တကောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ် ၂စီး မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၂ ဦးသေဆုံးဟုဆို

မန္တလေးတိုင်း ၊တကောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း တကောင်း PDF တပ်ဖွဲ့ဝင်ထံမှ သိရသည်။

တကောင်းမြို့မှထွက်လာသည့် စစ်သား ၁၀ဦးခန့်ပါ စစ်ကောင်စီယာဉ်တစ်စီးနှင့် လက်နက် တင်လာသည့် ယာဉ်တစ်စီးတို့ကို ပဒေသာမိုင်း ခြောက်လုံးဖြင့် ယမန်နေ့ စက်တင်ဘာလ ၁၁ရက်နေ့ နေ့လယ် ၁၂နာရီ ၃၀မိနစ်အချိန်ခန့်တွင် တကောင်းမြို့၏ တောင်ဘက် လေးမိုင်အကွာရှိ ဆင်ညှပ်ကုန်းရွာ ဝင်ပေါက်အနီးတွင် စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“နောက်ဆုံး တစ်စီးက စတင်းဂန်းပါတယ်၊ စတင်းဂန်းကားကို ဆွဲလိုက်တာ၊ ကားပျက်စီးတာတော့မရှိဘူး၊ မိုင်းမှာပါတဲ့ ကျည်ဆံ သံတိုသံစပေါ့၊ အဲ့ဒါတွေအများကြီးသုံးထားတော့ အကုန်လွင့်စင်ထွက်သွားပြီး ကားပေါ်ကကောင်တွေကိုမှန်တာ၊ တပ်တွင်းသတင်း ဒီမနက်ရရှိပါတယ်၊ နှစ်ယောက်သေတယ်တဲ့” ဟု တကောင်း PDF တပ်ဖွဲ့ဝင်က မဇ္စျိမကိုပြောသည်။

မိုင်းများကို အစီအစဉ်တကျ ထောင်ထားသော်လည်း မိုင်းကွင်းအတွင်းသို့ စစ်ကောင်စီကားနှစ်စီးအဝင်တွင် ပြည်သူကားတစ်စီး ကြားညှပ်ပါလာသဖြင့် စစ်ကောင်စီတပ်၏ နောက်ဆုံးကားကိုသာ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားများ အထိအခိုက် နည်းခဲ့ခြင်း ဖြစ် သည်ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှု အပြီးတွင် တွင်းငယ်ရွာရှိ စစ်ကောင်စီတပ်ရင်း(၁၃)မှ စစ်ကောင်စီတပ်သားများ ရောက်ရှိလာခဲ့ပြီး စစ်ကားများပေါ်မှ လက် နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကာ PDFတပ်ဖွဲ့ဝင်များ ထိခိုက်ခြင်းမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်တွင် ပြည်သူများအနေဖြင့် ဆင်ညှပ်ကုန်းရွာအဝင်အနီးသို့ သွားလာခြင်းများ ရှောင်ရှားကြရန် တကောင်း PDFက သတိပေးထား သည်။

ထို့အပြင် စစ်ကောင်စီ၏ စစ်ယာဉ်တန်းများနှင့် ကပ်၍ လိုက်ပါခြင်း မပြုကြရန်နှင့် တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာသိရှိပြီး သတ်မှတ်ချိန် ကျော်လွန်ကာ ကားလမ်းများ အသုံးပြုခြင်းများကို မပြုလုပ်ကြရန်လည်း ပြင်း ထန်စွာ သတိပေးထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s