Monthly Archives: Sep 2022

လောင်းလုံးတွင် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာအနီး ထားဝယ်-လောင်းလုံး ကားလမ်းမပေါ်မှာ ဒီကနေ့ စက်တင်ဘာ ၁၂ ရက်၊ နေ့လယ် ၁၂ နာရီလောက်က ပျူစောထီးအဖွဲ့ဝင်တွေ စီးနင်းလာတဲ့ကား ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပန္ဒလဲကျေးရွာမှာ စခန်းချနေထိုင်တဲ့ ပျူစောထီးအဖွဲ့က အဖွဲ့ဝင် ၄ ဦးခန့်ဟာ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးကို သွားပြီးအပြန်မှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုခံရတာဖြစ်ပြီး ၂ ဦးကတော့ ပစ်ခံရတဲ့နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဘယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ လုပ်ဆောင်ခဲ့လဲဆိုတာကိုတော့ မသိရသေးပါဘူး။

အခုလိုတိုက်ခိုက်ခံရပြီး မိနစ် ၂၀ လောက်အကြာမှာတော့ ပစ်ခတ်ခံရတဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို အရေးပေါ်လူနာတင်ကား ၄ စီးနဲ့ လာရောက် သယ်ယူသွားပြီး ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိနစ် ၄၀ လောက် အကြာမှာတော့ ထားဝယ်မြို့ဘက်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ကျော် ကားငယ် ၄ စီးနဲ့ ပန္ဒလဲကျေး ရွာကို ရောက်ရှိလာပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးတာ၊ ဖြတ်သန်းသွားလာခွင့် မပေးတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း ရွာခံတွေက ပြောပါတယ်။

အခုတိုက်ခိုက်ခံရတဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်ညက ပန္ဒလဲကျေးရွာအတွင်း ကျေးရွာရပ်မိရပ်ဖ ၃ ဦးကို နေအိမ်တွေအထဲထိဝင်ရောက် ပစ်ခတ်တာကြောင့် ၂ ဦးသေဆုံးခဲ့ပါတယ်။ 

ဒါ့အပြင် မေလ ၃ ရက်၊ နံနက် ၂နာရီခန့်မှာလည်း အသက် ၃၀ ခန့်ရှိ ပန္ဒလဲကျေးရွာသား ကိုသားကြီး ဆိုသူကို ထားဝယ်-လောင်းလုံးကားလမ်း မပေါ်မှာ လက်ပြန်ကြိုးတုပ် ပစ်ခတ်သတ်ဖြတ်ခဲ့ကြတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ထားဝယ်မြို့ကနေ ၇ မိုင်ခန့်အကွာ ပန္ဒလဲကျေးရွာမှာ စခန်းချနေထိုင်တဲ့ အဲဒီပျူစောထီးအဖွဲ့ဝင် ၁၅ ဦးခန့်ရဲ့ ရမ်းကားမှုကြောင့် အခုနှစ် မေလ အစောပိုင်းကတည်းက ပန္ဒလဲကျေးရွာ တရွာလုံးနီးပါ နေအိမ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး အခု စင်တင်ဘာလအထိ ကျေးရွာအတွင်း ပြန်လာနေထိုင်တဲ့ မိသားစု ၂၀ ဝန်းကျင်သာ ရှိတယ်လို့လည်း သိရပါတယ်။ DVB

လိုအပ်သည့် လက်နက်များ၀ယ်ယူနိုင်ရန် အ ဖွားဖြစ်သူ၏ ရှေးဟောင်းနားကပ်ကို ကံစမ်းမဲလက်မှတ် ရောင်းချမည်

လိုအပ်သည့် လက်နက်များ၀ယ်ယူနိုင်ရန် အဖွားဖြစ်သူ၏ ရှေးဟောင်းနားကပ်တစ်ရန်ကို ကံစမ်းမဲ လက်မှတ် ရောင်းချမည်ဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်း (၇၁၀)၊ တပ်မဟာ (၇)က သတင်းထုတ်ပြန်သည်။

တပ်ရင်း (၇၁၀) ၊တပ်ခွဲ (၁)ခေါင်းဆောင်၏ အဖွားဖြစ်သူက မြေးဖြစ်သူအတွက် လိုအပ်သည့် လက်နက်များ ၀ယ်ယူနိုင်ရန် ရှေးဟောင်းနားကပ်တရန်ကို မေတ္တာဖြင့်ပေးခဲ့ခြင်း ဖြစ်သည်။

“သေနတ်၀ယ်ပေးဖို့တော့ မတတ်နိုင်ဘူး။ နားကပ်လေးတော့ယူသွား။ ရသလောက်နဲ့ ၀ယ်ပါလို့ အဖွားက ပြောလိုက်တယ်။ ဒီနားကပ်ရောင်းရင်လည်း လိုအပ်တဲ့ သေနတ်တစ်လက်ကိုတော့ မ၀ယ်နိုင်ပါဘူး။ ဒါပေမဲ့ အများစုပေါင်းပြီး နားကပ်ကို ၀ယ်ခဲ့မယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် မဲလက်မှတ်ရောင်းချတာ” ဟု တပ်ခွဲမှူး ဘလက်က ပြောသည်။

တပ်မဟာ (၇)၊ တပ်ရင်း (၇၁၀)၏ သတင်းထုတ်ပြန်ချက်တွင် ‘Blackရဲ့ အဖွားက သူ့ရဲ့နားကပ်လေးကို မေတ္တာနဲ့ပေးထားပါတယ်။ နားကပ်လေးတစ်ရံနဲ့ ခေတ်မီလက်နက်တွေ တပ်ဆင်ဖို့ မဖြစ်နိုင်ပေမယ့် ပြည်သူတွေ ပါဝင်ရင်တော့ အကောင်အထည်ဖော်နိုင်မှာပါ။ ဒါကြောင့် ကိုယ်ကျိုးအတွက် မဟုတ်ဘဲ အဖွဲ့အတွက် စဉ်းစားပေးတဲ့ Black ရဲ့ဆန္ဒပြည့်ဖို့ အဖွားရဲ့မေတ္တာနားကပ်လေးကို ကံစမ်းမဲလက်မှတ်ရောင်းပြီး ဖြည့်ဆည်း ကြရအောင်ပါ’ဟု ဖော်ပြထားသည်။

ကံစမ်းမဲလက်မှတ် တစ်စောင်လျှင် ထိုင်းဘတ် ၂၀၀ ၊ စင်ကာပူ နိုင်ငံအနေဖြင့် စင်ကာပူ ငါးဒေါ်လာ၊ မြန်မာနိုင်ငံအတွက် ကျပ် တစ်သောင်း အသီးသီးသတ်မှတ်ကာ စက်တင်ဘာလ၂၁ ရက်အထိ ၀ယ်ယူနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဲလက်မှတ်ဝယ်ယူလိုသူများအနေဖြင့် https://www.facebook.com/100568282713190/posts/131799812923370/ တွင်ဝယ်ယူနိုင်ကြောင်း သိရသည်။ mizzima

ဝမ်းတွင်းမြို့နယ် တဲစုရွာတွင် အမျိုးသားတဦး ပစ်သတ်ခံရ

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်၊ တဲစုရွာက ပျူစောထီးတယောက်ကို ဒီနေ့ စက်တင်ဘာ ၁၂ ရက်မနက်က ရှင်းလင်းခဲ့တယ်လို့ ဒေသခံ တော် လှန်ရေးတပ်ဖွဲ့က ဆိုပါတယ်။

ဒေသခံတယောက်က “ဟုတ်ပါတယ်။ ဒီနေ့မနက်ပဲ  လယ်ကွင်းထဲမှာ ပစ်သတ်ခံရတာပါ။ တဲစုရွာက ဦးမင်းဌေး ခေါင်းကိုကျည်ထိပြီး နေရာတင် သေဆုံးသွားတာ သိရတယ်” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု Wundwin Township Revolution Force-WTRF)ကတော့ ပျူသင်တန်းဆင်းထားသူ တဲစုရွာက ပျူအကြီးစား မင်းဌေးဟာ စကစ နဲ့ ပေါင်းပြီး  ပြည်သူတွေကိုဒုက္ခမျိုးစုံပေးနေတာကြောင့် မနက် ၉ နာရီလောက်မှာ သုတ်သင် ရှင်းလင်းခဲ့တယ် လို့ လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။ DVB

ရွှေနှင့်ဒေါ်လာဈေးနှုန်းများ အတက်ဘက်တွင်သာ တည်ငြိမ်နေပြီး အရောင်းအဝယ်မဖြစ်ဟုဆို

ပြည်တွင်းရှိ အခေါက်ရွှေနှင့် ဒေါ်လာဈေးနှုန်းများမှာ ဩဂုတ်လနောက်ဆုံးပတ်မှစ၍ အတက်ဘက်တွင်သာ တည်ငြိမ်နေပြီး အရောင်းအဝယ်မဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဩဂုတ်လ ၃၁ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း သုံးဆယ်ဝန်းကျင်နှင့် အမေရိကန်တစ်ဒေါ်လာလျှင် ၃,၃၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ယနေ့ စက်တင်ဘာလ၁၂ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်သိန်း သုံးဆယ်ရှစ်သောင်းဝန်းကျင်နှင့် အမေရိကန်တစ်ဒေါ်လာလျှင် ၃,၅၀၀ ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်ကြကြောင်း ပြင်ပရွှေနှင့်ဒေါ်လာဈေးကွက်များအတွင်းမှ စုံစမ်းသိရှိရသည်။

“ရွှေဈေးရော ဒေါ်လာဈေးရော ဒီဈေးနဲ့တည်ငြိမ်နေတာ တစ်ပါတ်ကျော်ပြီ။ ဒီမတိုင်ခင်ကတော့ ရွှေတစ်ကျပ်သား ၃၅သိန်းနဲ့ တစ်ဒေါ်လာ ၄,၀ ၀၀ ကျပ်အထိ ဈေးကွက်ထဲမှာမြင့်တက်ခဲ့တယ်။ လက်ရှိတော့ အရင်ကနဲ့စာရင် ဈေးတက်နေတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အ တက် ဈေးမှာပဲငြိမ်နေတယ်” ဟု ရွှေနှင့်ဒေါ်လာအရောင်းအဝယ်ပြုလုပ်သူ မဇ္ဈိမ​၏ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

ထို့အပြင် လက်ရှိ ပြင်ပရွှေနှင့်ဒေါ်လာစျေးကွက်တွင် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး အရောင်းအဝယ် မဖြစ်သလောက်နည်းပါးကြောင်းလည်း ၎င်းကပြောသည်။

“လူတွေက ဈေးကျရင် ပြေးဝယ်ကြတယ်၊ ဈေးတက်ရင် ပြန်ရောင်းကြတယ်။ ဒါတွေကြောင့် ဈေးမတည်ငြိမ်တာတွေဖြစ်လာတယ်။ လက်ရှိမှာ အတက်ဈေးဖြစ်နေတော့ ဝယ်ထားတဲ့သူတွေကပြန်ရောင်းမယ်ဆိုရင်လည်း ပြန်ဝယ်မယ့်သူဆိုတာမရှိသလောက်ပဲ” ဟု ၎င်းကဆိုသည်။

အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာလျှင် ရည်ညွှန်းဈေး ၂,၁၀၀ ကျပ် သတ်မှတ်ထားသော်လည်း အဆိုပါဈေးနှုန်းဖြင့် ပြင်ပဒေါ်လာဈေးကွက်တွင် အရောင်းအဝယ် မဖြစ်သကဲ့သို့ ဗဟိုဘဏ်ဘက်မှလည်း အဆိုပါဈေးနှုန်းဖြင့် လိုအပ်သည့်အရေအတွက် ရောင်းချပေးခြင်းမရှိဟု သိရသည်။

အလားတူ ရွှေဈေးနှုန်းဘက်တွင်လည်း စစ်ကောင်စီက ရွှေလုပ်ငန်းရှင်များအသင်း​၏ ဈေးနှုန်းအတိုင်းသာ ရောင်းချရန် ရွှေလုပ်ငန်းရှင်များအား ညွှန်ကြားထားသော်လည်း အဆိုပါဈေးနှုန်းများဖြင့် ရောင်းချခြင်းမရှိကြောင်း စုံစမ်းသိရှိရသည်။ mizzima

ပေါက်မြို့တွင် အမျိုးသားတဦးနှင့် အမျိုးသမီးတဦးကို စစ်ကောင်စီက PDF ဟု စွပ်စွဲဖမ်းဆီး

မကွေးတိုင်း၊ ပေါက်မြို့မှာ စင်တင်ဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို စစ်ကောင်စီတပ်က PDF လို့စွပ်စွဲပြီးဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်မြို့ အောင်တံခွန်ရပ်ကွက်မှာ မနေ့ နေ့လယ်က စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းအဖွဲ့တွေက ကိုကျော်ရဲထွေးနဲ့ မမေဇင်ထွေး(ခ)ဝိုင်းချစ်တို့ကို PDF သင်တန်းဆင်းလို့ စွပ်စွဲပြီးဖမ်းဆီးသွားကြတာလို့ ပေါက်မြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့ ၂ ယောက်ကိုတော့ ပေါက်မြို့ မရဲစခန်း စစ်ကြောရေးကို ခေါ်သွားကြတယ်။ သေချာတာကတော့ မတရား ညှဉ်းပန်းနှိပ်စက်တာခံရတော့မှာပါ။ ပေါက်မြို့မှာ မြို့ခံပြည်သူတွေအပါဝင် ခရီးသွားပြည်သူတွေကို စစ်(…)တွေက နေ့စဉ်နဲ့အမျှ မတရားဖမ်းဆီးနေကြတာ” လို့ ဆိုပါတယ်။ 

“အဆိုးဆုံးကတော့ သရက်တောဂိတ်ပဲဗျ။ အဲဒီဂိတ်ကတော့ ယောဒေသကို သွားတဲ့ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ကားတွေကို စစ်ဆေးနေပြီး ကားသမားတွေဆီက ငွေကြေးတောင်းခံတာတွေ မတရားဖမ်ဆီးပြီး ငွေညှစ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်” လို့လည်း ဆိုပါတယ်။ 

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၉ ရက်နေ့အထိ နိုင်ငံတဝှမ်း  မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၂၃၄၀ ယောက်ရှိပြီး အဲဒီထဲက ၁၄၄၈ ယောက်ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ DVB

တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂၀,၁၅၀ ကျော်ကျရှုံးခဲ့ဟုဆို

ပြည်သူ့ခုံခံတော်လှန်စစ် တစ်နှစ်တာကာလအတွင်း စစ်ကောင်စီဘက်မှ တစ်နေ့လျှင်စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးခဲ့ကြောင်း NUG ၏ ယာယီသမ္မတကြီး ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် တရားဝင်ပြောကြားခဲ့သည်။

ယာယီသမ္မတကြီး၏ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့တွင် ပြောကြားသည့်မိန့်ခွန်းအရ စစ်ကောင်စီတပ်သား စုစုပေါင်း ၂၀,၁၅၀ ကျော်ကျရှုံးခဲ့ပြီဖြစ်ကြောင်း ဆိုသည်။

” ကန်တော့နိုင်တဲ့သူ၊ ဖားနိုင်တဲ့သူတွေက ခေါင်းဆောင်ဖြစ်လာတာ။ တိုက်ခိုက်တဲ့ စွမ်းရည်နဲ့ ခေါင်းဆောင်ဖြစ်တာ မဟုတ်ဘူး၊ တပ်ကို ဘယ် လိုစီမံရမလဲတောင် သေချာမသိတာတွေ ရှိကြတယ်။ ဒါကြောင့်လည်း တကယ်တိုက်တဲ့အချိန်မှာ အတုံးအရုံးသေကြတာပေါ့”ဟု စစ်ကောင်စီထံမှထွက်ခွာလာပြီး CDM ပြုလုပ်ခဲ့သူ ဗိုလ်မှူးတစ်ဦးက သုံးသပ်ပြောသည်။

ပြီးခဲ့သည့်နှစ် မေလအတွင်းမှစ၍ စကစ အနေဖြင့် ယခင်ရှိပြီးသား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပြင် ထပ်မံပေါ်ပေါက်လာသည့် တော် လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံအနှံ့တွင် စစ်မျက်နှာများ ဖွင့်လှစ်ထားရသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်၏ တိုက်ခိုက်မှုစွမ်းရည်မှာ သိသိသာသာ ကျဆင်းလာကြောင်းလည်း CDM ပြုလုပ်လာသည့် စစ်သားများက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ၊ ခမရ (၁၀၂) မှ ဗိုလ်ကြီးတစ်ဦးပါဝင်သော စစ်သား ခြောက်ဦးသည် လက်နက်ပို့ဆောင်ရာတွင် ပို့ဆောင်ရမည့်ဒေသကို ကျော်လွန်သွားပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်နှင့်တိုးကာ ဖမ်းဆီးခံလိုက်ရသည်၊

အဆိုပါဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့် စစ်ဗိုလ်များသည် မြေပုံအညွှန်းကြည့်ရှုရန်ပင် အရည်အချင်း မပြည့်မီတော့ကြောင်း CDM ဗိုလ်မှူးက မှတ်ချက်ပြုသည်။

ထို့ကြောင့် လေ့ကျင့်ချိန်တစ်နှစ်နီးပါးသာရှိနေသည့် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ခိုက်ရာတွင် အရေးမသာသဖြင့် ကျေးရွာများကို မီးရှို့ခြင်း၊ လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်းများကို ပြုလုပ်နေကြရကြောင်း ဆိုသည်။

“ PDF တွေရော၊ EAOs တွေရော၊ UG တွေရော တက်ညီလက်ညီနဲ့ တစ်ပြိုင်တည်းချမယ်ဆိုရင် ကျနော်တို့ပြောနေတဲ့ စစ်တပ်က အမြစ်ပြတ်တော့မယ့် အချိန်ကလည်း နီးလာပြီလို့ သေသေချာချာ ပြောရဲပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်ကလည်း ဆိုသည်။

ထို့အပြင် စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် စစ်သားသေဆုံးမှုများပြားခြင်း၊ CDM ပြုလုပ်သည့်စစ်သားများနှင့် စစ်တပ်မှထွက် ပြေးသူများပြားလာသဖြင့် စစ်ကောင်စီတပ်သည် အင်အားပြုန်းတီးမှုများကို နေ့စဉ်ကြုံတွေ့နေသည့်အပြင် လူသစ်စုဆောင်းရန် ခက်ခဲမှုများလည်း ရှိလာနေကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တော်လှန်ရေးအဖွဲ့များသည် စစ်ကောင်စီကို စစ်ကိုင်း၊ မကွေး၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်နီပြည်နယ်တို့တွင် ပြောက်ကျားစနစ်များ၊ ထိတွေ့တိုက်ပွဲများဖြင့် ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေကြသည်။ mizzima

တရုတ်ငွေတန်ဖိုး နှစ်ဆနီးပါးတက်လာ၍ တ ရုတ်ပစ္စည်းသွင်းလုပ်ငန်းငယ်များ ရပ်နားထားရ

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ယွမ်ငွေ တန်ဖိုးက နှစ်ဆနီးပါး ဈေးမာလာတဲ့အတွက် တရုတ်ကုန်ပစ္စည်းကို အားပြုနေတဲ့ လုပ်ငန်းငယ်တွေ အကုန်လုံး ရပ်နားထားရတယ်လို့ ဝယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုမှာ တရုတ်ယွမ်ငွေကိုသာ အဓိက အားပြုနေရတာပါ။ ဒါပေမဲ့ တရုတ်ယွမ်ငွေတန်ဖိုးက ပြီးခဲ့တဲ့ ဇူ လိုင် တတိယ ရက်သတ္တပတ်ကစလို့ တောက်လျှောက်တက်လာခဲ့ပြီး လက်ရှိမှာတော့ နှစ်ဆနီးနီး မြင့်တက်လာတာကြောင့် တရုတ်ကုန် ပစ္စည်းကို အားပြုနေတဲ့ လုပ်ငန်းငယ်တွေ အကုန်လုံးဟာ ရပ်ဆိုင်းနေရပါတယ်။

တရုတ်ကုန်ပစ္စည်းတွေကို နယ်စပ်ကတဆင့် မှာယူတင်သွင်းနေတဲ့ လုပ်ငန်းရှင်တယောက်က “အခု ဒီငွေဈေးအတက်အကျ ကြမ်းပုံနဲ့က ဘယ် လိုမှလုပ်လို့ မရတော့ဘူး။ ကျနော့်ဆီမှာ ပစ္စည်းတွေမှာယူပြီးတော့ သွင်းခိုင်းနေတဲ့ အွန်လိုင်းရှော့ပင်း အသေးစားလေးတွေဆိုရင် အကုန်လုံး နားလိုက်ရပြီ။ သယ်ယူပြီး ပြန်ရောင်းချဖို့ကလည်း ဈေးနှုန်းက ဘယ်လိုမှ ရောင်းချလို့မရတဲ့ ဈေးဖြစ်နေတာလေ။ လုပ်ငန်းအသေးလေးတွေအပြင် လုပ်ငန်းကြီးလုပ်နေကြတဲ့ ကုန်သည်ကြီးတွေ ဆိုင်သမားကြီးတွေ ဆိုရင်လည်း အခုက ခဏရပ်ထားကြပြီး စောင့်ကြည့်နေရကြတဲ့ အ ခြေအနေကို ရောက်နေတာ။ ဒါပေမဲ့ မဖြစ်မနေ အရှုံးခံပြီး ဝယ်နေရတဲ့ သူတွေတော့ အနည်းအကျဉ်းပဲ ရှိပါသေးတယ်။ ဘယ်လိုလူတွေလဲဆိုရင် ရောင်းသမားတယောက်က ဆိုင်မှာ ပစ္စည်းမရှိတော့ဘူးဆိုရင် သူ့ဆိုင်က ဖောက်သည်က ရှိတဲ့ ဆိုင်ဆီ ရောက်သွားမှာလေ။ ဒါကြောင့် သူတို့ဆိုရင် အရှုံးခံပြီး ဝယ်နေရတာမျိုးတွေ ရှိတယ်။ ဒါက လက်ရှိ ကြုံတွေ့နေရတဲ့ ကမောက်ကမ အခြေအနေပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တရုတ်ယွမ်ငွေတန်ဖိုး အခုလို ဈေးမာလာပေမဲ့ မြန်မာပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ တွက်ခြေကိုက်တဲ့ အနေအထားမျိုး မရှိဘူးလို့ ကုန်သည်တွေက ဆိုပါတယ်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တယောက်က “တွက်ခြေကိုက်သလားဆိုတော့ ကျနော်တို့လဲ တွက်ခြေမကိုက်ဘူးဗျ။ ဘာလို့လဲဆို သူတို့ ယွမ်ငွေကို ဈေးအမြင့်ကြီးနဲ့ ဒီဘက်က ပြန်ဝယ်နေရတာ။ ကျနော်ဆိုရင် ပြီးခဲ့တဲ့လက ငွေဈေး ရှုံးတယ်။ ဘာလို့ရှုံးလဲဆို ဒီဘက်က မြန်မာငွေနဲ့လက်ခံပြီး တရုတ်ငွေ ယွမ် ပြန်လဲတဲ့အခါ ငွေလဲနှုန်းက ဆောင့်တက်လိုက်တော့ ကျနော် ငွေလဲနှုန်းတွေ ရှုံးသွားရတယ်။ ဒါပေမဲ့ တွက်ခြေကိုက်တဲ့သူ ရှိတော့ ရှိတယ်။ ဘယ်လိုလူတွေလဲဆိုရင် မြန်မာငွေပေး၊ တရုတ် ယွမ်ယူ ငွေလဲလုပ်ငန်း လုပ်နေတဲ့သူတွေပဲ တွက်ခြေကိုက်ကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။  

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ယွမ်တန်ဖိုးက ကြိုက်ရောင်းကြိုက်ဝယ် ပုံစံနဲ့ပဲ အရောင်းအဝယ်ရှိနေတယ်လို့ ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူ တယောက်ကလည်း အခုလိုပြောပါတယ်။ 

“အခု ဒီနေ့ဆိုရင် ယွမ်ဈေးက ကြိုက်ရောင်းကြိုက်ဝယ် ပုံစံဖြစ်နေတယ်။ တချို့က တရုတ်ငွေ ၁ ယွမ်ကို မြန်မာငွေ ကျပ် ၄၈၀ နဲ့ ၄၉၀ ခေါ်တယ်။ တချို့လည်း ၅၁၀ နဲ့ ၅၂၀ ကျပ်အထိ ခေါ်တာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လ နဲ့ ဇူလိုင်လတွေမှာ မြန်မာငွေ ၁ သိန်းကို တရုတ်ငွေ ယွမ် ၄၀၀ နီပါး ရတယ်။ အခုတော့ မြန်မာငွေ ၁ သိန်းကို တရုတ်ငွေ ယွမ် ၁၉၀ နဲ့ ၂၀၀ အကြားပဲ ရတော့တယ်။ အဲဒီတော့ လပိုင်းအတွင်းမှာ ၂ ဆလောက်အထိ မြန်မာငွေတန်ဖိုးက ထိုးကျသွားတာ။ ဒါက ကျနော်တို့ လုပ်ခဲ့တဲ့ သက်တမ်းတလျှောက်မှာဆိုရင် စံချိန်တင်ပဲ။ အရင်ကဆိုရင် ၁ နှစ်လောက်နေမှ အလွန်ဆုံး ၁၀ နဲ့ ၂၀ ကြားပဲ တက်ခဲ့တာ။ အခုတော့ ၁ လ ၊ ၂လ အတွင်းမှာ အဆနဲ့ ခုန်တက်သွားတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။ DVB

စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်း ဒရုန်းဖြင့် ဗုံးပစ်ခံရ၍ ၃ဦးသေဆုံး ၂ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာက ညောင်ပင်ဝန်းရဲစခန်းဝင်း(တန်းစီကွင်း) အရိပ်အောက်တွင် ထိုင်ကာ အနားယူနေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးတို့ကို ဒေသခံကာကွယ်ရေးတပ်က ဒရုန်းဖြင့် ဗုံးပစ်ခဲ့ရာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဒဏ်ရာရှိခဲ့သည့် သုံးဦးကို ဆေးရုံသို့ပို့ဆောင်ရန် ရဲတပ်သားနှစ်ဦးက ကားပေါ်သို့ တင်နေချိန် ထပ်မံ၍ ဒရုန်းဖြင့် ဗုံးပစ်ခဲ့ရာ ပထမ ဒဏ်ရာရရှိနေသည့် သုံးဦး သေဆုံးပြီး ဒဏ်ရာရသူများကို ကားပေါ်သို့တင်ပေးသည့် ရဲတပ်သားနှစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

“နေ့လယ်ပိုင်းရောက်ရင် တန်းစီကွင်းထဲက အပင်တွေအောက်မှာ ကုလားထိုင်ချပြီး ထိုင်နေကြတာ၊ ပထမတစ်ခါက ဒဏ်ရာပဲရတာ ၊ ဒုတိယတစ်ခါကျ ကားပေါ်တင် သေသွားကြတာ ၊ ဒေသခံတွေက ပြန်ပြောတာပါ။ သူတို့က ကားနဲ့သွားမရတော့ ရွာရဲ့အရှေ့ဘက်က ရွာသစ်ကြီးက အသင်းကား ခေါ်ပြီး စစ်ကိုင်းမြို့ ဆေးရုံကို ပို့လိုက်ကြတယ်“ ဟု ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် Knight Commanders တပ်ဖွဲ့မှ ဘယ်သန်ကြီးက မဇ္စျိမကို ပြောသည်။

အဆိုပါ ညောင်ပင်ဝန်းရဲစခန်းတွင် စစ်ကောင်စီ တပ်သားနှင့် ရဲတပ်ဖွဲ့ဝင် အင်အား အယောက်၂၀ ကျော်ရှိပြီး ကျေးရွာအဝင်ရှိ မူးမြစ်ကူးတံ တား(ညောင်ပင်ဝန်းတံတား)ပေါ်တွင် ဖြတ်သန်းသွားလာနေကြသည့် ပြည်သူများကို အဓမ္မ ငွေကြေးတောင်းခံမှုများ လုပ်ဆောင်ကြသည်ဟု ဒေသခံများက ပြောသည်။

တိုက်ခိုက်မှု ဖြစ်စဥ်ကို စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ဒေသခံကာကွယ်ရေးတပ် Knight Commander ၊ Black Dragon (Special Tesk Force) နှင့် တိုက်နယ်စွန် (PDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ဘယ်သန်ကြီးက “ လက်လုပ်ဗုံးပါပဲ၊ ပြင်းအားပြင်းတယ်၊ M9 ထက် Damage သာပါတယ် “ ဟု ထပ်မံရှင်းပြသည်။

Knight Commander အနေဖြင့် ယခုအကြိမ်အပါ အဝင် ဒရုန်းဖြင့် တိုက်ခိုက်မှု လေးကြိမ်အထိ လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပြည်သူများအနေဖြင့် ဒေသခံ(Local) တပ်ဖွဲ့များကို ဝိုင်းဝန်းထောက်ပံ့ပေးကြရန်နှင့် ယခုကဲ့သို့ အလုပ်များများလုပ်ဆောင်နိုင်ရန်အတွက် ကုန်ကျစရိတ်များသောကြောင့် ကူညီပေးကြရန်ကိုလည်း တောင်းဆိုထားသည်။mizzima

မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်သားအပြည့်ပါယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာ နှင့် အလ္လကပ္ပကျေးရွာ ကြားမှာ ဒီနေ့ စက်တင်ဘာ ၁၂ ရက် နေ့လယ် ၂ နာရီကျော်က မုံရွာ က နေ စစ်ကိုင်းဘက်ကိုသွားတဲ့ စစ်ကောင်စီတပ်သားအပြည့်ပါ ကွန်တိန်နာယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဟာ ကွန်တိန်နာ ၄ စီးနဲ့ မုံရွာ နမခ ကနေ စစ်ကိုင်းဘက်ကို သွားတာဖြစ်ပြီး ၂ စီးမြောက်ကို ပဒေသာမိုင်း ၆ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အာဏာရှင်စနစ် တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) က ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုကို People’s Army To Fight Dictatorship (PAFD).တပ်ခွဲDK PDF(MMU)၊ People’s knight Defense Force Myinmu (PKDF-MMU) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU မဟာမိတ်အဖွဲ့တို့ စုပေါင်းလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်သား အသေအပျောက်ရှိနိုင်တယ်လို့ သိရပါတယ်။

မိုင်းခွဲတိုက်ခိုက်အပြီးမှာ စစ်ကောင်စီတပ်များက အပြင်းအထန် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြင်းမူမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ လှည့်ပတ်နေတယ်လို့ သိရပါတယ်။ DVB

« Older Entries