စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်း ဒရုန်းဖြင့် ဗုံးပစ်ခံရ၍ ၃ဦးသေဆုံး ၂ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာက ညောင်ပင်ဝန်းရဲစခန်းဝင်း(တန်းစီကွင်း) အရိပ်အောက်တွင် ထိုင်ကာ အနားယူနေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးတို့ကို ဒေသခံကာကွယ်ရေးတပ်က ဒရုန်းဖြင့် ဗုံးပစ်ခဲ့ရာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဒဏ်ရာရှိခဲ့သည့် သုံးဦးကို ဆေးရုံသို့ပို့ဆောင်ရန် ရဲတပ်သားနှစ်ဦးက ကားပေါ်သို့ တင်နေချိန် ထပ်မံ၍ ဒရုန်းဖြင့် ဗုံးပစ်ခဲ့ရာ ပထမ ဒဏ်ရာရရှိနေသည့် သုံးဦး သေဆုံးပြီး ဒဏ်ရာရသူများကို ကားပေါ်သို့တင်ပေးသည့် ရဲတပ်သားနှစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

“နေ့လယ်ပိုင်းရောက်ရင် တန်းစီကွင်းထဲက အပင်တွေအောက်မှာ ကုလားထိုင်ချပြီး ထိုင်နေကြတာ၊ ပထမတစ်ခါက ဒဏ်ရာပဲရတာ ၊ ဒုတိယတစ်ခါကျ ကားပေါ်တင် သေသွားကြတာ ၊ ဒေသခံတွေက ပြန်ပြောတာပါ။ သူတို့က ကားနဲ့သွားမရတော့ ရွာရဲ့အရှေ့ဘက်က ရွာသစ်ကြီးက အသင်းကား ခေါ်ပြီး စစ်ကိုင်းမြို့ ဆေးရုံကို ပို့လိုက်ကြတယ်“ ဟု ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် Knight Commanders တပ်ဖွဲ့မှ ဘယ်သန်ကြီးက မဇ္စျိမကို ပြောသည်။

အဆိုပါ ညောင်ပင်ဝန်းရဲစခန်းတွင် စစ်ကောင်စီ တပ်သားနှင့် ရဲတပ်ဖွဲ့ဝင် အင်အား အယောက်၂၀ ကျော်ရှိပြီး ကျေးရွာအဝင်ရှိ မူးမြစ်ကူးတံ တား(ညောင်ပင်ဝန်းတံတား)ပေါ်တွင် ဖြတ်သန်းသွားလာနေကြသည့် ပြည်သူများကို အဓမ္မ ငွေကြေးတောင်းခံမှုများ လုပ်ဆောင်ကြသည်ဟု ဒေသခံများက ပြောသည်။

တိုက်ခိုက်မှု ဖြစ်စဥ်ကို စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ဒေသခံကာကွယ်ရေးတပ် Knight Commander ၊ Black Dragon (Special Tesk Force) နှင့် တိုက်နယ်စွန် (PDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ဘယ်သန်ကြီးက “ လက်လုပ်ဗုံးပါပဲ၊ ပြင်းအားပြင်းတယ်၊ M9 ထက် Damage သာပါတယ် “ ဟု ထပ်မံရှင်းပြသည်။

Knight Commander အနေဖြင့် ယခုအကြိမ်အပါ အဝင် ဒရုန်းဖြင့် တိုက်ခိုက်မှု လေးကြိမ်အထိ လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပြည်သူများအနေဖြင့် ဒေသခံ(Local) တပ်ဖွဲ့များကို ဝိုင်းဝန်းထောက်ပံ့ပေးကြရန်နှင့် ယခုကဲ့သို့ အလုပ်များများလုပ်ဆောင်နိုင်ရန်အတွက် ကုန်ကျစရိတ်များသောကြောင့် ကူညီပေးကြရန်ကိုလည်း တောင်းဆိုထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s