အင်းတော်တွင် စစ်ပြေး ၃ ဦးက PDF အ ယောင်ဆောင် ဓားပြတိုက်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နာရခေါင်ကျေးရွာရှိ နေအိမ်တအိမ်ကို စက်တင်ဘာ ၉ ရက် ည ၁ နာရီဝန်းကျင်လောက်မှာ ပုဆိုးခြုံထားသူ သုံးယောက်က  PDF လို့ ပြောဆိုကာ ဓားပြတိုက်သွားတယ်လို့ Indaw Revolution-IR အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ည ၁ နာရီ‌အချိန်‌လောက် ကျနော်တို့ အင်းတော်မြို့နယ် နားရခေါင်ရွာကနေ PDF ဆိုပြီး ဓားပြတိုက်သွားတာပါ အခု ၁၂ ခွဲလောက်ကျတော့ ထီးချိုင့်မှာ မိထားပြီလို့အကြောင်းကြားခဲ့တယ် သုံး ယောက်လုံး စစ်ပြေးတွေတဲ့ဗျ။ ဆိုင်ကယ် ၁ စီးနဲ့ ဖုန်း ၁ လုံးပါသွားတယ်။ ရိုက်နှက် ခံရတာတော့မရှိပါဘူး ” လို့ IR အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

PDF အယောင်ဆောင် ဓားပြတိုက်သူ စစ်ပြေး သုံးယောက်ဟာ အင်းတော်မြို့နယ် နဘားဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ ကသာတပ်ရင်း-၃၀၁ စစ်ကြောင်းက ဖြစ်တယ်လို့ဆိုပါတယ်။

သူတို့ကို ထီးချိုင့်မှာ ဖမ်းမိထားကာ အမည် ကိုယ်ပိုင်နံပါတ်တွေမသိရသေးပါဘူး။ ဓားပြတိုက်သူမှာ သေနတ်တော့ပါမလာပေမဲ့ အိမ်ရှင်တွေကကြောက်ပြီး ဆိုင်ကယ်နဲ့ ဖုန်းပေးလိုက်ရတယ်လို့ နီးစပ်သူထံက သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s