်ငံတကာသတင်းတွေမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။ 

ပူတင်ဟာ ကမ္ဘာကြီးတည်ငြိမ်အောင် ထိန်းချုပ်ဆောင်ရွက်နေသူဖြစ်ပြီး အမေရိကန်ရဲ့ အတိုက်အခံဆောင်ရွက်ချက်တွေကို ပြန်လည်တိုက် ခိုက်ခဲ့ကာ မြန်မာနဲ့ ရုရှားကြားရင်းနှီးမှုကို တိုးတက်စေခဲ့တယ်လို့ မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

ရုရှားနဲ့ မြန်မာတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အမေရိကန်က ရှုတ်ချနေတာတွေဟာ ကမ္ဘာကြီးတည်ငြိမ်နေတာကို မလိုလားလိုသာဖြစ်တယ်လို့ မင်းအောင်လှိုင်ကပြောကြောင်း ရုရှားရဲ့ Sputnik သတင်းက ဆိုပါတယ်။

တနိုင်ငံတည်းက တကမ္ဘာလုံးကို လွှမ်းမိုးထားလို့မရတဲ့ ကမ္ဘာ့နိုင်ငံရေးမှာ ရုရှားရော မြန်မာပါ နှစ်နိုင်ငံလုံးက ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို လိုလားကြသူတွေဖြစ်ပါတယ်။ အာဆီယံကလည်း ဒီနေရာမှာအရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပြီး ကမ္ဘာပေါ်မှာ သူ့တနိုင်ငံတည်းရဲ့ ဩဇာနဲ့ လွှမ်းမိုးချယ်လှယ်လိုတဲ့ အမေရိကန်ကတော့ ဒါကို မကျေနပ်နိုင်ဖြစ်ပါတယ်လို့ မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

အမေရိကန်ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအမည်ခံကာ ဒီလိုဝင်ရောက်စွက်ဖက်မှုတွေကို ဆောင်ရွက်လေ့ရှိပြီး တကမ္ဘာလုံး ဒေါ်လာအပေါ်မှာမှီခိုနေရတဲ့ အဖြစ်မျိုးရောက်အောင် ဖန်တီးနေတယ် စစ်ခေါင်းဆောင်က ဝေဖန်သွားပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၅ ရက်ကတည်းက ရုရှားနိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပြီး အ ရှေ့ဖျားစီးပွားရေးဖိုရမ်တက်ရောက်တာအပြင် အထင်ကရနေရာတွေ၊ တက္ကသိုလ်တွေနဲ့ စက်ရုံတွေကို သွားရောက်လည်ပတ်မယ်လို့ စစ်ကောင် စီ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s