အင်းတော်-ထီးချိုင့်လမ်းပိုင်းတွင် စစ်ကောင်စီတပ်မှထွက်ပြေးလာသည့် တပ်သား ၃ ဦးကို PDF ဖမ်းဆီး

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ် နဘားကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် တပ်သားသုံးဦးအား အင်းတော်- ထီးချိုင့်လမ်းပိုင်းတွင် ဖမ်းဆီးရမိသည်ဟု Indaw Revolution – IR မှ ယမန်နေ့ စက်တင်ဘာ ၁၀ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၀ရက်နေ့ နံနက် ၁ နာရီဝန်းကျင်တွင် နာဘားကျေးရွာဘုန်းကြီးကျောင်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား သုံးဦးကို အင်းတော်မြို့နယ် ကျောင်းကုန်းရွာနှင့် ထီးချိုင့်ကြား လမ်းပိုင်းတစ်နေရာတွင် ယင်းနေ့ နေ့လယ် ၁၂နာရီ ၃၀ မိနစ်ခန့်က Indaw Revolution – IR နှင့် မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းကာ ဖမ်းဆီးထားခြင်း ဖြစ်သည်။

“နဘားကနေထွက်ပြေးတာ အဲ့တာ အင်းတော်မြို့နယ် ကျောင်းကုန်းနဲ့ ထီးချိုင့်ကြား လမ်းပိုင်းမှာ သွားမိတာဗျ ။ လက်နက်က မပါဘူးဗျ။ က သာ ခမရ (၃၀၁) တပ်ကပါ။ သူတို့က CDMဝင်မှာလို့ပြောတယ်။ အခုထိန်းသိမ်းထားတယ် ပြီးရင်အထက်ထိပို့မယ်” ဟု Indaw Revolution- IR မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးထားသည့် တပ်သားသုံးဦးမှာ ခမရ(၃၀၁) တပ်မှ ကိုယ်ပိုင်အမှတ် ( တတ/ ၅၆၈၈၁၈) တပ်သား အောင်လင်း၊ ခမရ-၃၀၁ တပ်မှ ကိုယ် ပိုင်အမှတ် ( တတ/ ၅၆၆၆၇၈) တပ်သား မင်းဌေးလှိုင် နှင့် ခမရ- ၃၀၁တပ်မှ ကိုယ်ပိုင်အမှတ် ( တတ/ ၁၂၆၃၁၀) တပ်သား မြင့်ဇော်ဦးတို့ဖြစ်သည်ဟု Indaw Revolution- IR မှ တာဝန်ရှိသူက ဆိုသည်။

တပ်သားအောင်လင်းသည် ပဲခူးတိုင်း သာယာဝတီမြို့နယ် ဇာတိဖြစ်ပြီး တပ်သား မင်းဌေးလှိုင်၏ ဇာတိမှာ စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်နှင့် တပ်သား မြင့်ဇော်ဦးမှာမူ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ဇာတိဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် ဖမ်းဆီးထားသည့် တပ်သားသုံးဦးကို ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ် ၊တပ်မဟာ (၉)မှ ထိန်းသိမ်းထားပြီး လုပ်ထုံးလုပ် နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မဟာ(၉) တာဝန်ရှိသူထံက သိရသည်။

အဆိုပါ ဖမ်းဆီးထားသည့်တပ်သား သုံးဦးသည် အင်းတော်မြို့နယ် နားရခေါင်ရွာတွင် ပုဆိုးခြုံပြီး ၎င်းတို့ကိုယ်တိုင် PDF ဟုဆိုကာ ပြည်သူတစ် ဦးထံမှ ဆိုင်ကယ်တစ်စီးနှင့် ဖုန်းတစ်လုံးကို ဓားပြတိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Indaw Revolution – IR အနေဖြင့် စစ်တပ်ထဲမှ ပြည်သူ့ရင်ခွင် ခိုလှုံလိုသူများကို နွေးထွေးစွာကြိုဆိုပြီး ကောင်းကောင်းမွန်မွန်ထားရှိမည်ဟုလည်း အသိပေးထားသည်။mizima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s